• Follow Us on

Home မြိုင်မြို့နယ်၊ မြို့စိုး(မ)ရွာနေ မူလတန်းကျောင်းအုပ်ဆရာမ ၁ ဦးကို PDF အဖွဲ့မှ သတ်ဖြတ်

မြိုင်မြို့နယ်၊ မြို့စိုး(မ)ရွာနေ မူလတန်းကျောင်းအုပ်ဆရာမ ၁ ဦးကို PDF အဖွဲ့မှ သတ်ဖြတ်

Share this post

မြိုင်၊ မတ် ၁၇

 

မတ်လ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အလက-ခွဲ(ကမ္ဘားဖြူ) တွင် မူလတန်းကျောင်းအုပ်တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်မြင့်စိန်(ခ)ဒေါ်မြင့်မြင့်စိန်ကို PDF အဖွဲ့က လုပ်ကြံ သတ်ဖြတ်လိုက်သည်။

 

“ဆရာမက သူ့ရဲ့ ကျောင်းက လုံခြုံရေးအခြေအနေအရ ပိတ်ထားရတာ။ သူက သူ့ရဲ့ အမျိုးသားနေတဲ့ရွာမှာ ရှိနေတဲ့အချိန် လုပ်ကြံခံရတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လုပ်ကြံခံသည့် ကျောင်းဆရာမသည် ၎င်း၏ ကျောင်းအား နယ်မြေလုံခြုံရေးအခြေအနေအရ ကျောင်းပိတ်ထား ရသဖြင့် ခင်ပွန်းဖြစ်သူ၏ ဇာတိ မြိုင်မြို့နယ်၊ မြို့စိုးကျေးရွာအုပ်စု၊ မြို့စိုး(မ)ကျေးရွာ၌ နေထိုင်စဉ် PDF မှ လုပ် ကြံခဲ့ခြင်း ဖြစ်သည်။

 

(unicode)


…………………………

 


 


 


 



Share this post