• Follow Us on

Home မြိုင်မြို့နယ်၌ အမှိုက်ကောက်သည့် အသက် ၁၂ အရွယ်နှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံး

မြိုင်မြို့နယ်၌ အမှိုက်ကောက်သည့် အသက် ၁၂ အရွယ်နှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံး

Share this post

မကွေး၊ နိုဝင်ဘာ ၂၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြသီတာကန်ဘောင်ရှိ အမှိုက်ပုံးအတွင်း၌ စွန့်ပစ်ပစ္စည်းများကို ရှာဖွေခဲ့ သည့် အသက် ၁၂ အရွယ်နှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ(၅း၃၀)အချိန်က မြိုင်-ကိုင်းတောမလမ်းဘေး၊ မြသီတာကန်ဘောင်ရှိ အမှိုက်ပုံးအတွင်းမှ စွန့်ပစ်ပစ္စည်းများကို ရှာဖွေခဲ့သည့် အမှိုက်ကောက် ကလေးငယ်နှစ်ဦးသည် မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

 

ထို့အတူ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အနီးရှိ အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

 

“အမှိုက်ကောက်တဲ့ ကျားနှစ်ဦးဖြစ်ပါတယ်။ တစ်ဦးက အသက် ၇ နှစ် အမည်က ငြိမ်းချမ်းသာအောင်၊ နောက် တစ်ဦးက မောင်အောင်ထိုက် အသက် ၁၂ အရွယ်တို့ ဖြစ်ကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးသည် မြိုင်မြို့နယ်၌ နေထိုင်ပြီး စွန့်ပစ်ပစ္စည်းများကို လိုက်လံကောက်ယူပြီး ပြန်လည်ရောင်းချနေသည့် ကလေးငယ်များ ဖြစ်ကြပါတယ်။

 

#PeopleMedia #မြိုင်မြို့နယ် #အမှိုက်ကောက်သည့်ကလေးငယ်သေဆုံး

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post