• Follow Us on

Home မြိုင်မြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့်အတူ ဆရာတော်၏ ခမည်းတော်တို့ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံရ

မြိုင်မြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့်အတူ ဆရာတော်၏ ခမည်းတော်တို့ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံရ

Share this post

မကွေး၊ ဇန်နဝါရီ ၈ (People Media)

 

ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အကွာဆိတ်ဆင်းကျေးရွာအုပ်စု၊ ရွာ ကုန်းကျေးရွာ၊ မဟာနန္ဒီမကျည်းဘောကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်တို့၏ ခမည်း တော်တို့သည် တူမီးသေနတ်များဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

“လုပ်ကြံခံရတဲ့ ဆရာတော်က ကျောင်းထိုင်ဆရာတော်ပါ။ ဆရာတော်နှင့်အတူ ဖခင်ဖြစ်သူတို့က တူမီးသေ နတ်နဲ့ ဦးခေါင်းကို ပစ်ခတ်လုပ်ကြံခဲ့တာပါ။ တော်တော် စိတ်ထိခိုက်ရပါတယ်။ ဆရာတော်တွေက နိုင်ငံရေး ကင်းရှင်းပါတယ်။” လို့ ဒေသခံရွာသားတစ်ဦးက People Media ကို ဆက်သွယ်ပြောဆိုသည်။

 

လုပ်ကြံခံရ၍ ပျံလွန်တော်မူသည့် ကျောင်းထိုင်ဆရာတော်သည် ကျေးရွာ လူထုနှင့် သင့်မြတ်သောဆရာ တော်ဖြစ်သလို ပါတီနိုင်ငံရေးကင်းရှင်းသော ဆရာတော်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများက ဆိုသည်။

 

လက်ရှိအချိန်၌ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များနှင့် ဆရာတော်သံဃာတော်များ လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိသည်။

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းလျက်ရှိသည်။

 

#PeopleMedia #မြိုင်မြို့နယ်

 

(unicode)


………………………………………………

 


 


 


 


 


 


 



Share this post