• Follow Us on

Home မြိုင်မြို့နယ်၌ PDF အဖွဲ့များကို ငွေကြေးထောက်ပံ့ခြင်း၊ PDF အဖွဲ့များထံ သတင်းပေးခြင်းများ ဆောင်ရွက် သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

မြိုင်မြို့နယ်၌ PDF အဖွဲ့များကို ငွေကြေးထောက်ပံ့ခြင်း၊ PDF အဖွဲ့များထံ သတင်းပေးခြင်းများ ဆောင်ရွက် သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

Share this post

မြိုင်၊ မတ် ၈

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အဖွဲ့များကို ငွေကြေးထောက်ပံ့ခြင်း၊ PDF အဖွဲ့များထံ သတင်းပေး ခြင်းများ ဆောင်ရွက်သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခ့ရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက PDF အဖွဲ့များထံ ငွေကြေးကောက်ခံပြီး လှူဒါန်းမှုပြုလုပ်သော မြိုင်မြို့နယ်၊ ကုန်းစင်ရွာ၌ နေထိုင်သည့် မင်းဇော်ဦး၊ ပန်းတိုင်းတော(န)ရွာ၌ နေထိုင်သည့် ရန်ကုန်တို့ ဖမ်းဆီး ခံခဲ့ရသည်။

 

“ဖြစ်စဉ်မှန်ပါတယ်။ သူတို့က လူမှုကွန်ရက်မှာ PDF တွေကို ငွေကြေးထောက်ပံ့ဖို့ လှုံ့ဆော်နေသလို ကိုယ်တိုင် လည်း ငွေကြေးထောက်ပံ့ခြင်း၊ လုံခြုံရေးအဖွဲ့များ၏ ယာဉ်တန်းများကို PDF အဖွဲ့ထံ ဆက်သွယ်သတင်းပို့နေ တဲ့သူတွေဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ရေစကြို၊ မြိုင်၊ ပေါက်မြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းဆဲဖြစ်သည့် နယ်မြေများဖြစ်သည်။

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 


 

#PeopleMedia


Share this post