• Follow Us on

Home မြိုင်မြို့နယ် ထူးမ(အနောက်) ကျေးရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခံရ

မြိုင်မြို့နယ် ထူးမ(အနောက်) ကျေးရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခံရ

Share this post

မကွေး၊ ဖေဖော်ဝါရီ ၁၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရာသစ်ဗျကျေးရွာအုပ်စု၊ ထူးမ(အနောက်) ကျေးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းအား ခံ ရကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ရာသစ်ဗျကျေးရွာအုပ်စု၊ ထူးမ(အနောက်) ကျေးရွာနေထိုင်သူ အမျိုးသားတစ်ဦးသည် ခရီးသွားရာမှ နေအိမ်သို့ ပြန်လာစဉ် အိမ်သို့ ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေသည့်အတွက် ရှာဖွေရာတွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

“နေပြည်တော်ကနေ အိမ်ကိုပြန်လာတာ အိမ်ကိုမရောက်ပဲ လမ်းမှာတင်ပဲ ပျောက်လို့ လိုက်ရှာတဲ့အခါမှာ သူနေတဲ့ ရွာနဲ့သိပ်မဝေးတဲ့ကျေးရွာ လမ်းခွဲလေးမှာ ဦးခေါင်းတစ်ခုလုံးကျေမွနေတဲ့ အနေအထားနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်” ဒေသခံတစ်ဦးကပြောပါတယ်။

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များ နေ့စဉ်ဖြစ်ပေါ်နေ လျက်ရှိပါတယ်။

 

#PeopleMedia #မကွေး #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post