• Follow Us on

Home မြိုင်မြို့နယ် မုံညှင်းကျေးရွာတွင် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးတိုင်များကို တောလမ်းမှ စိုက်ထူနေ ခြင်းကြောင့် ဒေသခံများကန့်ကွက်ဆန္ဒပြ

မြိုင်မြို့နယ် မုံညှင်းကျေးရွာတွင် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးတိုင်များကို တောလမ်းမှ စိုက်ထူနေ ခြင်းကြောင့် ဒေသခံများကန့်ကွက်ဆန္ဒပြ

Share this post

မုံရွာ၊ ဇန်နဝါရီ – ၁၅ (People Media)
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ချောင်းဆုံအုပ်စု မုံညှင်းကျေးရွာတွင် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီး တိုင်များကို တောလမ်းမှ စိုက်ထူနေခြင်းကြောင့် ဒေသခံများက ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက မြိုင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် မုံညှင်းကျေးရွာမှ ဒေသခံ ၂၉ ဦးအား မြိုင်မြို့နယ် လျှပ်စစ်ရုံးရှေ့မှစတင်ခဲ့ပြီး မြိုင်-ပခုက္ကူကားလမ်းမအတိုင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“၇.၅မိုင်နဲ့ကားလမ်းမကြီးကနေပြီးတော့ လေးရွာစလုံးမီးမလင်းဘူးဟု လိမ်ညာထားတဲ့အတွက် အထောက်အ ထားတွေလဲရှိတယ်။ အဲဒီအတွက် ပြန်ပြီးတိုင်းခိုင်းတယ်။ တိုင်းလို့မရဘူးဆိုတဲ့ဟာမျိုးနဲ့ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ကပြောတယ်။ ကျွန်တော်တို့ပြည်သူကိုညှာရင် အစိုးရကိုညာသလိုပဲဆိုပြီးတော့ ဆန္ဒထုတ် ဖော်တာပါ။ ပထမသူတို့ကဖွံ့ဖြိုးရေးကားလမ်းမကြီးကနေ Servace ဝင်တယ်။ Servace တိုင်တယ်။ ဂိုးတိုင် တွေစိုက်တယ်။ ၅.၈မိုင် သံဘိုကြီးကနေ မုံညှင်းရွာအထိ ၅.၈ မိုင်ပဲရှိတယ်။ သံဘိုကြီးကနေ လေးရွာစလုံး အရောက်ဆိုရင် မုံညှင်းရွာမှာ ထန်စပွန်မာ၊ ချောင်းဆုံ၊ ဌက်သိုက် အဲဒီရွာလေးရွာအထိကို ၇.၅ မိုင်ဟာ အစွန်း စွန်းပိုသေးတယ်။ အဲဒါမုံညှင်းရွာရောက်ခါနီး ၃ ဖာလုံအလိုမှာ ၇.၅ မိုင် ကုန်ဆုံးသွားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသက်နိုင်ကပြောထားတာတွေ အထောက်အထားရှိပါတယ်” ဟု မုံညှင်းကျေးရွာ ဒေသခံ ဦးကျော်ခိုင်ဝင်းက ပြောသည်။
ဆန္ဒပြရာတွင် လျှပ်စစ်မီးကို ကျေးရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်း သွယ်တန်းရေး(ဒို့အရေး)၊ လျှပ်စစ်မီးနှင့် ပတ်သတ်၍ လိမ်ညာမှုများ ဖော်ထုတ်ပေးရေး(ဒို့အရေး)၊ ပြည်သူလူထုအပေါ် ဦးစားပေးရေး(ဒို့အရေး)၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး(ဒို့အရေး)၊ တားမြစ်မှုများဖြေရှင်းရေး(ဒို့အရေး)စသည့်အချက်များကို ဗီနိုင်းများကိုင် ဆောင်၍ စီတန်းလှည့်လည် ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။
ချောင်းဆုံအုပ်စုတွင် ကျေးရွာမီးလင်းရေးအတွက် တိုင်းဒေသကြီးအစိုးရမှ သိန်း ၁၄၅၀ ဖြင့် တိုင်းလွှတ်တော်မှ သိန်း ၇၅၀ ဖြင့် ၂၀၁၉ ခုနှစ်က မီးကြိုးသွယ်တန်းမှု ၇.၅ မိုင်ချပေးထားကြောင်း သိရပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ စတင်အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာကတော့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီးတော့ ဖြစ်တာပါ။ ကျွန်တော်အနေနဲ့ ဘာမှမပြောချင်ဘူး။ သူတို့က လဲ သူတို့နားလည်သလိုပြောတာ။ ကျွန်တော်တို့ကလဲ ဒီရွာတွေမီးလင်းချင်ကြတာပဲသိတာ။ ဘယ်ကဆွဲ၊ ညာကဆွဲဆိုတာကတော့ လျှပ်စစ်ကပညာရှင်တွေလုပ်ကြတဲ့အပိုင်းပါ။ ကျွန်တော်တို့ကတော့ ဘယ်ရွာတွေကို မီးလင်းအောင်လုပ်ပါ။ အဲဒီအတွက်လိုအပ်တဲ့ရန်ပုံငွေကို ကျွန်တော်တို့ကလွှတ်တော်ကနေတင်ပြတောင်းတယ်။ ဒါပဲလုပ်တာ။ မီးလင်းဖို့၊ မလင်းဖို့ ၊ဘယ်လမ်းကသွားတယ်။ တောလမ်းကသွားတယ်။ မြို့လမ်းကသွားတယ်။ ဒါကပညာရှင်တွေအပိုင်းဖြစ်သွားပြီ။ မီးလင်းရေးလုပ်တာ ၄ ရွာမှာ သုံးရွာပြီးပြီ။ မုံညှင်းရွာက မီးလင်းဖို့ ရွာလည် ခေါင်မှာ ထန်စပွန်မာထိုင်ထားတာ။ အဲဒီဟာကို ၁၁လိုင်းဝင်ရမှာကိုး သူတို့ကရွာထဲအဝင်မခံတာ။ သူတို့ ကြိုက်တဲ့ လမ်းကမလာလို့ အဝင်မခံတာ။ ၄ ရွာလုပ်တာ။ ၃ ရွာက ပြီးလို့ မီးလွှတ်ထားပြီးပြီ။ သုံးစွဲနေကြပြီ။ အဲဒီမုံညှင်းရွာက အဝင်မခံတော့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက နိုင်ငံတော်စီမံကိန်း အနှောက်အယက်လုပ် တယ်ဆိုပြီး တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ဒေသခံ ၇ ယောက်ကို တရားစွဲထားတယ်လို့ သိရတယ်” ဟု မြိုင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ကပြောသည်။
ချောင်းဆုံကျေးရွာအုပ်စုတွင် ချောင်းဆုံ၊ မုံညှင်း၊ ဇီးဖြူစားကျင်းနှင့် ဌက်သိုက်ဆိုသည့် ကျေးရွာ ၄ ရွာရှိရာ လျှပ်စစ်မီးလင်းရေးအတွက် သံဘိုကြီးကျေးရွာမှတဆင့် သွယ်တန်းရယူရခြင်းဖြစ်ပြီး ‌ကျေးရွာ ၃ ရွာမှာ လျှပ်စစ်မီးသွယ်တန်းရရှိနေပြီဖြစ်သော်လည်း မုံညှင်းရွာမှာတော့ ကန့်ကွက်မှုများကြောင့် လျှပ်စစ်မီးသွယ်တန်းမှုမပြီးဆုံးသေးကြောင်း သိရသည်။
သူရိယထက်
#PeopleMedia # မြိုင်မြို့ #ကျေးရွာမီးလင်းရေး
(unicode)
………………………………………………………


Share this post