• Follow Us on

Home မြောင်မြို့၌ ဆရာတော်တစ်ပါးကို အမည်မသိလက်နက်ကိုင်များက ကျောင်းတိုက်မှ အပြင်သို့ခေါ်ထုတ်ပြီး နောက် သုဿန်၌ မီးရှို့သတ်ဖြတ်

မြောင်မြို့၌ ဆရာတော်တစ်ပါးကို အမည်မသိလက်နက်ကိုင်များက ကျောင်းတိုက်မှ အပြင်သို့ခေါ်ထုတ်ပြီး နောက် သုဿန်၌ မီးရှို့သတ်ဖြတ်

Share this post

Open photo

မုံရွာ၊ နိုဝင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဘူးကိုင်းရွာ၊ ဘူးကိုင်းရွာကျောင်းသစ်တိုက်၌ သတင်းသုံးနေထိုင်သည့် ဆရာတော် ဥူးပိတ္တကို အမည်မသိလက်နက်ကိုင်အဖွဲ့က ကျောင်းတိုက်မှ အပြင်သို့ ဆရာတော်ကို ခေါ်ထုတ် ပြီး သုဿန်၌ မီးရှို့သတ်ဖြတ်လုပ်ကြံခဲ့ကြောင်း ဒေသခံအချို့က People Media ကို ပြောပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့မှ မြောင်မြို့နယ် ဘူးကိုင်းကျေးရွာ ကျောင်းသစ်၌ သီတင်းသုံးနေသည့် ဆရာတော်ကို သုဿန်၌ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

 

“ဟုက်တယ်အသတ်ခံရတာ။ ညကဝင်ဖမ်းတာ။ ကျောင်းထဲကနေ ခေါ်ထုတ်ပြီး သချိုင်းမှာ သတ်ပြီးမီးရှို့ခဲ့တယ်” လို့ ဒေသခံတစ်ဦးမှ သိရပါတယ်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်သတင်းထောက်ခံသူများ ဒလံဟုယူဆခံရသူများ ဆရာတော်များ လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရပါတယ်။

 

Photo – Credit

 

#PeopleMedia #မြောင်မြို့ #ဆရာတော်ဥူးပိတ္တ

 

 

(unicode)


………………………………………………………

 

 


 

 


 

 


 

 


 

 


 

 

Photo – Credit

 

 

#PeopleMedia #မွောငျမွို့ #ဆရာတောျဥူးပိတ်တ


Share this post