• Follow Us on

Home မြိုင်မြို့ ဆူးဝင်းကျေးရွာတွင် အိမ်ရှင်ကို သေနတ်ဖြင့် ပစ်ခတ်ကာ ကျပ်သိန်း ၇၀၀ ဓားပြတိုက်လုယူမှုဖြစ်ပွား

မြိုင်မြို့ ဆူးဝင်းကျေးရွာတွင် အိမ်ရှင်ကို သေနတ်ဖြင့် ပစ်ခတ်ကာ ကျပ်သိန်း ၇၀၀ ဓားပြတိုက်လုယူမှုဖြစ်ပွား

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာတွင် သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းအချိန်တွင် အိမ်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး ကျပ်သိန်း ၇၀၀ ဓားပြတိုက်လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဆူးဝင်းကျေးရွာ အရှေ့ပိုင်းနေသူ ဦးမျိုးထွန်းသည် မိသားစုနှင့်အတူ အိပ်နေစဉ် နေအိမ်အုတ်တံတိုင်း ပေါ်မှ သွပ်ဆူးကြိုးများကို ဖျက်ဆီးကာ အမည်မသိလူနှစ်ဦးမှ အိမ်တံခါးကိုဆွဲဖွင့်နေသဖြင့် အိမ်ရှင်မှမေးမြန်းရာ အဆိုပါ လူစိမ်းနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ဝင်ရောက်ကာ မီးခံသေတ္တာသော့ဖွင့်ခိုင်းပြီး သိမ်းဆည်းထားသည့် ငွေကျပ် သိန်း ၇၀၀ ယူသွားသည်ဟုဆိုသည်။

 

ထိုသို့သေနတ်ဖြင့်ပစ်ခတ်ရာ အိမ်ရှင်ဦးမျိုးထွန်းသည် တိမ်းရှောင်လိုက်သဖြင့် မေးရိုးသာရှပ်ထိဒဏ်ရာသာရရှိခဲ့ ပြီး ယင်းနေအိမ်ဝန်းကျင်တွင် LC-87 ကျည်ခွံတစ်ခုနှင့် ကျည်တစ်တောင့်တို့ကို ရဲဌာနမှ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


 


 


 


 


 

#PeopleMedia


Share this post