• Follow Us on

Home ၿမိတ္ၿမိဳ႕နယ္၌ သိန္းရာခ်ီ ေလာင္းေၾကးရွိသည့္ ၾကက္ဝုိင္းကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးျခင္းမရွိေၾကာင္း ေဒသခံမ်ား ေျပာဆုိ

ၿမိတ္ၿမိဳ႕နယ္၌ သိန္းရာခ်ီ ေလာင္းေၾကးရွိသည့္ ၾကက္ဝုိင္းကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးျခင္းမရွိေၾကာင္း ေဒသခံမ်ား ေျပာဆုိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တနသၤာရီတုိင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၌ သိန္းရာခ်ီေလာင္းေၾကးရွိသည့္ ၾကက္ဝုိင္းကုိ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီးေပးျခင္းမရွိေၾကာင္း ေဒသခံမ်ားက People Media သုိ႔ ဆက္သြယ္ေျပာဆုိသည္။ အဆုိပါ ၾကက္ဝုိင္းမ်ားကုိ ၿမိတ္ၿမိဳ႕နယ္၊ မရမ္းပင္ေခ်ာင္းေက်းရြာအပုိင္ သမုတ္ဦးေက်ာ္စိန္၊ သမုတ္ဦးေဝ ငယ္တုိ႔က ဦးေဆာင္၍ ၎တုိ႔၏ ၿခံအတြင္း၌ လူရာခ်ီ၍ ၾကက္ဝုိင္းက်င္းပလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆုိသည္။ “ရဲေတြက ၾကက္ဝုိင္းေတြကုိ မဖမ္းပါဘူး။ ေလာင္းေၾကးက သိန္းရာဂဏန္းကေန ေထာင္ခ်ီေပါက္ပါတယ္” လုိ႔ ေဒသခံတစ္ဦးက People Media ကုိ ေျပာသည္။ ဒီဇင္ဘာ(၁၂)ရက္၌ ၾကက္ဝုိင္းကုိ မရမ္းပင္ေခ်ာင္းေက်းရြာ ဦးျမင့္ေဆြ၏ ၿခံအတြင္း၌ က်င္းပေနေၾကာင္း ေဒသခံမ်ားက ဆုိသည္။ အဆုိပါ ၾကက္ဝုိင္းမ်ားကုိ တုိင္းေဒသႀကီးအစုိးရက စိစစ္၍ ၾကပ္မတ္စြာ အေရးယူေပးရန္ ေဒသခံမ်ားက ဆုိသည္။ Photo – ၾကက္ဝုိင္းက်င္းပေနမႈ(ေဒသခံမ်ားေပးပုိ႔သည့္ ဓါတ္ပုံ) #PeopleMedia #ၿမိတ္ၿမိဳ႕ #ၾကက္ဝုိင္း (unicode) မြိတ်မြို့နယ်၌ သိန်းရာချီ လောင်းကြေးရှိသည့် ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိကြောင်း ဒေသခံများ ပြောဆို
……………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ – ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ သိန်းရာချီလောင်းကြေးရှိသည့် ကြက်ဝိုင်းကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပေးခြင်းမရှိကြောင်း ဒေသခံများက People Media သို့ ဆက်သွယ်ပြောဆိုသည်။
 
အဆိုပါ ကြက်ဝိုင်းများကို မြိတ်မြို့နယ်၊ မရမ်းပင်ချောင်းကျေးရွာအပိုင် သမုတ်ဦးကျော်စိန်၊ သမုတ်ဦးဝေ ငယ်တို့က ဦးဆောင်၍ ၎င်းတို့၏ ခြံအတွင်း၌ လူရာချီ၍ ကြက်ဝိုင်းကျင်းပလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
 
“ရဲတွေက ကြက်ဝိုင်းတွေကို မဖမ်းပါဘူး။ လောင်းကြေးက သိန်းရာဂဏန်းကနေ ထောင်ချီပေါက်ပါတယ်” လို့ ဒေသခံတစ်ဦးက People Media ကို ပြောသည်။
 
ဒီဇင်ဘာ(၁၂)ရက်၌ ကြက်ဝိုင်းကို မရမ်းပင်ချောင်းကျေးရွာ ဦးမြင့်ဆွေ၏ ခြံအတွင်း၌ ကျင်းပနေကြောင်း ဒေသခံများက ဆိုသည်။
 
အဆိုပါ ကြက်ဝိုင်းများကို တိုင်းဒေသကြီးအစိုးရက စိစစ်၍ ကြပ်မတ်စွာ အရေးယူပေးရန် ဒေသခံများက ဆိုသည်။
 
Photo – ကြက်ဝိုင်းကျင်းပနေမှု(ဒေသခံများပေးပို့သည့် ဓါတ်ပုံ)
 
#PeopleMedia #မြိတ်မြို့ #ကြက်ဝိုင်း

Share this post