• Follow Us on

Home မြို့နယ်အချို့တွင်ရှိ MYTEL နှင့် Ooredoo ဆက်သွယ်ရေးတာဝါတိုင်အောက်ရှိ ထိန်းချုပ်ရေးစက်များ မီးရှို့ ဖျက်ဆီးခံရ

မြို့နယ်အချို့တွင်ရှိ MYTEL နှင့် Ooredoo ဆက်သွယ်ရေးတာဝါတိုင်အောက်ရှိ ထိန်းချုပ်ရေးစက်များ မီးရှို့ ဖျက်ဆီးခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

မြို့နယ်အချို့တွင်ရှိသော MYTEL တိုင်ဝါတိုင်နှင့် Ooredoo ဆက်သွယ်ရေးတာဝါတိုင်အောက်ရှိ ထိန်းချုပ်ရေး စက်ခန်းအား အမှိုက်များထည့်ကာ  မီးရှို့ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် နံနက်ခင်းအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း-ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ် ၁၅ မိုင် ၁ ဖာလုံအနီး လမ်း၏အရှေ့ဘက်တွင် စိုက်ထူထားသည့် Ooredoo စက်ပုံးသည် မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရပြီးနောက် စက်ပုံးအတွင်းရှိ စက်ပုံးနှင့် ကေဘယ်ကြိုးများ ပျက်စီးခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

အလားတူ စက်တင်ဘာ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေလျှံအနောက်ကျေးရွာရှိ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွင်းအတွင်း၌ စိုက်ထူထားသည့် MYTEL ဆက်သွယ်ရေးတာဝါတိုင် အောက်ရှိ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးရှိ့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

 

ထို့အပြင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာနေ ဦးကျော်စိုး၏ နေအိမ်ခြံအတွင်း စိုက်ထူထားသော Oored oo တာဝါတိုင်အနီးသို့ ဆိုင်ကယ် ၂ စီးဖြင့် လူ ၃ ဦးလိုက်ပါလာပြီး ၎င်းတို့ ၃ ဦးထဲမှ ၁ ဦးက တာဝါတိုင်အတွင်း ဝင်ရောက်ကာ ယူဆောင်လာသည့် ဓာတ်ဆီပုံးဖြင့် တာဝါတိုင်ထိန်းချုပ်ထုတ်လွှင့်ရေးစက်များထည့်ထားသည့် စက်ပုံးအား မီးရှို့၍ ထွက်ပြေးခဲ့ရာ ထိုကျေးရွာမှာရှိသည့် ပြည်သူများက မီးငြိမ်းသတ်ခဲ့ရာ မိနစ်အနည်းငယ် အတွင်း မီးငြိမ်းသွားခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါဖြစ်စဉ်၌ ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားချက်အရ သိရပါတယ်။

 

#PeopleMedia  #MYTEL #Ooredoo #မီးရှို့

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 



Share this post