• Follow Us on

Home မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြော ကြား

မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြော ကြား

Share this post

မန္တလေး၊ ဇန်နဝါရီ ၃၁ (People Media)

 

လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားလိုက်သည်။

 

ဇန်နဝါရီ ၂၉ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၂) ကို နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“လက်ရှိကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ပတ်သက်၍ “န-စ-က ဥက္ကဋ္ဌ ကပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၌ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

 

#PeopleMedia #Election

 

(unicode)


…………………………………………………..

 

မန်တလေး၊ ဇနျနဝါရီ ၃၁ (People Media)

 


 


 


 


 

#PeopleMedia #Election


Share this post