• Follow Us on

Home မြို့နယ် ၆ မြို့နယ်၌ မဲမသမာမှုဖြစ်နိုင်သည့် အရေအတွက် ၉ သောင်းကျော်ခန့်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်

မြို့နယ် ၆ မြို့နယ်၌ မဲမသမာမှုဖြစ်နိုင်သည့် အရေအတွက် ၉ သောင်းကျော်ခန့်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၆ ခု၌ မဲမသမာမှုဖြစ်နိုင်သည့် အရေအတွက် ၉ သောင်းကျော်ရှိနေကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်အရ မြို့နယ် ၆ ခုသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၂ မြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် (၁) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၁ မြို့နယ်၊ နေပြည်တော်ရှိ (၁) မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် (၁) မြို့နယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“အတက်နိုင်ဆုံးကတော့ ဖော်နေတယ် ရသလောက်တော့ ဖော်နေတယ်။ ဘယ်နေ့နောက်ဆုံးထားထုတ်ပြန်မ လဲဆိုတာကတော့ မရှိဘူး။ ပြီးရင်ပြီးသလို ထုတ်ပြန်သွားမယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်း ထွန်းဦးက ပြောသည်။
“တပ်မတော်နဲ့ ကျွန်တော်တို့က ရှာဖွေတွေ့ရှိတာကတော့ တူလိမ့်မယ်။ လုပ်တာကတော့ သီးခြားစီလုပ်တာ ဖြစ်တယ်”လို့ ဦးသိန်းထွန်းဦးက ဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ အငြင်း ပွားမှုများနှင့်ပတ်သက်၍ တပ်မတော်မှ မဲစာရင်းများကို စစ်ဆေးရာတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲမသမာမူဖြစ်နိုင်သည့် မဲစာရင်း ၇ သန်းကျော်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
#PeopleMedia #USDP #Election
(unicode)
………………………………………………………………….

Share this post