• Follow Us on

Home မြို့သစ်မြို့နယ်ရှိ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွယ်တန်းထားသည့် ကေဘယ်တိုင်နှစ်တိုင် ဗုံးခွဲဖျက်ဆီးခံရ

မြို့သစ်မြို့နယ်ရှိ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွယ်တန်းထားသည့် ကေဘယ်တိုင်နှစ်တိုင် ဗုံးခွဲဖျက်ဆီးခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇ (People Media)

 

မကွေးတိုင်း၊ မြို့သစ်မြို့နယ်ရှိ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွယ်တန်းထားသည့် ကေဘယ်တိုင် နှစ်တိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ PDF အဖွဲ့မှ ကြေညာထားသည်။

 

အဆိုပါကြေညာချက်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးရှိ တပ်မတော်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁၇) သို့ ဆက်သွယ်ထားသည့် 11 Line ကေဘယ်တိုင်နှစ်တိုင်ကို ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရေးသားထားသည်။

 

ဆက်လက်ပြီး ဗိဿနိုးနယ်မြေ PDF အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာ ရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ၎င်းတို့ အဖွဲ့မှ ဆိုသည်။

 

#PeopleMedia #မကွေး #PDF

 

(unicode)


……………………………………………………………………

 


 


 


 


 



Share this post