• Follow Us on

Home ၿမိဳ႕သစ္ၿမိဳ႕ရွိ ေလာင္းေၾကးျမင့္ ၾကက္ဝိုင္းကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုယ္တိုင္ဝင္ေရာက္ဖမ္းဆီးရာ ေမာင္းသူမဲ့ ဆိုင္ကယ္(၂၈)စီး ဖမ္းမိ .

ၿမိဳ႕သစ္ၿမိဳ႕ရွိ ေလာင္းေၾကးျမင့္ ၾကက္ဝိုင္းကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုယ္တိုင္ဝင္ေရာက္ဖမ္းဆီးရာ ေမာင္းသူမဲ့ ဆိုင္ကယ္(၂၈)စီး ဖမ္းမိ .

Share this post

မေကြး၊ ဒီဇင္ဘာ – ၁၂ (People Media)
မေကြးတိုင္းေဒသႀကီး၊ၿမိဳ႕သစ္ၿမိဳ႕၊တပ္ကုန္းေက်း႐ြာအုပ္စု၊ေပကုန္းေက်း႐ြာရွိ ေလာင္းေၾကးျမင့္ ၾကက္ဝိုင္းကို ယေန႕ ေန႕လယ္ပိုင္းက ဝင္ေရာက္ဖမ္းဆီးရာ ေလာင္းကစားျပဳ႕လုပ္သူမ်ားကို ဖမ္းဆီးနိုင္ျခင္းမရွိဘဲ ဆိုင္ကယ္(၂၈)စီးသာ ဖမ္းဆီးနိုင္ခဲ့သည္။ “ၾကက္တိုက္ေလာင္းကစားျပဳ႕လုပ္သူေတြအားလုံး ထြက္ေျပးတိမ္းေရွာင္သြားခဲ့တာျဖစ္ၾကၿပီး ဆိုင္ကယ္(၂၈)စီးကို ဖမ္းဆီးနိုင္ခဲ့တယ္လို႔”ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက ေျပာသည္။ ထို႔အတူ ထြက္ေျပးသြားသည့္ ေလာင္းကစားသမားမ်ား ဖမ္းဆီးနိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက ေျပာဆိုသည္။ အလားတူ ယေန႕ေန႕လယ္ပိုင္းက ၿမိဳင္ၿမိဳ႕နယ္ မွန္ကင္းေက်း႐ြာအုပ္စု အနီး၌ ေလးေကာင္ဂ်င္ဝိုင္းကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ လူ(၆)ဦး၊ဆိုင္ကယ္(၂၆)စီးႏွင့္က်ပ္သိန္း(၃၈)သိန္းေက်ာ္ကို ဖမ္းဆီးနိုင္ခဲ့သည္။ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိုက ျပည္သူမ်ားအေနျဖင့္ “စပါး၊ႏွမ္းေပၚလို႔ ေက်းလက္ေဒသ ေငြ႐ႊင္ခ်ိန္မွာ ေလာင္ကစားဝိုင္းေတြ မလုပ္ၾကဖို႔ “ ေမတၱာရပ္ခံထားသည္။
ကိုေပၚဦး(နတ္ေမာက္)
#PeopleMedia #ၿမိဳ႕သစ္ #ေလာင္းကစားဝိုင္း
[Unicode]
မြို့သစ်မြို့ရှိ လောင်းကြေးမြင့် ကြက်ဝိုင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးရာ မောင်းသူမဲ့ ဆိုင်ကယ်(၂၈)စီး ဖမ်းမိ ………………………………..
. မကွေး၊ ဒီဇင်ဘာ – ၁၂ (People Media) မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့၊တပ်ကုန်းကျေးရွာအုပ်စု၊ပေကုန်းကျေးရွာရှိ လောင်းကြေးမြင့် ကြက်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းက ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားပြု့လုပ်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ဆိုင်ကယ်(၂၈)စီးသာ ဖမ်းဆီးနိုင်ခဲ့သည်။ “ကြက်တိုက်လောင်းကစားပြု့လုပ်သူတွေအားလုံး ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ကြပြီး ဆိုင်ကယ်(၂၈)စီးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့”မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။ ထို့အတူ ထွက်ပြေးသွားသည့် လောင်းကစားသမားများ ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။ အလားတူ ယနေ့နေ့လယ်ပိုင်းက မြိုင်မြို့နယ် မှန်ကင်းကျေးရွာအုပ်စု အနီး၌ လေးကောင်ဂျင်ဝိုင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လူ(၆)ဦး၊ဆိုင်ကယ်(၂၆)စီးနှင့်ကျပ်သိန်း(၃၈)သိန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြည်သူများအနေဖြင့် “စပါး၊နှမ်းပေါ်လို့ ကျေးလက်ဒေသ ငွေရွှင်ချိန်မှာ လောင်ကစားဝိုင်းတွေ မလုပ်ကြဖို့ “ မေတ္တာရပ်ခံထားသည်။ ကိုပေါ်ဦး(နတ်မောက်)
#PeopleMedia #မြို့သစ် #လောင်းကစားဝိုင်း

Share this post