• Follow Us on

Home ၿမိဳ႕သာစက္မႈဥယ်ာဥ္အတြင္း ေဆးေျခာက္ပင္စိုက္ခင္းအမႈမွ အာမခံရရွိ ထားသူ ႏိုင္ငံျခားသားမွာ ဆက္သြယ္ မရျဖစ္ေန

ၿမိဳ႕သာစက္မႈဥယ်ာဥ္အတြင္း ေဆးေျခာက္ပင္စိုက္ခင္းအမႈမွ အာမခံရရွိ ထားသူ ႏိုင္ငံျခားသားမွာ ဆက္သြယ္ မရျဖစ္ေန

Share this post

မႏၲေလးတိုင္း ငါန္းဇြန္ၿမိဳ႕နယ္ရွိ ၿမိဳ႕သာစက္မႈဥယ်ာဥ္အတြင္း ဧက ၂၀ ခန္႔ရွိ ေဆးေျခာက္စိုက္ခင္းႏွင့္ ပတ္သက္ ၍ ႏိုင္ငံျခားသားတစ္ဦးႏွင့္ ႏိုင္ငံသား ၂ ဦးမွာ မူးယစ္ပုဒ္မျဖင့္ တရားရင္ဆိုင္ေနရဆဲျဖစ္ၿပီး က်န္းမာေရးအာမခံ ရရွိခဲ့သူ အေမရိကန္ႏိုင္ငံသား Mr.John Fredric Todoroki ဆက္သြယ္မရျဖစ္ေနေၾကာင္း တရားလြတ္ေတာ္ ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ဧၿပီလ ၂၂ ရက္ေန႔က ဖမ္းဆီးခံခဲ့ရၿပီးေနာက္ အမႈရင္ဆိုင္ေနရသူ အေမရိကန္ႏိုင္ငံသား ဂ်ပန္လူမ်ိဳး Mr.John Fredric Todoroki၊ ကိုရွိန္းလတ္ႏွင့္ မရႊန္းလဲ့ျမတ္ႏိုးတို႔ျဖစ္ၿပီး ႏိုင္ငံျခားသားမွာ ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၂၄ ရက္ေန႔က ေငြက်ပ္သိန္းသုံးေထာင္ျဖင့္ အာမခံရခဲ့သည္ဟုဆိုသည္။

”ပန္းလႈိင္ေဆး႐ုံတက္ေနခ်ိန္ထိ ဆက္သြယ္လို႔ ရခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာ ဆက္သြယ္ေတာ့မရဘူး။ စက္ပိတ္ ထားသည္ပဲျဖစ္ေနတယ္။ အမႈကေတာ့ ေရွ႕ဆက္သြားရမွာပါ”ဟု ၎ကေျပာသည္။

ယင္းကဲ့သို႔ ဆက္သြယ္မရျဖစ္ေနသည္မွာ ၃ လခန္႔ၾကာခဲ့ၿပီျဖစ္ၿပီး တရား႐ုံးသို႔ ဆက္သြယ္မရေၾကာင္း တင္ျပ ေလွ်ာက္ထားၿပီး ပါဝါ႐ုပ္သိမ္းရမည္ျဖစ္ေၾကာင္း၊ မႏၲေလးတိုင္းေဒသႀကီး တရားလြတ္ေတာ္သို႔ ဒီဇင္ဘာလ ဆန္းက အမႈတြဲေခ်ဖ်က္ခြင့္တင္ခဲ့ရာ ခြင့္မျပဳျခင္းေၾကာင့္ အမႈကို ျပန္လည္စစ္ေဆးရမည္ျဖစ္ၿပီး ႏိုင္ငံျခားသား အတြက္ အာမခံထားသူက အာမခံေၾကးေပးေလ်ာ္ရမည္ျဖစ္ေၾကာင္းသိရသည္။

“ေျပာခ်င္တာက ႏိုင္ငံျခားသားေတြ အကုန္ထြက္ေျပးသြားၿပီ။ ၂ ေယာက္က်န္ေသးတယ္။ ကိုယ့္ႏိုင္ငံသားေတြ က ပိုက္ေဘာမိက်န္ရစ္ခဲ့လို႔ သူတို႔အတြက္ ဆက္လက္ေဆာင္ရြက္ရမယ္”ဟု တရားလြတ္ေတာ္ ေရွ႕ေန ဦးသိန္းသန္းဦးဆက္ လက္ေျပာၾကားသည္။

မူးယစ္ပုဒ္မႏွင့္ ျမင္းၿခံခ႐ိုင္တရား႐ုံးတြင္ တရားရင္ဆိုင္ေနသည္မွာ ႐ုံးခ်ိန္း ၂၀ ခန္႔ရွိၿပီျဖစ္ၿပီး လာမည့္ ဇန္နဝါရီ ၁၃ ရက္ေန႔တြင္ ႐ုံးခ်ိန္းခ်ိန္းဆိုထားေၾကာင္းသိရသည္။

#PeopleMedia

(Unicode)
မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်ပင်စိုက်ခင်းအမှုမှ အာမခံရရှိ ထားသူ နိုင်ငံခြားသားမှာ ဆက်သွယ် မရဖြစ်နေ
……………………………………………………………

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်အတွင်း ဧက ၂၀ ခန့်ရှိ ဆေးခြောက်စိုက်ခင်းနှင့် ပတ်သက် ၍ နိုင်ငံခြားသားတစ်ဦးနှင့် နိုင်ငံသား ၂ ဦးမှာ မူးယစ်ပုဒ်မဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ကျန်းမာရေးအာမခံ ရရှိခဲ့သူ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki ဆက်သွယ်မရဖြစ်နေကြောင်း တရားလွတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် အမှုရင်ဆိုင်နေရသူ အမေရိကန်နိုင်ငံသား ဂျပန်လူမျိုး Mr.John Fredric Todoroki၊ ကိုရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့ဖြစ်ပြီး နိုင်ငံခြားသားမှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က ငွေကျပ်သိန်းသုံးထောင်ဖြင့် အာမခံရခဲ့သည်ဟုဆိုသည်။

”ပန်းလှိုင်ဆေးရုံတက်နေချိန်ထိ ဆက်သွယ်လို့ ရခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဆက်သွယ်တော့မရဘူး။ စက်ပိတ် ထားသည်ပဲဖြစ်နေတယ်။ အမှုကတော့ ရှေ့ဆက်သွားရမှာပါ”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ဆက်သွယ်မရဖြစ်နေသည်မှာ ၃ လခန့်ကြာခဲ့ပြီဖြစ်ပြီး တရားရုံးသို့ ဆက်သွယ်မရကြောင်း တင်ပြ လျှောက်ထားပြီး ပါဝါရုပ်သိမ်းရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွတ်တော်သို့ ဒီဇင်ဘာလ ဆန်းက အမှုတွဲချေဖျက်ခွင့်တင်ခဲ့ရာ ခွင့်မပြုခြင်းကြောင့် အမှုကို ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး နိုင်ငံခြားသား အတွက် အာမခံထားသူက အာမခံကြေးပေးလျော်ရမည်ဖြစ်ကြောင်းသိရသည်။

“ပြောချင်တာက နိုင်ငံခြားသားတွေ အကုန်ထွက်ပြေးသွားပြီ။ ၂ ယောက်ကျန်သေးတယ်။ ကိုယ့်နိုင်ငံသားတွေ က ပိုက်ဘောမိကျန်ရစ်ခဲ့လို့ သူတို့အတွက် ဆက်လက်ဆောင်ရွက်ရမယ်”ဟု တရားလွတ်တော် ရှေ့နေ ဦးသိန်းသန်းဦးဆက် လက်ပြောကြားသည်။

မူးယစ်ပုဒ်မနှင့် မြင်းခြံခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေသည်မှာ ရုံးချိန်း ၂၀ ခန့်ရှိပြီဖြစ်ပြီး လာမည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ရုံးချိန်းချိန်းဆိုထားကြောင်းသိရသည်။

#PeopleMedia


Share this post