• Follow Us on
Home ကြိုတင်မဲစာအိတ်များ ပွင့်နေခြင်းသည် မရိုးမသားလုပ်ရပ်ဖြစ်ကြောင်း မုံရွာဦးအောင်ရှင် (အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ-NLD၊ ဗဟိုပြန်ကြားရေးကော်မတီဝင်) ပြောဆို
Share this post
ကြိုတင်မဲစာအိတ်များ လုံခြုံမှုမရှိဘဲ စာအိတ်များ ပွင့်လျှက်ရှိနေသည့်ဖြစ်စဉ်သည် UEC နှင့် သက်ဆိုင်မှုရှိ/မရှိ နှင့်ပတ်သက်ပြီး People Media က NLD ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများ၏ သဘောထား များကို စုစည်းဖော်ပြလိုက်သည်။
#PeopleMedia #UEC #ကြိုတင်မဲ #2020election
(unicode)
ကြိုတင်မဲစာအိတ်များ ပွင့်နေခြင်းသည် မရိုးမသားလုပ်ရပ်ဖြစ်ကြောင်း မုံရွာဦးအောင်ရှင် (အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ-NLD၊ ဗဟိုပြန်ကြားရေးကော်မတီဝင်) ပြောဆို
………………………………………………………
ကြိုတင်မဲစာအိ်တ်များ လုံခြုံမှုမရှိဘဲ စာအိတ်များ ပွင့်လျှက်ရှိနေသည့်ဖြစ်စဉ်သည် UEC နှင့် သက်ဆိုင်မှုရှိ/မရှိ နှင့်ပတ်သက်ပြီး People Media က NLD ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများ၏ သဘောထား များကို စုစည်းဖော်ပြလိုက်သည်။
(unicode)
မုံရွာဦးအောင်ရှင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD၊ ဗဟိုပြန်ကြားရေးကော်မတီဝင်)
ကြိုတင်မဲစာအိတ်တွေပွင့်နေတဲ့ဟာက တကယ်တမ်းတော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့တော့ မကိုက်ညီဘူး။ ကြိုတင်မဲဆိုတာက အလုံပိတ်ရမယ်လေ။ နောက်ချိတ်ပိတ်ရမယ်။ အခုဟာက ချိတ်လည်းမပိတ်ဘူး၊ အလုံလည်းမပိတ်ဘဲနဲ့ ပွင့်နေတယ်ဆိုတော့ ဒီဟာက မရိုးမသားလုပ်တာလို့ သတ်မှတ်လို့ရတယ်။ မတော်တဆဖြစ်တယ်၊ မဖြစ်တယ်ဆိုတာထက်ပေါ့။ ဒါမျိုးကတော့ မဖြစ်သင့်ဘူး။ ကြိုတင်မဲဆိုတာက အရေးကြီးတယ်လေ။ ကိုယ်တိုင်လာထည့်တဲ့မဲထက် ပိုပြီးတော့ အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ အရင် ၂၀၁၀ မှာတုန်းကလည်း ဒီလိုကြိုတင်မဲပြဿနာတွေက တော်တော်လေး ဟိုလေးတကျော်ဖြစ်ခဲ့ တယ်ဆိုတော့လေ။ လူတွေက ဒီကြိုတင်မဲကိစ္စကို အာရုံစိုက်ပြီးတော့ လေ့လာနေကြတာလေ။ ကြိုတင်မဲက ဒီလိုမဖြစ်သင့်ဘူး။ ဒီလိုပေါ့ဆလို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပြောရရင် သံသယဖြစ်စရာရှိတယ်။ အဲဒါက ဒေသဆိုင်ရာကော်မရှင်မှာပဲ တာဝန်ရှိတယ်။ ကြိုတင်မဲမှာ ဒီလိုဖြစ်သွားတာတော့ ဘယ်နိုင်ငံရေးပါတီအတွက် ရယ်လို့တော့မပြောနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ ကြိုတင်မဲအိတ်ပွင့်တာတွေက ဘာအတွက်၊ ဘယ်ပါတီ အတွက် မသမာမှုလုပ်တယ်ဆိုတာ မသိနိုင်သလိုပဲ ပြောလို့တော့မရဘူး။
ဦးခင်မောင်ဆွေ(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ-NDF၊ ဥက္ကဋ္ဌ)
ကြိုတင်မဲအိတ်တွေ ဖွင့်တယ်၊ ပိတ်တယ်ဆိုတဲ့ကိစ္စရပ်မှာ မဲစာအိတ်ထဲထည့်ရင်တော့ စာအိတ်ပိတ်ရမှာပေါ့။ စာအိတ်ကိုဖွင့်ပေးတယ်ဆိုတာက ကော်မရှင်ရဲ့အစီအစဉ်ဆိုလို့ရှိရင် ကော်မရှင်မှာတာဝန်ရှိပါတယ်။ ပွင့်နေတဲ့ ကြိုတင်မဲတွေကို မသမာမှုရော၊ သမာမှုရော အသုံးပြုရအောင် နှစ်လမ်းသွားလုပ်ထားပေးတဲ့ကိစ္စရပ်ကိုက မသမာမှုဖြစ်အောင် စေ့ဆော်ပေးရာရောက်နေတဲ့အတွက် ဒီတာဝန်ကတော့ ကော်မရှင်က လုံးဝတာဝန်ယူရ မှာဖြစ်ပါတယ်။ ဒါကတော့ရှင်းပါတယ်။ ကျွန်တော်တို့မပြောချင်လို့ မပြောဘဲငြိမ်နေတာ။ ဒီကော်မရှင်ရဲ့လုပ်ရပ် တွေ အားလုံးဟာ အနိုင်ရပါတီဘက်ကို ဘက်လိုက်နေတယ်ဆိုတာက ဇူလိုင်လ ၁ ရက်နေ့ကစပြီး မဲဆွယ် သူများပါတီတွေမရှိခင်မှာ NLD ကို ဇူလိုင်လ ၁ ရက်နေ့ကစပြီးတော့ စည်းရုံးခွင့်ပေးတာတွေ နောက်ပြီးတော့ ပလက်ဝလို NLD နိုင်ထားတဲ့နေရာမှာ တိုက်ပွဲတွေအကြိမ်ပေါင်းများစွာဖြစ်ထားတာကို တပ်မတော်ဘက်က လုံခြုံရေးဘက်ကနေပြီးတော့ ၃၉ မြို့နယ်ထဲမှာ မထည့်တဲ့ဟာကို ပြန်ပြီးတော့လုပ်ချင်ပါတယ်ဆိုပြီးတော့ ကော်မရှင်ကတောင်းဆိုလိုက်တာ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာပါတာကို ကြည့်ခြင်းအားဖြင့် နောက်ရခိုင်မှာ ရခိုင်အမျိုးသားပါတီ အနိုင်ရရှိတဲ့နေရာတွေအားလုံးကို ပိတ်ပြီးတော့ ရမ်းပြဲတို့၊ ကျောက်ဖြူတို့၊ သူတို့နိုင်တဲ့နေရာတွေကို ချန်လှပ်ပေးထားတာတွေဟာ ဘက်လိုက်တာမဟုတ်ဘူးလားလို့ သူတို့ငြင်းမလား ဆိုရင် သူတို့မငြင်းနိုင်ပါဘူး။ ကော်မရှင်ကိုယ်တိုင်က ဘက်လိုက်နေပြီးတော့ ဒီပွဲကို ပြောချင်တာပြော ငါတို့ လုပ်ချင်ရာလုပ်တော့မယ်ဆိုပြီးတော့ ဇွတ်လုပ်နေတဲ့ အရှက်အကြောက်မဲ့စွာ နိုင်ငံရေးအရှက်အကြောက်မဲ့စွာ ဇွတ်လုပ်နေတဲ့အတွက် ကျွန်တော်တို့ ပါတီတွေအနေနဲ့ကတော့ ပြောလို့လည်း ဝေဖန်လို့လည်း အကြံပြု လို့လည်း နားထောင်တဲ့ကော်မရှင်မျိုးမဟုတ်တဲ့အတွက်ကြောင့် သူ့သမိုင်းကို သူရေးတာသည် ရေးပါစေတော့။ ဒီရွေးကောက်ပွဲဟာလည်းပဲ ပြည်သူ့ဆန္ဒအမှန်ကိုရဖို့အတွက် ရှောင်မနေတော့ပါဘူး။ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လေးစားတဲ့အနေနဲ့ ရွေးကောက်ပွဲဆီကိုတော့ လိုက်ပါသွားဖို့ပဲရှိပါတော့တယ်။ ပါတီတွေအနေနဲ့ကတော့ တိုင်းနဲ့ပြည်နယ်တွေတချို့မှာလည်း ဒေသဆိုင်ရာ ကော်မရှင်တွေ ရပ်ကွက်တွေအထိပေါ့၊ ကော်မရှင်တွေက လုပ်ပိုင်ခွင့်တွေပေးထားတော့ ဟိုရွာမှာတော့ ဒီလိုလုပ်၊ ဒီရွာမှာတော့ ဟိုလိုမလုပ်ရဘူးဆိုပြီးတော့ တားမြစ် သော်လည်းပဲ လူစုလူဝေးနဲ့သွားနေတဲ့ပါတီကြီးတွေရဲ့ နေ့စဉ် သွားနေတာကိုတွေ့ရတယ်။ နေပြည်တော် ဘက်မှာ တခြားပါတီတွေကို အ၀င်မခံဘဲနဲ့ NLD ပါတီဝင်သွားပြီးရင် ကျန်တာဝင်ခွင့်မရှိတော့ဘူး၊ ကျန်း မာရေးကြောင့် အကြောင်းပြချက်နဲ့ ပေးမ၀င်နဲ့ဆိုပြီးတော့ ဒေသဆိုင်ရာအာဏာပိုင်တွေကို NLD ပါတီက ပြောတယ်ဆိုတဲ့ မျက်မြင်လည်းရထားတယ်။ အဲဒီတော့ မသမာမှုနဲ့ သွားမယ့်ရွေးကောက်ပွဲကတော့ သိပ်ပြီးတော့ မျှော်လင့်စရာတော့မရှိဘူးပေါ့။ ဒါကို တာဝန်ရှိတဲ့အာဏာပိုင်အစိုးရအနေနဲ့ ကော်မရှင်ရဲ့ ဒီလိုပြန်မပြောနားမထောင် နိုင်ငံရေးသိက္ခာမဲ့စွာလုပ်နေတဲ့လုပ်ရပ်ကို တားမြစ်ခြင်းလည်းမရှိ၊ ဘာမှပြော ခြင်းမရှိတဲ့ ဒီရွေးကောက်ပွဲတစ်ခုကို ပြည်သူတွေဖြတ်သန်းရတော့မယ်။ ပြည်သူတွေဟာ မိမိတို့ဆန္ဒအမှန်ကို မပေးနိုင်ဘဲနဲ့ သွားရတော့မယ့် အလားလာကြီးကတော့ တော်တော်ကြီးကိုရှိနေပြီဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးအားလုံးရဲ့အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီပိုင်ခွင့် ငြိမ်းချမ်းရေးဆီကိုသွားတဲ့လမ်းမှာ နိုင်ငံရေး ယုံကြည်ချက်ဆိုတာတွေကို သတိမထားတော့ဘဲနဲ့ ပြည်နယ်တွေမှာလည်း ပိတ်ချင်တဲ့မြို့နယ်တွေကို ဇွတ်ပိတ်နေတာတွေ တွေ့ရတဲ့အတွက်ကြောင့် လုံခြုံရေးသတ်မှတ်ချက်အပြင် အခြားအကြောင်းပြချက်မ ရှိဘဲနဲ့ ကော်မရှင်ရဲ့လုပ်ရပ်တွေဟာ ဘယ်လိုမှကျွန်တော်တို့ လက်ခံနိုင်ခြင်းမရှိတော့ဘူး။ ဒါကိုကျွန်တော်တို့ အနေနဲ့ ကန့်ကွက်ပါတယ်လို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။
(unicode)
(unicode)
ဦးကျော်ဇေယျ(ပြည်သူ့ရှေ့ဆောင်ပါတီ-PPP၊ ဒုတိယဥက္ကဋ္ဌ)
တပ်က စာအိတ်ပေါက်တယ်ပေါ့။ အင်ဂျင်နီယာတပ်ရင်းက တွေ့တယ်ဆိုတော့ တာဝန်ရှိတဲ့သူတွေကို မေးကြည့်တော့ မသမာမှုတော့မဟုတ်ဘူး။ မသမာမှုလုံးဝမဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းမှားသွားတာပေါ့။ မှားသွားတယ်ဆိုတာကလည်း တကယ်တမ်းကျတော့ မြို့နယ် UEC ကလည်း သူတို့ကို စနစ်တကျမမှာဘူး ပေါ့။ အဓိကလိုအပ်ချက်က ကော်မပိတ်မိဘူးပေါ့။ ကြိုတင်မဲဆိုတာက ကြိုတင်မဲအရေအတွက်များလေ ကျွန်တော့်အမြင်မှတ်ချက်ပြောရရင် ဘယ်ကြိုတင်မဲပဲဖြစ်ဖြစ်၊ တပ်မတော်ကြိုတင်မဲပဲဖြစ်ဖြစ်၊ အသက် ၆၀ ကျော်ကြိုတင်မဲပဲဖြစ်ဖြစ်၊ နိုင်ငံခြားက ကြိုတင်မဲဖြစ်ဖြစ်၊ ကြိုတင်မဲပေးခွင့်ရလာပြီဆိုကတည်းကကို နောက်ဆက်တွဲက ပြဿနာတွေအများကြီးဖြစ်နိုင်တဲ့ဟာပဲ။ ကျွန်တော့်အတွေ့အကြုံအရပြောရမယ်ဆို ရင်လေ။ ဒီကြိုတင်မဲတွေကောက်မယ်ဆိုတော့ ကောက်တဲ့နေရာမှာလည်းပဲ ကိုယ်စားလှယ်ဆိုတာက တကယ့်ကို ငွေရေးကြေးရေးက စိစစ်ပြီးတော့ သုံးရတာ။ အဲဒီကြိုတင်မဲတွေကောက်တဲ့အတွက် ကျွန်တော် တို့ကိုယ်စားလှယ်တွေမှာက ကိုယ့်ရဲ့မဲရုံကိုယ်စားလှယ်ထပ်လိုပြန်ရော။ ငွေရေးကြေးရေးမတတ်နိုင်တဲ့ ကိုယ်စားလှယ်တွေက ဒီကြိုတင်မဲကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ တော်တော်လေး ဖိစီးမှုဖြစ်တယ်။ ဒါတွေကို စစ်တဲ့အခါကျလည်း လူကကိုယ့်ကို ကူညီတဲ့သူရှိရင်တော်သေးတယ်။ ကိုယ့်ထမင်းကိုယ်စားပြီးတော့ ဘယ်သူမှလည်း မကူညီဘူး။ ကြိုတင်မဲပေးတဲ့လူတွေများသည်နှင့်အမျှ ပြိုင်ပွဲဝင်တဲ့လွှတ်တော်ကိုယ်စား လှယ်လောင်းမှာလည်း အခက်အခဲအများကြီးတွေ့တယ်။ တကယ်တမ်းသေချာစိစစ်နိုင်မှ မှန်ကန်တဲ့မဲဖြစ်နိုင် မယ်၊ ကြိုတင်မဲဆိုတာက။ ခုဟာက UEC ရဲ့အားနည်းချက်ပဲ။ UEC အသစ်တွေပေါ့။ မြို့နယ်ကော်မရှင်အသစ် တွေ မြို့နယ်အလိုက်ခန့်တဲ့အခါမှာ အန်ကယ်က အဲဒီတုန်းက NLD ပါတီဝင်ပဲလေ။ အဲဒီတော့ ဘယ်လို လူတွေကို ခန့်ခဲ့လည်းဆိုတာကိုသိတယ်။ တကယ်တမ်း UEC မြို့နယ်ကိုယ်စားလှယ်တွေမှာ အားလုံးတော့ မဆိုလိုဘူး။ အရည်အချင်းရှိတဲ့သင့်တော်တဲ့သူရှိသလို၊ မသင့်တော်ဘဲနဲ့ ပါတီရဲ့စိတ်ကြိုက်ခန့်လိုက်တဲ့လူတွေ များတယ်။ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကတော့ အဆင်ပြေတာပေါ့။ မကျွမ်းကျင်တဲ့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌလို မြို့နယ်မျိုးကျတော့ ပြဿနာတွေက နောက်ဆက်တွဲဖြစ်လာဦးမှာပဲ။ ကြိုတင်မဲလည်းဖြစ်နိုင်တယ်။ နောက်ပြီး တော့ တကယ့်မဲပေးတဲ့နေ့မှာလည်း ဖြစ်နိုင်တယ်။ ကျွမ်းကျင်မှရမယ်။ တပ်ကကြိုတင်မဲစာအိတ်ပေါက်ခြင်း ကတော့ နိုင်ငံခြားကမဲတွေကတော့ ကျွန်တော်တို့မကြည့်ရသေးဘူး။ မသမာမှုတော့မဟုတ်ဘူး။ မသမာမှု မဟုတ်တဲ့အတွက် ဘယ်သူ့အတွက်အကျိုးရှိနိုင်လည်းဆိုတော့ ဒါတော့ ဘယ်သူမှပြောလို့မရဘူး။ တပ် ကိုယ်စားလှယ်က NLD က ကျွန်တော်တို့ကို ကန့်ကွက်တယ်တဲ့။ အဲဒီတပ်ကိုယ်စားလှယ်မဲက NLD လည်း ပါရင်ပါမှာပေါ့။ ဒါကမသမာမှုမဟုတ်ဘူး၊ ဒါကအားနည်းချက်ဖြစ်တယ်။ UEC နဲ့ အဲဒီတပ်က တာဝန်ခံနဲ့က နားလည်မှုတွေလွဲနေတယ်၊ ကျွမ်းကျင်မှုမရှိဘူး။ နောက်ဆက်တွဲလည်း ကြိုတင်မဲတွေများသည်နှင့်အမျှ နောက်ဆက်တွဲပြဿနာတွေက ထပ်ပြီး ဖြစ်လာဦးမယ်။ ကြိုတင်မဲတွေ များလာသည်နှင့်အမျှ ကိုယ်စားလှယ် လောင်းမှာလည်း ဝန်ပိတယ်ဆိုတာလေးကိုလည်း ကျွန်တော်မှတ်ချက်ပြုချင်ပါတယ်။
Share this post