• Follow Us on

Home ကြို့ပင်ကောက်မြို့နယ်၌ မိုင်းကွဲ၍  ဆရာတော်နှစ်ပါး မိုင်းစထိမှန် ဒဏ်ရာရ

ကြို့ပင်ကောက်မြို့နယ်၌ မိုင်းကွဲ၍  ဆရာတော်နှစ်ပါး မိုင်းစထိမှန် ဒဏ်ရာရ

Share this post

ပဲခူး၊ နိုဝင်ဘာ ၂၀ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးလမ်းဆုံအနီးတွင် ပေါက်ကွဲမှုဖြစ်ရာ ဆရာတော်နှစ်ပါးသည် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ဗောဓိရိပ်သာကျောင်းတိုက်မှ စာချ တန်းဆရာတော်တစ်ပါးနှင့် အလတ်တန်းဆရာတော်တစ်ပါးသည် ကြိုပင်ကောက်ဈေးလမ်းဆုံအနီးသို့ အ ရောက် လမ်းဘေးပလက်ဖောင်းမှ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

 

“မနက် ၈ နာရီ ၂၀ လောက်က ဖြစ်တာ တစ်ပါးကတော့ ခြေထောက်ထိသွားတယ်။ နောက်တစ်ပါးကတော့ ချက်အောက်ကို ထိသွားပါတယ်။ အခုကြိုပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံမှာတော့ တင်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် သံဃာတော်များ လုပ်ကြံခံရမှု ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါတယ်။

 

Photo – credit

 

#PeopleMedia #ကြို့ပင်ကောက် #သံဃာတော်

 

(unicode)


………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post