• Follow Us on

Home ကြို့ပင်ကောက်မြို့နယ် အရက်ဆိုင် ဖွင်လှစ်ရောင်းချသည့် လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံ ရ

ကြို့ပင်ကောက်မြို့နယ် အရက်ဆိုင် ဖွင်လှစ်ရောင်းချသည့် လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံ ရ

Share this post

ပဲခူး၊ ဒီဇင်ဘာ ၇ (People Media)

 

ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကျည်စုကျေးရွာ၌ အရက်ဆိုင် ဖွင်လှစ်ရောင်းချသည့် လင်မယားနှစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခ့ခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညပိုင်းအချိန်၌ အဆိုပါ လင်မယားနှစ်ဦးသည် နေအိမ်ရှိခုံတန်းလျားတွင် ထိုင်နေစဉ် သေနတ်နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

“ခုအသတ်ခံရတာက အုပ်ချုပ်ရေးမှူးမဟုက်ဘူး။ အရပ်သား ဇနီးမောင်နှံနှစ်ဦး အသတ်ခံရတာ။ သူတို့က လိုင်စင်ရ အရက်ဆိုင်လေးဖွင့်ပြီး လုပ်ကိုင်စားသောက်နေရတာ။ အသတ်ခံရတာက သူတို့အိမ်က ခုံတန်း လေးမှာ ထိုင်နေရင်းအသတ်ခံရတာ” လို့ ဒေသခံပြည်သူတစ်ဦးမှ သိရပါတယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်ထောက်ခံသူများ၊ ဒလံဟု ယူဆကြသူများ၊ ဆရာတော်များသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံရလျက်ရှိနေပါတယ်။

 

Photo – Credit

 

#PeopleMedia #ကြို့ပင်ကောက်မြို့

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post