• Follow Us on

Home ႏိုင္ငံတကာကစိုးရိမ္ေနေသာ္လည္း ဘာ႐ွန္ခ်ားကၽြန္းေပၚသို႔ ဘဂၤါလီမ်ားကို ေ႐ႊ႕ေျပာင္းမႈစတင္

ႏိုင္ငံတကာကစိုးရိမ္ေနေသာ္လည္း ဘာ႐ွန္ခ်ားကၽြန္းေပၚသို႔ ဘဂၤါလီမ်ားကို ေ႐ႊ႕ေျပာင္းမႈစတင္

Share this post

ဒါကာ၊ ဒီဇင္ဘာ ၄ (People Media)
 
ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႔မ်ားက စိုးရိမ္ေၾကာင္းေျပာေနေသာ္လည္း ၾကာသပေတးေန႔တြင္ ဘဂၤလားေဒ့႐ွ္အာဏာပိုင္မ်ားက ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ဘဂၤလားပင္လယ္ေအာ္အတြင္း႐ွိ ဘာ႐ွန္ခ်ားကၽြန္းသို႔ေ႐ႊ႕ေျပာင္းမႈစတင္ေနသည္။
 
ဘဂၤလားေဒ့႐ွ္အေနာက္ေတာင္ဘက္ကမ္း႐ိုးတန္းမွ ကီလိုမီတာ ၅၀ ၀န္းက်င္အကြာတြင္႐ွိေသာ ဘာ႐ွန္ခ်ားကၽြန္းသို႔ ဘဂၤါလီမိသားစု ၁၀၀ ခန္႔မွ လူ ၆၀၀ နီးပါးကို ပထမအသုတ္အေနျဖင့္ ေ႐ႊ႕ေျပာင္းေပးေနျခင္းျဖစ္သည္။
 
ေခ်ာ္တိုဂရမ္ၿမိဳ႕ကိုေရာက္႐ွိၿပီးေနာက္ ဘဂၤလားေဒ့႐ွ္ေရတပ္ႏွင့္ကမ္းေျခေစာင့္တပ္ဖြဲ႔တို႔၏ႀကီးၾကပ္မႈျဖင့္ ေရေၾကာင္းခရီးဆက္သြားမည္ဟု ဘဂၤလားေဒ့႐ွ္ဒုကၡသည္မ်ားေဘးဒုကၡေလ်ာ့ပါးေစေရးႏွင့္ ေနရပ္ျပန္ေရးမဟာမင္းႀကီး႐ံုးမွအရာ႐ွိႀကီးတေယာက္က အနာဒိုလူသတင္းေအဂ်င္စီကိုေျပာသည္။
 
ဘဂၤါလီ ၁ သိန္းကို ကၽြန္းေပၚတြင္ေနရာခ်ထားေပးရန္ျပင္ဆင္ထားေၾကာင္း ဘာ႐ွန္ခ်ားဘဂၤါလီစခန္းစီမံကိန္းၫႊန္ၾကားေရးမွဴးကေျပာသည္။
 
ေ႐ႊ႕ေျပာင္းေရးလုပ္ငန္းစဥ္မ်ားကို ဘဂၤါလီမ်ား၏စိတ္ဆႏၵျဖင့္သာေဆာင္႐ြက္သြားမည္ဟုလည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကထုတ္ျပန္ထားသည္။
 
ခိုင္လံုတိက်ၿပီး အခ်ိန္ႏွင့္တေျပးညီသတင္းအခ်က္အလက္မ်ားကိုအေျခခံကာ လြတ္လပ္စြာဆံုးျဖတ္ခြင့္ေပးသင့္ေၾကာင္း ဒါကာၿမိဳ႕႐ွိ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာကုလသမဂၢ႐ံုးက ဗုဒၶဟူးေန႔တြင္ထုတ္ျပန္သည္။
 
ေနရာေျပာင္းေ႐ႊ႕ရန္ျပင္ဆင္မႈႏွင့္ ဒုကၡသည္မ်ားကိုအေထာက္အထား႐ွာေဖြမႈတို႔တြင္ ပါ၀င္ခဲ့ျခင္းမ႐ွိေၾကာင္ႏွင့္ ေ႐ႊ႕ေျပာင္းမႈအေပၚ သတင္းအခ်က္အလက္အကန္႔အသတ္ျဖင့္သာရထားေၾကာင္း ကုလသမဂၢက ထုတ္ျပန္သည္။
 
Ref : Bangladesh starts Rohingya shift to island amid concerns
 
#PeopleMedia
 
(unicode)
နိုင်ငံတကာကစိုးရိမ်နေသော်လည်း ဘာရှန်ချားကျွန်းပေါ်သို့ ဘင်္ဂါလီများကို ရွှေ့ပြောင်းမှုစတင်
……………………………………………..
 
ဒါကာ၊ ဒီဇင်ဘာ ၄ (People Media)
 
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ကြောင်းပြောနေသော်လည်း ကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဘာရှန်ချားကျွန်းသို့ရွှေ့ပြောင်းမှုစတင်နေသည်။
 
ဘင်္ဂလားဒေ့ရှ်အနောက်တောင်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၅၀ ဝန်းကျင်အကွာတွင်ရှိသော ဘာရှန်ချားကျွန်းသို့ ဘင်္ဂါလီမိသားစု ၁၀၀ ခန့်မှ လူ ၆၀၀ နီးပါးကို ပထမအသုတ်အနေဖြင့် ရွှေ့ပြောင်းပေးနေခြင်းဖြစ်သည်။
 
ချော်တိုဂရမ်မြို့ကိုရောက်ရှိပြီးနောက် ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့်ကမ်းခြေစောင့်တပ်ဖွဲ့တို့၏ကြီးကြပ်မှုဖြင့် ရေကြောင်းခရီးဆက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များဘေးဒုက္ခလျော့ပါးစေရေးနှင့် နေရပ်ပြန်ရေးမဟာမင်းကြီးရုံးမှအရာရှိကြီးတယောက်က အနာဒိုလူသတင်းအေဂျင်စီကိုပြောသည်။
 
ဘင်္ဂါလီ ၁ သိန်းကို ကျွန်းပေါ်တွင်နေရာချထားပေးရန်ပြင်ဆင်ထားကြောင်း ဘာရှန်ချားဘင်္ဂါလီစခန်းစီမံကိန်းညွှန်ကြားရေးမှူးကပြောသည်။
 
ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များကို ဘင်္ဂါလီများ၏စိတ်ဆန္ဒဖြင့်သာဆောင်ရွက်သွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
 
ခိုင်လုံတိကျပြီး အချိန်နှင့်တပြေးညီသတင်းအချက်အလက်များကိုအခြေခံကာ လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးသင့်ကြောင်း ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။
 
နေရာပြောင်းရွှေ့ရန်ပြင်ဆင်မှုနှင့် ဒုက္ခသည်များကိုအထောက်အထားရှာဖွေမှုတို့တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်နှင့် ရွှေ့ပြောင်းမှုအပေါ် သတင်းအချက်အလက်အကန့်အသတ်ဖြင့်သာရထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
 
Ref : Bangladesh starts Rohingya shift to island amid concerns
 
#PeopleMedia

Share this post