• Follow Us on

Home ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံး(ICC) ႏွင့္ ပူးေပါင္းေဆာင္ရြက္စရာမရွိဟု ဖိလစ္ပိုင္သမၼတေျပာၾကား

ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံး(ICC) ႏွင့္ ပူးေပါင္းေဆာင္ရြက္စရာမရွိဟု ဖိလစ္ပိုင္သမၼတေျပာၾကား

Share this post

ဖိလစ္ပိုင္သမၼတ ဒူတာေတးက ႏုိင္ငံတကာရာဇ၀တ္ခံု႐ုံး(ICC) ႐ုံးနဲ႔ ပူးေပါင္းေဆာင္ရြက္စရာမရွိဘူးလို႔ ဒီဇင္ဘာ ၂၀ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဒူတာေတးက “က်ဳပ္ကို ႏုိင္ငံတကာတရားခံု႐ုံးက ေထာင္ခ်မယ္လို႔ လာၿခိမ္းေျခာက္လို႔မရပါဘူး။ လူျဖဴေတြ ေမးျမန္းတာေတြကိုလည္း ေျဖမွာမဟုတ္ပါဘူး” လို႔ စစ္ဘက္ဆိုင္ရာ သင္တန္းဆင္းပြဲတစ္ခုမွာ မိန္႔ခြန္းေျပာ ၾကားခ်ိန္ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီး ၄င္းရဲ႕ မူးယစ္တုိက္ဖ်က္ေရးစစ္ဆင္ေရးေတြကို လူသတ္မႈစြပ္စြဲခ်က္ေတြအတြက္ ICC က ေထာင္ခ်မယ္၊ ႀကိဳးေပးမယ္ဆို ေပးႏိုင္ၿပီး ၄င္းဟာ ဖိလစ္ပိုင္အတြက္သာ တာ၀န္ရွိသူျဖစ္လို႔ ဖိလစ္ပိုင္ကသာ စီရင္ဆံုးျဖတ္လိ္မ့္မယ္လို႔ ဒူတာေတးကေျပာပါတယ္။

ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံးဟာ လူေတြသတ္ျဖတ္မႈလို႔ စြပ္စြဲခံထားရတဲ့ ဒူတာေတးရဲ႕ မူးယစ္တိုက္ဖ်က္ေရး လုပ္ရပ္ေတြကို စံုစမ္းစစ္ေဆးမႈျပဳလုပ္ဖို႔ရွိမရွိဖို႔ ဆံုးျဖတ္ဖို႔ က်န္ရွိေနဆဲျဖစ္ပါတယ္။

Ref; CNA

#PeopleMedia

(Unicode)
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နှင့် ပူးပေါင်းဆောင်ရွက်စရာမရှိဟု ဖိလစ်ပိုင်သမ္မတပြောကြား
………………………………………………………

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရုံးနဲ့ ပူးပေါင်းဆောင်ရွက်စရာမရှိဘူးလို့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒူတာတေးက “ကျုပ်ကို နိုင်ငံတကာတရားခုံရုံးက ထောင်ချမယ်လို့ လာခြိမ်းခြောက်လို့မရပါဘူး။ လူဖြူတွေ မေးမြန်းတာတွေကိုလည်း ဖြေမှာမဟုတ်ပါဘူး” လို့ စစ်ဘက်ဆိုင်ရာ သင်တန်းဆင်းပွဲတစ်ခုမှာ မိန့်ခွန်းပြော ကြားချိန် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ၄င်းရဲ့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတွေကို လူသတ်မှုစွပ်စွဲချက်တွေအတွက် ICC က ထောင်ချမယ်၊ ကြိုးပေးမယ်ဆို ပေးနိုင်ပြီး ၄င်းဟာ ဖိလစ်ပိုင်အတွက်သာ တာဝန်ရှိသူဖြစ်လို့ ဖိလစ်ပိုင်ကသာ စီရင်ဆုံးဖြတ်လိ်မ့်မယ်လို့ ဒူတာတေးကပြောပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံးဟာ လူတွေသတ်ဖြတ်မှုလို့ စွပ်စွဲခံထားရတဲ့ ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေး လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ရှိမရှိဖို့ ဆုံးဖြတ်ဖို့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

Ref; CNA

#PeopleMedia


Share this post