• Follow Us on

Home ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံးက ဘဂၤါလီအေရး စံုစမ္းစစ္ေဆးရန္ အတည္ျပဳခ်က္ကို ျမန္မာႏုိင္ငံလက္မခံ

ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံးက ဘဂၤါလီအေရး စံုစမ္းစစ္ေဆးရန္ အတည္ျပဳခ်က္ကို ျမန္မာႏုိင္ငံလက္မခံ

Share this post

၂၀၁၇ ခုႏွစ္မွာ မူဆလင္လူမ်ိဳးစုေတြကို ျမန္မာတပ္မေတာ္က ႏွိပ္ကြပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ပတ္သက္ၿပီး အလံုးစံု စံုစမ္းစစ္ေဆးဖို႔ ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံးက အတည္ျပဳခဲ့တာဟာ ႏိုင္ငံတကာဥပေဒနဲ႔ ညီညြတ္မႈ မရွိဘူးလို႔ ျမန္မာႏုိင္ငံဘက္က တံု႔ျပန္လုိက္ပါတယ္။

ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံး ICC အေနနဲ႔ ျမန္မာႏိုင္ငံအေပၚ စံုစမ္းစစ္ေဆးမႈဟာ ႏိုင္ငံတကာဥပေဒနဲ႔ မညီတဲ့ အေၾကာင္း အစိုးရေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေသာၾကာေန႔မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လိုအပ္လာရင္ တာ၀န္ယူမႈတာ၀န္ခံမႈနဲ႔ အလြဲသံုးစားျပဳလုပ္မႈေတြကို ျမန္မာႏုိင္ငံက ေကာ္မတီေတြက စံုစမ္း စစ္ေဆးလိမ့္မယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။ ျမန္မာနဲ႔ အစိုးရက အခုကိစၥရပ္နဲ႔ ပတ္သက္ၿပီး ျငင္းပယ္ ထားတာမရွိသလို ဥေပကၡာျပဳထားတာလည္းမရွိဘူးလို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ေ၀ဖန္ေရးသမားေတြကေတာ့ ျပည္တြင္းအဖြဲ႕အစည္းေတြက အခ်ည္းႏွီးသက္သက္သာျဖစ္တယ္လို႔ ေျပာဆိုမႈေတြရွိေနပါတယ္။

Ref; CAN

#PeopleMedia

(Unicode)
နိုင်ငံတကာရာဇဝတ်ခုံရုံးက ဘင်္ဂါလီအရေး စုံစမ်းစစ်ဆေးရန် အတည်ပြု ချက်ကို မြန်မာနိုင်ငံလက်မခံ
……………………………………………………………

၂၀၁၇ ခုနှစ်မှာ မူဆလင်လူမျိုးစုတွေကို မြန်မာတပ်မတော်က နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အလုံးစုံ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံးက အတည်ပြုခဲ့တာဟာ နိုင်ငံတကာဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ မြန်မာနိုင်ငံဘက်က တုံ့ပြန်လိုက်ပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေနဲ့ မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီတဲ့ အကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လိုအပ်လာရင် တာဝန်ယူမှုတာဝန်ခံမှုနဲ့ အလွဲသုံးစားပြုလုပ်မှုတွေကို မြန်မာနိုင်ငံက ကော်မတီတွေက စုံစမ်း စစ်ဆေးလိမ့်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ မြန်မာနဲ့ အစိုးရက အခုကိစ္စရပ်နဲ့ ပတ်သက်ပြီး ငြင်းပယ် ထားတာမရှိသလို ဥပေက္ခာပြုထားတာလည်းမရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဝေဖန်ရေးသမားတွေကတော့ ပြည်တွင်းအဖွဲ့အစည်းတွေက အချည်းနှီးသက်သက်သာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

Ref; CAN

#PeopleMedia


Share this post