• Follow Us on

Home ႏိုင္ငံတကာႏွင့္ ေပါင္းသင္းဆက္ဆံမႈေကာင္းမြန္ၿပီး မွန္မွန္ကန္ကန္ျဖင့္ ဦးစီးဦးေဆာင္ႏိုင္သူမ်ားကို ဆင္ျခင္တုံ တရားျဖင့္ ေ႐ြးခ်ယ္ၾကရမည္ဟု တပ္ခ်ဳပ္ေျပာ

ႏိုင္ငံတကာႏွင့္ ေပါင္းသင္းဆက္ဆံမႈေကာင္းမြန္ၿပီး မွန္မွန္ကန္ကန္ျဖင့္ ဦးစီးဦးေဆာင္ႏိုင္သူမ်ားကို ဆင္ျခင္တုံ တရားျဖင့္ ေ႐ြးခ်ယ္ၾကရမည္ဟု တပ္ခ်ဳပ္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၃၀
 
ႏိုင္ငံတကာႏွင့္ ေပါင္းသင္းဆက္ဆံမႈ ေကာင္းမြန္ၿပီး မွန္မွန္ကန္ကန္ျဖင့္ ဦးစီးဦးေဆာင္ႏိုင္သူမ်ားကို ဆင္ျခင္တုံ တရားျဖင့္ ေ႐ြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။
 
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔ နံနက္ပိုင္းတြင္ အေနာက္ ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ေ႐ႊဘိုတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာ ၾကားစဥ္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။
 
“ႏိုင္ငံတိုင္းဟာ ၎တို႔ႏိုင္ငံ တိုးတက္ေရးအတြက္ တည္ေဆာက္လ်က္ရွိတဲ့အတြက္ မိမိေဒသနဲ႔ ႏိုင္ငံကို ဖြံ႕ၿဖိဳး တိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္မယ့္သူ၊ ႏိုင္ငံတကာနဲ႔ ေပါင္းသင္းဆက္ဆံမႈ ေကာင္းမြန္ၿပီး မွန္မွန္ကန္ကန္နဲ႔ ဦးစီးဦးေဆာင္ႏိုင္သူေတြကို ဆင္ျခင္တုံတရားနဲ႔ ေ႐ြးခ်ယ္ၾကရမွာျဖစ္တယ္”လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာပါတယ္။
 
မၾကာမီက်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး ျဖတ္သန္းလာခဲ့သည့္ အစိုးရ သက္တမ္း ႏွစ္ဆက္ကာလအတြင္း ေတြ႕ႀကဳံခဲ့ရသည္မ်ားကို သင္ခန္းစာယူကာ ခ်ိန္ထိုးစဥ္းစား ေ႐ြးခ်ယ္ၾကေစလိုေၾကာင္း ၎က ေျပာပါတယ္။
 
ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္မွ ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ရာတြင္လည္း စည္းကမ္း စနစ္တက်ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္မည္ျဖစ္ၿပီး ပညာတတ္မ်ားလည္း ေပါႂကြယ္၀ရန္အေရးႀကီးေၾကာင္း၊ အသိပညာျမင့္မားမွသာလွ်င္ ဆင္ျခင္တုံတရားျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး စည္းကမ္းျပည့္၀သည့္ ဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာေဖာ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
 
#PeopleMedia
 
(unicode)
နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ပြီး မှန်မှန်ကန်ကန်ဖြင့် ဦးစီးဦးဆောင်နိုင်သူများကို ဆင်ခြင်တုံ တရားဖြင့် ရွေးချယ်ကြရမည်ဟု တပ်ချုပ်ပြော
……………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၃၀
 
နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး မှန်မှန်ကန်ကန်ဖြင့် ဦးစီးဦးဆောင်နိုင်သူများကို ဆင်ခြင်တုံ တရားဖြင့် ရွေးချယ်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြော ကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
 
“နိုင်ငံတိုင်းဟာ ၎င်းတို့နိုင်ငံ တိုးတက်ရေးအတွက် တည်ဆောက်လျက်ရှိတဲ့အတွက် မိမိဒေသနဲ့ နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မယ့်သူ၊ နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး မှန်မှန်ကန်ကန်နဲ့ ဦးစီးဦးဆောင်နိုင်သူတွေကို ဆင်ခြင်တုံတရားနဲ့ ရွေးချယ်ကြရမှာဖြစ်တယ်”လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
 
မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဖြတ်သန်းလာခဲ့သည့် အစိုးရ သက်တမ်း နှစ်ဆက်ကာလအတွင်း တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူကာ ချိန်ထိုးစဉ်းစား ရွေးချယ်ကြစေလိုကြောင်း ၎င်းက ပြောပါတယ်။
 
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင်လည်း စည်းကမ်း စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး ပညာတတ်များလည်း ပေါကြွယ်ဝရန်အရေးကြီးကြောင်း၊ အသိပညာမြင့်မားမှသာလျှင် ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
#PeopleMedia

Share this post