• Follow Us on
Latest News

Home ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္အသံုးျပဳရန္ ထိုင္းဘုရင္၏ ပိုင္ဆိုင္မႈမ်ားစြန္႔လႊတ္ေရး ထိုင္းဆႏၵျပသူမ်ားေတာင္းဆို

ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္အသံုးျပဳရန္ ထိုင္းဘုရင္၏ ပိုင္ဆိုင္မႈမ်ားစြန္႔လႊတ္ေရး ထိုင္းဆႏၵျပသူမ်ားေတာင္းဆို

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၂၆

အေမရိကန္ေဒၚလာသန္းေပါင္းေသာင္းခ်ီသည့္ ပိုင္ဆိုင္မႈမ်ားကိုထိန္းခ်ဳပ္ထားျခင္း စြန္႔လႊတ္ရန္ ဗုဒၶဟူးေန႔တြင္ ထိုင္းဆႏၵျပသူေထာင္ခ်ီက ေတာင္းဆိုခဲ့သည္။

ထိုင္းေတာ္၀င္မိသားစုပိုင္ဆိုင္မႈမ်ားကိုစီမံခန္႔ခြဲသည့္ ေတာ္၀င္ပိုင္ဆိုင္မႈဗ်ဴ႐ိုတြင္ ဆႏၵျပရန္စီစဥ္ခဲ့သည္။

သို႔ေသာ္ ရဲမ်ားက အတားအဆီးမ်ားျပဳလုပ္ထားသျဖင့္ ထိုင္းဘုရင္က ႐ွယ္ယာ ၂၃ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားၿပီး အမ်ားဆံုး႐ွယ္ယာ႐ွင္ျဖစ္ေနသည့္ ဆိုင္ယမ္စီးပြားေရးဘဏ္(SCB) ႐ံုးခ်ဳပ္တြင္ဆႏၵျပခဲ့သည္။

ဆႏၵျပသူ ၈၀၀၀ ခန္႔ပါ၀င္သည္ဟု ရဲမ်ားက ခန္႔မွန္းထားသည္။ ဆႏၵျပပြဲမ်ားစတင္ခ်ိန္မွစတင္၍ ထိုင္းဘုရင့္နန္း ေတာ္ဘက္က တစံုတရာမွတ္ခ်က္မျပဳဘဲ အားလံုးကို တန္းတူေမတၱာထားေၾကာင္း မၾကာေသးမီက နန္း ေတာ္ကို ေထာက္ခံဆႏၵျပသူမ်ားႏွင့္ေတြ႕ဆံုရာတြင္ ထိုင္းဘုရင္ကေျပာသည္။

သို႔ေသာ္ မၾကာေသးမီအခ်ိန္က ထိုင္းေတာ္၀င္မိသားစုကိုေ၀ဖန္ပါက အမ်ားဆံုးေထာင္ဒဏ္ ၁၅ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေသာဥပေဒျဖင့္ ဆႏၵျပေခါင္းေဆာင္ ၁၅ ေယာက္ကို အမႈဖြင့္ထားသည္။

ဇူလိုင္လမွစတင္ၿပီး ေက်ာင္းသားမ်ား၊ လူငယ္မ်ားဦးေဆာင္သည့္ထိုင္းဆႏၵျပပြဲမ်ားတြင္ ထိုင္းဘုရင္စနစ္ျပဳျပင္ ေျပာင္းလဲေရး၊ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေရးတို႔ ေတာင္းဆိုေနသည္။

Ref : Thailand revives law banning criticism of king in bid to curb protests

#PeopleMedia

(unicode)
နိုင်ငံဖွံ့ဖြိုးရေးအတွက်အသုံးပြုရန် ထိုင်းဘုရင်၏ ပိုင်ဆိုင်မှုများစွန့်လွှတ်ရေး ထိုင်းဆန္ဒပြသူများတောင်းဆို
…………………………………………………………..

ဘန်ကောက်၊ နိုဝင်ဘာ ၂၆

အမေရိကန်ဒေါ်လာသန်းပေါင်းသောင်းချီသည့် ပိုင်ဆိုင်မှုများကိုထိန်းချုပ်ထားခြင်း စွန့်လွှတ်ရန် ဗုဒ္ဓဟူးနေ့တွင် ထိုင်းဆန္ဒပြသူထောင်ချီက တောင်းဆိုခဲ့သည်။

ထိုင်းတော်ဝင်မိသားစုပိုင်ဆိုင်မှုများကိုစီမံခန့်ခွဲသည့် တော်ဝင်ပိုင်ဆိုင်မှုဗျူရိုတွင် ဆန္ဒပြရန်စီစဉ်ခဲ့သည်။

သို့သော် ရဲများက အတားအဆီးများပြုလုပ်ထားသဖြင့် ထိုင်းဘုရင်က ရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အများဆုံးရှယ်ယာရှင်ဖြစ်နေသည့် ဆိုင်ယမ်စီးပွားရေးဘဏ်(SCB) ရုံးချုပ်တွင်ဆန္ဒပြခဲ့သည်။

ဆန္ဒပြသူ ၈၀၀၀ ခန့်ပါဝင်သည်ဟု ရဲများက ခန့်မှန်းထားသည်။ ဆန္ဒပြပွဲများစတင်ချိန်မှစတင်၍ ထိုင်းဘုရင့်နန်း တော်ဘက်က တစုံတရာမှတ်ချက်မပြုဘဲ အားလုံးကို တန်းတူမေတ္တာထားကြောင်း မကြာသေးမီက နန်း တော်ကို ထောက်ခံဆန္ဒပြသူများနှင့်တွေ့ဆုံရာတွင် ထိုင်းဘုရင်ကပြောသည်။

သို့သော် မကြာသေးမီအချိန်က ထိုင်းတော်ဝင်မိသားစုကိုဝေဖန်ပါက အများဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သောဥပဒေဖြင့် ဆန္ဒပြခေါင်းဆောင် ၁၅ ယောက်ကို အမှုဖွင့်ထားသည်။

ဇူလိုင်လမှစတင်ပြီး ကျောင်းသားများ၊ လူငယ်များဦးဆောင်သည့်ထိုင်းဆန္ဒပြပွဲများတွင် ထိုင်းဘုရင်စနစ်ပြုပြင် ပြောင်းလဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဝန်ကြီးချုပ်နုတ်ထွက်ရေးတို့ တောင်းဆိုနေသည်။

Ref : Thailand revives law banning criticism of king in bid to curb protests

#PeopleMedia


Share this post