• Follow Us on
Latest News

Home နိုင်ငံလူဦးရေ ကျဆင်းလာ၍ စစ်တပ်အင်အားလျှော့ချရန် တောင်ကိုရီးယားအစိုးရ စီစဉ်


Share this post






Ref; http://world.kbs.co.kr/

(unicode)
နိုင်ငံလူဦးရေ ကျဆင်းလာ၍ စစ်တပ်အင်အားလျှော့ချရန် တောင်ကို ရီးယားအစိုးရ စီစဉ်
…………………………………………………………

တောင်ကိုရီးယားနိုင်ငံဟာ လူဦးရေးကျဆင်းလာမှုပြဿနာကို ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင် အင်အားကို လျှော့ချဖို့ ကြိုးစားလာပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ၄င်းတို့ရဲ့ စစ်တပ်တပ်ဖွဲ့ဝင်အင်အားကို ၈၀,၀၀၀ ကနေ ၂ နှစ်အတွင်း ၅၀,၀၀၀ ကို လျှော့ချသွားဖို့စီစဉ်နေပြီဖြစ်ပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်အင်အားလျှော့လိုက်တဲ့နေရာမှာ စစ်လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းများ၊ ဂြိုလ်တုကင်း ထောင်ခြင်းနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာတွေနဲ့ ပြန်လည်ဖြည့်ဆည်းသွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ လက်ရှိ ၅၁.၇ သန်းကနေ ၂၀၆၇ ခုနှစ်မှာ သန်း ၄၀ အောက်ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ကျောင်းနေကလေးငယ်အရေအတွက် ကျဆင်းလာမှုကြောင့် ကျောင်းဆရာ၊ ဆရာမများလိုအပ်ချက်ပြဿနာကိုလည်း လာမယ့်နှစ်မှာ မူဝါဒများရေးဆွဲကာ ဖြေရှင်းသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Ref; http://world.kbs.co.kr/


Share this post