• Follow Us on

Home ႏိုင္ငံသားစီစစ္ေရးကတ္အတုတစ္ခုကို ေငြက်ပ္(၄)သိန္းႏွင့္ လုပ္ေပးသူမ်ားကိုဖမ္းဆီး

ႏိုင္ငံသားစီစစ္ေရးကတ္အတုတစ္ခုကို ေငြက်ပ္(၄)သိန္းႏွင့္ လုပ္ေပးသူမ်ားကိုဖမ္းဆီး

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၇

ႏိုင္ငံသားစီစစ္ေရးကတ္အတုတစ္ခုကို ေငြက်ပ္(၄)သိန္း ျပဳလုပ္ေပးသူမ်ားကို ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဉ္မွာ အမႈမွ တရားလို ဦးေဇာ္ေလး တကၠစီယာဉ္ေမာင္းမွာ လြန္ခဲ့သည့္ (၅)လခန္႔က ယာဉ္ဌားစီရာမွ ရင္းႏွီးသူ ကိုေဂါလီမွာ (လ၀က)ႏွင့္ (ကညန)မွ ၀န္ထမ္းမ်ားႏွင့္ ရင္းႏွီး၍ ႏိုင္ငံသားစီစစ္ေရးကတ္ႏွင့္ ယာဉ္ေမာင္းလိုင္စင္မ်ား အလြယ္တကူ ျပဳလုပ္ေပးႏိုင္ေၾကာင္း တစ္ခုလွ်င္ (၄)သိန္းက်ပ္ ကုန္က် မည္ျဖစ္ေၾကာင္း ေျပာဆိုၿပီး ပါလာသည့္အိတ္ထဲမွ ႏိုင္ငံသားစီစစ္ေရးကတ္ျပား(၂၀)ခန္႔ကို ဖြင့္ျပခဲ့သည္။

ထို႔ေနာက္ ဦးေဇာ္ေလးမွ ယုံၾကည္ၿပီး မွတ္ပုံတင္မရွိသည့္ သူ၏မိသားစု၀င္ (၃)ဦးအတြက္ (၁၂)သိန္းက်ပ္ကို ေပးေခ်ခဲ့သလို၊ ေနာက္တစ္ေန႔တြင္ မိတ္ေဆြ(၃)ဦးမွ ယာဉ္ေမာင္းလိုင္စင္(၃)ခု ျပဳလုပ္ရန္ (၁၂)သိန္းက်ပ္ကို ကိုေဂၚလီအား ထပ္မံေပးေခ်ခဲ့ရာ ဇြန္လ ၂၄ ရက္ေန႔တြင္ ရရွိမည္ျဖစ္ေၾကာင္းေျပာဆိုၿပီး ေရွာင္တိမ္းေနသျဖင့္ အေရးယူေပးပါရန္ သက္ဆိုင္ရာ ရဲစခန္းကို တိုင္တန္းခဲ့သည္။

အမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာ နယ္ေျမဒုရဲအုပ္ႏွင့္ အဖြဲ႕မွ လိုက္လံစုံစမ္းေဖာ္ခဲ့ရာ ေဂါလီအား ႏိုင္ငံ သားစီစစ္ေရးကတ္ ျပဳလုပ္ေပးရာတြင္ ပြဲစားလုပ္သူ ဦးမ်ိဳး၀င္း သိရွိေၾကာင္း သတင္းရ၍ စစ္ေဆးရာ ဦးေဂါလီမွာ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ႏိုင္းျမစ္လမ္းတြင္ ေနထိုင္ေၾကာင္း သိရွိရ၍ ဆက္လက္သြားေရာက္ ဖမ္းဆီးခဲ့သည္။

“သု၀ဏၰရဲစခန္းမွာ အမႈဖြင့္ထားတာပါ၊ တရားခံေတြ ဖမ္းဆီးရမိတာလည္း ဟုတ္ပါတယ္”သဃၤန္းကြၽန္းၿမိဳ႕ နယ္ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

သု၀ဏၰနယ္ေျမရဲစခန္းတြင္ (ပ)၇၁၂/ ၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ အမႈမွ ႏိုင္ငံသားစီစစ္ေရးကတ္ အတုျပဳလုပ္သူမ်ားကို ဥပေဒႏွင့္အညီ ဆက္လက္အေရးယူ ေဆာင္ရြက္လွ်က္ရွိသည္။

#PeopleMedia

(unicode)
နိုင်ငံသားစီစစ်ရေးကတ်အတုတစ်ခုကို ငွေကျပ်(၄)သိန်းနှင့် လုပ်ပေးသူများကိုဖမ်းဆီး
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ-၁၇

နိုင်ငံသားစီစစ်ရေးကတ်အတုတစ်ခုကို ငွေကျပ်(၄)သိန်း ပြုလုပ်ပေးသူများကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ အမှုမှ တရားလို ဦးဇော်လေး တက္ကစီယာဉ်မောင်းမှာ လွန်ခဲ့သည့် (၅)လခန့်က ယာဉ်ဌားစီရာမှ ရင်းနှီးသူ ကိုဂေါလီမှာ (လဝက)နှင့် (ကညန)မှ ဝန်ထမ်းများနှင့် ရင်းနှီး၍ နိုင်ငံသားစီစစ်ရေးကတ်နှင့် ယာဉ်မောင်းလိုင်စင်များ အလွယ်တကူ ပြုလုပ်ပေးနိုင်ကြောင်း တစ်ခုလျှင် (၄)သိန်းကျပ် ကုန်ကျ မည်ဖြစ်ကြောင်း ပြောဆိုပြီး ပါလာသည့်အိတ်ထဲမှ နိုင်ငံသားစီစစ်ရေးကတ်ပြား(၂၀)ခန့်ကို ဖွင့်ပြခဲ့သည်။

ထို့နောက် ဦးဇော်လေးမှ ယုံကြည်ပြီး မှတ်ပုံတင်မရှိသည့် သူ၏မိသားစုဝင် (၃)ဦးအတွက် (၁၂)သိန်းကျပ်ကို ပေးချေခဲ့သလို၊ နောက်တစ်နေ့တွင် မိတ်ဆွေ(၃)ဦးမှ ယာဉ်မောင်းလိုင်စင်(၃)ခု ပြုလုပ်ရန် (၁၂)သိန်းကျပ်ကို ကိုဂေါ်လီအား ထပ်မံပေးချေခဲ့ရာ ဇွန်လ ၂၄ ရက်နေ့တွင် ရရှိမည်ဖြစ်ကြောင်းပြောဆိုပြီး ရှောင်တိမ်းနေသဖြင့် အရေးယူပေးပါရန် သက်ဆိုင်ရာ ရဲစခန်းကို တိုင်တန်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေဒုရဲအုပ်နှင့် အဖွဲ့မှ လိုက်လံစုံစမ်းဖော်ခဲ့ရာ ဂေါလီအား နိုင်ငံ သားစီစစ်ရေးကတ် ပြုလုပ်ပေးရာတွင် ပွဲစားလုပ်သူ ဦးမျိုးဝင်း သိရှိကြောင်း သတင်းရ၍ စစ်ဆေးရာ ဦးဂေါလီမှာ ဒဂုံဆိပ်ကမ်းမြို့နယ် နိုင်းမြစ်လမ်းတွင် နေထိုင်ကြောင်း သိရှိရ၍ ဆက်လက်သွားရောက် ဖမ်းဆီးခဲ့သည်။

“သုဝဏ္ဏရဲစခန်းမှာ အမှုဖွင့်ထားတာပါ၊ တရားခံတွေ ဖမ်းဆီးရမိတာလည်း ဟုတ်ပါတယ်”သင်္ဃန်းကျွန်းမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သုဝဏ္ဏနယ်မြေရဲစခန်းတွင် (ပ)၇၁၂/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အမှုမှ နိုင်ငံသားစီစစ်ရေးကတ် အတုပြုလုပ်သူများကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိသည်။

#PeopleMedia


Share this post