• Follow Us on

Home နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်အနုပညာရှင်များအပေါ်ထားရှိသော စေတနာကိုသိမြင်ပြီး ရုပ်ရှင်ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးပြောကြား

နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်အနုပညာရှင်များအပေါ်ထားရှိသော စေတနာကိုသိမြင်ပြီး ရုပ်ရှင်ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးပြောကြား

Share this post

ရန်ကုန်၊ ဇွန် ၂၈

 

နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်အနုပညာရှင်များအပေါ်ထားရှိသော စေတနာကိုသိမြင်ပြီး ရုပ်ရှင်ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံ ကိန်းလျာထားမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ခြင်းဖြစ်သည်။

 

“အခု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်အထည်ဖော်မယ့် ရုပ်ရှင်မြို့တော်စီမံကိန်း မြန်မာ့ရုပ်ရှင်လော က ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အစိုးရက မျှော်မှန်းအကောင်အထည်ဖော်ပေးနေတာ ဖြစ် တယ်လို့ ဆိုနိုင်ပါတယ်၊ စီမံကိန်းကို လျာထားစဉ်းစားရာမှာ ဖြစ်နိုင်ခြေရှိတဲ့အပိုင်းက စတင်ပြီး ချဉ်းကပ်အ ကောင်အထည်ဖော်ဆောင်ရွက်စေလိုပါတယ်၊ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားနိုင်တဲ့အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတစ်ခုတည်းက ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းထက် ရုပ်ရှင်လုပ်ငန်းကို စိတ်ပါဝင်စားတဲ့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေနဲ့ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်နိုင်ရင် ပိုမိုအကျိုးရှိနိုင်မှာ ဖြစ်ပါတယ်၊ စီမံကိန်းမြေနေရာ ဟာ ရန်ကုန်မြို့နဲ့ မလှမ်းမဝေးမှာ တည်ရှိနေတဲ့အတွက် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေသာမက ပြည်သူတွေ အပန်းဖြေလုပ်ငန်းတွေနဲ့ ပါတွဲဖက်လုပ်ကိုင်နိုင်မယ်လို့ ထင်မြင်မိပါတယ်၊ ဘယ်လိုပဲဖြစ်ပါစေ နိုင်ငံတော် ဝန်ကြီးချုပ်က ရုပ်ရှင်အနုပညာရှင်တွေ အပေါ်ထားရှိတဲ့ စေတနာကိုသိမြင်ပြီး ရုပ်ရှင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရုပ်ရှင်လောကသားများ၏ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ချေးငွေများကို ထုတ်ပေး ဆောင်ရွက်ပေးနေသကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများကိုလည်း အကောင်အထည်ဖော်ပေး လျက်ရှိကြောင်း၊ ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post