• Follow Us on

Home နိုင်ငံတော်သမ္မတက ဒု-တပ်ချုပ်ကို သရေစည်သူဘွဲ့ ချီးမြင့်အပ်နှံ

နိုင်ငံတော်သမ္မတက ဒု-တပ်ချုပ်ကို သရေစည်သူဘွဲ့ ချီးမြင့်အပ်နှံ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို သရေစည်သူဘွဲ့ ချီးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။

အလားတူ အခြားသော တပ်မတော်အရာရှိကြီးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် တပ်မတော်အကြီးအကဲ (၁၀)ဦးကို နိုင်ငံတော်သမ္မတက စည်သူဘွဲ့ချီးမြှင့်လိုက်ပါတယ်။

ဇန်နဝါရီလ (၄) ရက်နေ့၌ ကျရောက်သည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့၌ နိုင်ငံတော်သမ္မတက ဆရာတော်သံဃာတော်ကြီးများကို ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။

ထို့အတူ နိုင်ငံတော်သမ္မတက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်ပုဂ္ဂိုလ်များကိုလည်း ဘွဲ့များ ချီးမြင့်လိုက်တာလည်း ဖြစ်ပါတယ်။

#PeopleMedia #နိုင်ငံတော်သမ္မတ #ဒုတပ်ချုပ်

(unicode)
………………………………………






#PeopleMedia #နိုငျငံတောျသမ်မတ #ဒုတပျခြုပျ


Share this post