• Follow Us on

Home နိုင်ငံတော်သမ္မတသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် မစ္စတာယန်ဂျီချီကို လက်ခံတွေ့ဆုံ


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၂





#PeopleMedia

(unicode)
နိုင်ငံတော်သမ္မတသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် မစ္စတာယန်ဂျီချီကို လက်ခံတွေ့ဆုံ
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၂

ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် မစ္စတာယန်ဂျီချီနှင့် စက်တင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော် သမ္မတ နန်းတော်ခန်းမတွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမရေး၊ ပညာရေးနှင့် ကုန်သွယ်မှု တို့တွင် နှစ်နိုင်ငံ၏စီမံကိန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှု၊ မြန်မာ- တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ၂၀၂၀ ခုနှစ် လူမှုရေးနှင့် လူများလဲလှယ်ရေး ပူးပေါင်းဆောင် ရွက်မှု ပိုမိုအားကောင်းစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် နှစ်နိုင်ငံအကြားနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ၊ ဦးကျော်တင် ၊ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်တို့ တက်ရောက်ခဲ့ကြပါသည်။

#PeopleMedia


Share this post