• Follow Us on

Home ႏိုင္ငံေတာ္သမၼတ ၫႊန္ၾကားခ်က္အား ခ်ိဳးေဖာက္၍ မႏၲေလးတကၠသိုလ္အတြင္း Food Court ေဆာက္လုပ္မႈ ေျဖရွင္းေပးရန္ ဝန္ႀကီးဌာန ၾကန္႔ၾကာေန

ႏိုင္ငံေတာ္သမၼတ ၫႊန္ၾကားခ်က္အား ခ်ိဳးေဖာက္၍ မႏၲေလးတကၠသိုလ္အတြင္း Food Court ေဆာက္လုပ္မႈ ေျဖရွင္းေပးရန္ ဝန္ႀကီးဌာန ၾကန္႔ၾကာေန

Share this post

ေအာင္ေအာင္

ေအာက္တိုဘာ – ၁၈

မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္အေနျဖင့္ ႏိုင္ငံေတာ္သမၼတ ၫႊန္ၾကားခ်က္အား ခ်ိဳးေဖာက္ၿပီး ၄င္းႏွင့္ ရင္းႏွီး ကြၽမ္းဝင္သည့္ လုပ္ငန္းရွင္အား Food Court လုပ္ပိုင္ခြင့္ေပးသည့္ကိစၥအား ေျဖရွင္းေပးရန္ ဝန္ႀကီးဌာနက ၾကန္႔ၾကာေနေၾကာင္းမႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ သပိတ္ေမွာက္ေကာ္မတီက သတင္းစာရွင္း လင္းပြဲ ျပဳလုပ္ေျပာၾကားခဲ့သည္။

ထိုသို႔ လုပ္ပိုင္ခြင့္ေပးမႈအား ျပင္းထန္စြာအေရးယူေပးေရး တိုင္ၾကားထားသည့္ကိစၥႏွင့္ပတ္သက္၍ ပညာေရး ဝန္ႀကီးဌာန ျပည္ေထာင္စုအဆင့္ ဒုဝန္ႀကီးပါသည့္ စစ္ေဆးေရးအဖြဲ႕က စက္တင္ဘာလ ၇ ရက္ေန႔က စတင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး စာေမးပြဲကာလျဖစ္သည့္အတြက္ စစ္ေဆးမႈမ်ားကို စာေမးပြဲၿပီးသည့္အခ်ိန္တြင္ ျပန္လည္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ စုံစမ္းစစ္ေဆးေရလုပ္ေနတာၾကာေနၿပီ။ ခုခ်ိန္ထိ အစီအရင္ခံစာ ေရးၿပီးတာေတြ မလုပ္ရေသးဘူး။ သမၼတ႐ုံးကို တင္ခဲ့တာလည္းမရွိဘူး။လုပ္ငန္းေဆာင္တာေတြ အရမ္းကိုေႏွာက္ေႏွးေနတယ္”ဟု မႏၲေလး တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢသပိတ္ေမွာက္ေကာ္မတီမွ မယမင္းသူက ေျပာသည္ ။

ထို႔အျပင္ ပညာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားျဖစ္သည့္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဒုဝန္ႀကီးမ်ားအေနျဖင့္ သတင္းစာရွင္းလင္းပြဲတြင္ သမၼတ႐ုံးသို႔ အစီအရင္ခံစာတင္သည့္ကိစၥအား မေျပာၾကားရန္ တားျမစ္မႈမ်ား ရွိေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့သည္ ။

ႏိုင္ငံေတာ္သမၼတ ၫႊန္ၾကားခ်က္ႏွင့္ တည္ဆဲဥပေဒအား ေဖာက္ဖ်က္လုပ္ေဆာင္ေသာ ေက်ာင္းအုပ္ခ်ဴပ္ေရး အဖြဲ႕ကို စီစစ္အေရးယူေပးေရးအတြက္ မႏၲေလးတကၠသိုလ္ ေက်ာင္းသား/သူမ်ား၏ သပိတ္ေမွာက္ ဆႏၵျပေတာင္းဆိုခဲ့ရာ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနသည့္ ကာလျဖစ္သည့္အတြက္ စက္တင္ဘာလ ၉ ရက္ေန႔ကစ၍ သပိတ္ေမွာက္ ဆႏၵျပမႈကို ေခတၱရပ္နားခဲ့သည္။

အဆိုပါ စစ္ေဆးေရးအဖြဲ႕တြင္ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ ျမန္မာႏိုင္ငံ စာစစ္ ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးၫႊန္႔ ႏွင့္ ေမာ္လၿမိဳင္ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေအာင္ျမတ္ ေက်ာ္စိန္ တို႔ပါဝင္သည္ ။ ထို႔အျပင္ အဆိုပါစစ္ေဆးမႈတြင္ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ သပိတ္ေမွာက္ေကာ္မတီမွ ေက်ာင္းသားမ်ားလည္း ပါဝင္ေလ့လာခြင့္ရခဲ့သည္ ။

မႏၲေလးတကၠသိုလ္ ေက်ာင္းအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္သမၼတ၏ ၫႊန္ၾကားခ်က္ ျဖစ္သည့္ ၁/၂၀၁၇ ကို ေဖာက္ဖ်က္ၿပီး Food Court ေဆာက္လုပ္သည့္ ကိစၥအား တင္ဒါေခၚယူျခင္းမရွိပဲ ေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္ ။

ထို႔အျပင္ အဆိုပါ Food Court ေဆာက္လုပ္မႈအား ေက်ာင္းသားသမဂၢအေနျဖင့္ ေထာက္ခံသည့္ပုံစံ အတ ုအေယာင္မ်ား လုပ္ေဆာင္ထားျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။

အဆိုပါ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ မႏၲေလးတကၠသိုလ္ ေက်ာင္းအုပ္ခ်ဴပ္ေရးအဖြဲ႕ကို စီစစ္အေရးယူေပးေရး အတြက္ ႏိုင္ငံေတာ္ သမၼတႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ထံ တိုင္ၾကားထားေၾကာင္း သိရသည္ ။

မႏၲေလးတကၠသိုလ္အတြင္း ေဆာက္လုပ္ထားသည့္ Food Court ကို ၂၀၁၈ ခုႏွစ္ ျသဂုတ္လ ကတည္း က ေဆာက္လုပ္ျခင္းျဖစ္ၿပီး ယခုအခါ ၿပီးစီးေနၿပီျဖစ္သည္။

(unicode)
နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်၍ မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှု ဖြေရှင်းပေးရန် ဝန်ကြီးဌာန ကြန့်ကြာနေ

အောင်အောင်

အောက်တိုဘာ – ၁၈

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၄င်းနှင့် ရင်းနှီး ကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စအား ဖြေရှင်းပေးရန် ဝန်ကြီးဌာနက ကြန့်ကြာနေကြောင်းမန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကော်မတီက သတင်းစာရှင်း လင်းပွဲ ပြုလုပ်ပြောကြားခဲ့သည်။

ထိုသို့ လုပ်ပိုင်ခွင့်ပေးမှုအား ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီးပါသည့် စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၇ ရက်နေ့က စတင် စစ်ဆေးမှုများပြုလုပ်နေပြီး စာမေးပွဲကာလဖြစ်သည့်အတွက် စစ်ဆေးမှုများကို စာမေးပွဲပြီးသည့်အချိန်တွင် ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ စုံစမ်းစစ်ဆေးရေလုပ်နေတာကြာနေပြီ။ ခုချိန်ထိ အစီအရင်ခံစာ ရေးပြီးတာတွေ မလုပ်ရသေးဘူး။ သမ္မတရုံးကို တင်ခဲ့တာလည်းမရှိဘူး။လုပ်ငန်းဆောင်တာတွေ အရမ်းကိုနှောက်နှေးနေတယ်”ဟု မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ်မှောက်ကော်မတီမှ မယမင်းသူက ပြောသည် ။

ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများအနေဖြင့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးသို့ အစီအရင်ခံစာတင်သည့်ကိစ္စအား မပြောကြားရန် တားမြစ်မှုများ ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည် ။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချူပ်ရေး အဖွဲ့ကို စီစစ်အရေးယူပေးရေးအတွက် မန္တလေးတက္ကသိုလ် ကျောင်းသား/သူများ၏ သပိတ်မှောက် ဆန္ဒပြတောင်းဆိုခဲ့ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် ကာလဖြစ်သည့်အတွက် စက်တင်ဘာလ ၉ ရက်နေ့ကစ၍ သပိတ်မှောက် ဆန္ဒပြမှုကို ခေတ္တရပ်နားခဲ့သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့် နှင့် မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ် ကျော်စိန် တို့ပါဝင်သည် ။ ထို့အပြင် အဆိုပါစစ်ဆေးမှုတွင် မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ သပိတ်မှောက်ကော်မတီမှ ကျောင်းသားများလည်း ပါဝင်လေ့လာခွင့်ရခဲ့သည် ။

မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့် ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။

ထို့အပြင် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး အတွက် နိုင်ငံတော် သမ္မတနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်း သိရသည် ။

မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်း က ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်သည်။


Share this post