• Follow Us on

Home ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ျဖင့္ တရားစြဲဆိုျခင္းခံထားရေသာ ဆရာေတာ္ ဦး၀ီရသူအား ယေန႔နံနက္ပိုင္းတြင္ အင္းစိန္ေထာင္ကိုပို႔ေဆာင္

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ျဖင့္ တရားစြဲဆိုျခင္းခံထားရေသာ ဆရာေတာ္ ဦး၀ီရသူအား ယေန႔နံနက္ပိုင္းတြင္ အင္းစိန္ေထာင္ကိုပို႔ေဆာင္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၃

 

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ျဖင့္ တရားစြဲဆိုျခင္းခံထားရေသာ မစိုးရိမ္တိုက္သစ္နာယက ဆရာေတာ္ ဦး၀ီရသူအား ယေနနံနက္ပိုင္းက အင္းစိန္ေထာင္ကို ပို႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္း ဆရာေတာ္၏ တပည့္တစ္ဦးျဖစ္သူ ကို၀င္းကိုကိုလတ္က ေျပာပါတယ္။

 

မစိုးရိမ္တိုက္သစ္နာယကဆရာေတာ္ ဦး၀ီရသူသည္ တစ္ႏွစ္ေက်ာ္ တိမ္းေရွာင္ေနရာမွ ႏိုဝင္ဘာ ၂ ရက္ေန႔တြင္ ဒဂုံၿမိဳ႕နယ္ရဲစခန္းတြင္ လာေရာက္အဖမ္းခံခဲ့ျခင္းျဖစ္ၿပီး ယေန႔တြင္ လူ၀တ္လဲကာ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ခဲ့ ျခင္းျဖစ္ပါတယ္။

 

“ဆရာေတာ္ကို ယမန္ေပးၿပီး တစ္ခါတည္းေထာင္ပို႔တာေပါ့၊ လူ၀တ္လဲက မေန႔ညေနပိုင္းက လဲလိုက္တာေပါ့” ဟု ဦးဝင္းကိုကိုလတ္က ေျပာပါတယ္။

 

ဆရာေတာ္ဦး၀ီရသူအား ရဲတပ္ဖြဲ႕အေစာင့္အေရွာက္ျဖင့္ နံနက္ ၁၀ နာရီ ၁၅ မိနစ္တြင္ အေနာက္ပိုင္းခရိုင္ ရဲစခန္းမွ စတင္ထြက္ခြာခဲ့တာျဖစ္ၿပီး၊ အင္းစိန္အက်ဥ္းေထာင္ကို ၁၀နာရီ ၄၀ မိနစ္မွာ ေရာက္ရွိခဲ့ျခင္း ျဖစ္ေၾကာင္း တပည့္ဒါယကာမ်ားက ဆိုပါတယ္။

 

ယေန႔အင္းစိန္အက်ဥ္းေထာင္ေရွ႕တြင္လည္း ဆရာေတာ္ဦး၀ီရသူ ေထာက္ခံသူအမ်ားစုကလည္း လာေရာက္ ၀န္းရံခဲ့ၾကပါတယ္။

 

#PeopleMedia

 

(unicode)

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော ဆရာတော် ဦးဝီရသူအား ယနေ့နံနက်ပိုင်းတွင် အင်းစိန်ထောင်ကိုပို့ဆောင်
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၃

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော မစိုးရိမ်တိုက်သစ်နာယက ဆရာတော် ဦးဝီရသူအား ယနေနံနက်ပိုင်းက အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဆရာတော်၏ တပည့်တစ်ဦးဖြစ်သူ ကိုဝင်းကိုကိုလတ်က ပြောပါတယ်။

မစိုးရိမ်တိုက်သစ်နာယကဆရာတော် ဦးဝီရသူသည် တစ်နှစ်ကျော် တိမ်းရှောင်နေရာမှ နိုဝင်ဘာ ၂ ရက်နေ့တွင် ဒဂုံမြို့နယ်ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ ခြင်းဖြစ်ပါတယ်။

“ဆရာတော်ကို ယမန်ပေးပြီး တစ်ခါတည်းထောင်ပို့တာပေါ့၊ လူဝတ်လဲက မနေ့ညနေပိုင်းက လဲလိုက်တာပေါ့” ဟု ဦးဝင်းကိုကိုလတ်က ပြောပါတယ်။

ဆရာတော်ဦးဝီရသူအား ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် အနောက်ပိုင်းခရိုင် ရဲစခန်းမှ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး၊ အင်းစိန်အကျဉ်းထောင်ကို ၁ဝနာရီ ၄၀ မိနစ်မှာ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း တပည့်ဒါယကာများက ဆိုပါတယ်။

ယနေ့အင်းစိန်အကျဉ်းထောင်ရှေ့တွင်လည်း ဆရာတော်ဦးဝီရသူ ထောက်ခံသူအများစုကလည်း လာရောက် ဝန်းရံခဲ့ကြပါတယ်။

#PeopleMedia


Share this post