• Follow Us on

Home ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ား၏ ပံုရိပ္ႏွင့္ ဆက္စပ္အသံုးအေဆာင္မ်ား အသံုးျပဳကာ မဲဆြယ္ျခင္းမွ ေရွာင္ရွားေရး ေတြ႕ဆံုေဆြးေႏြးေပးရန္ ျပည္ခိုင္ၿဖိဳးအပါအ၀င္ ႏိုင္ငံေရးပါတီ ၃၀ ပါတီမွ ေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပ

ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ား၏ ပံုရိပ္ႏွင့္ ဆက္စပ္အသံုးအေဆာင္မ်ား အသံုးျပဳကာ မဲဆြယ္ျခင္းမွ ေရွာင္ရွားေရး ေတြ႕ဆံုေဆြးေႏြးေပးရန္ ျပည္ခိုင္ၿဖိဳးအပါအ၀င္ ႏိုင္ငံေရးပါတီ ၃၀ ပါတီမွ ေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပ

Share this post

ရန္ကုန္၊ ဇြန္ ၁၇

ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ား၏ ပံုရိပ္ႏွင့္ ဆက္စပ္အသံုးအေဆာင္မ်ား အသံုးျပဳကာ မဲဆြယ္ျခင္းမွ ေရွာင္ရွားေရး အပါအ၀င္ အခ်က္ေပါင္း ၁၂ ခ်က္ကို ေတြ႕ဆံုေဆြးေႏြးရွင္းလင္းမႈျပဳလုပ္ေပးရန္အတြက္ ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအပါအ၀င္ ႏိုင္ငံေရးပါတီ ၃၀ ပါတီမွ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)ထံသို႔ ယခုလ ၁၆ ရက္ ရက္စြဲျဖင့္ စာေပးပို႔တင္ျပလိုက္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေတြ႕ဆံုေဆြးေႏြးကာ ရွင္းလင္းမႈျပဳလုပ္ေပးရန္ေတာင္းဆိုသည့္ အခ်က္မ်ားထဲတြင္ ပါတီတစ္ရပ္၏ပံုရိပ္ကိုို ႁမွင့္တင္ႏိုင္ရန္အတြက္ ျပည္သူအမ်ားႏွင့္သက္ဆိုင္ေသာ ၿမိဳ႕မိၿမိဳ႕ဖ အမည္ကို အသံုးခ်ျခင္းဟူသည့္အခ်က္လည္းပါ၀င္ေၾကာင္း ေပးပို႔စာတြင္ေဖၚျပထားသည္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲက်င္းပရန္ အခ်ိန္ ၅ လခန္႔သာလိုေတာ့သည့္အတြက္ ႏိုင္ငံေရးပါတီမ်ား အခ်ိန္မီႀကိဳတင္ျပင္ဆင္ေဆာင္ရြက္ႏိုင္ရန္ ႏိုင္ငံေရးပါတီမ်ားအားလံုးႏွင့္ေဆာလ်င္စြာ ေတြ႕ဆံုၫွိနိႈင္းေဆာင္ ရြက္ေပးႏိုင္တင္ျပေတာင္းဆိုျခင္းျဖစ္ေၾကာင္းလည္း ႏိုင္ငံေရးပါတီမ်ားကဆိုသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လြတ္လပ္တရားမွ်တသည့္ ေရြးေကာက္ပြဲျဖစ္ေစရန္ ေမွ်ာ္လင့္ထားၿပီး ထိုသို႔ျဖစ္ေစ ေရးအတြက္ ၎တို႔ေဆြးေႏြးလိုသည့္အခ်က္မ်ားကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေတြ႕ဆံု ေဆြးေႏြးရွင္းလင္းမႈျပဳရန္ လိုအပ္ေၾကာင္းလည္း ေပးပို႔စာတြင္ေရးသားတင္ျပထားသည္။

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ပတ္သက္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ထိေတြ႕မႈနည္းပါးကာ ႏိုင္ငံေရးပါတီမ်ား၏ သေဘာထားရရယူမႈမရွိဘဲ ေဆာင္ရြက္ေနသည့္ကိစၥရပ္မ်ား ရွိေန ေၾကာင္း ႏိုင္ငံေရးပါတီေခါင္းေဆာင္မ်ားက ေ၀ဖန္ေျပာဆိုမႈမ်ားရွိေနသည္။

#PeopleMedia

(unicode)
နိုင်ငံတော်ခေါင်းဆောင်များ၏ ပုံရိပ်နှင့် ဆက်စပ်အသုံးအဆောင်များ အသုံးပြုကာ မဲဆွယ်ခြင်းမှ ရှောင်ရှားရေး တွေ့ဆုံဆွေးနွေးပေးရန် ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီ ၃၀ ပါတီမှ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ ………………………………………………………

ရန်ကုန်၊ ဇွန် ၁၇

နိုင်ငံတော်ခေါင်းဆောင်များ၏ ပုံရိပ်နှင့် ဆက်စပ်အသုံးအဆောင်များ အသုံးပြုကာ မဲဆွယ်ခြင်းမှ ရှောင်ရှားရေး အပါအဝင် အချက်ပေါင်း ၁၂ ချက်ကို တွေ့ဆုံဆွေးနွေးရှင်းလင်းမှုပြုလုပ်ပေးရန်အတွက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံသို့ ယခုလ ၁၆ ရက် ရက်စွဲဖြင့် စာပေးပို့တင်ပြလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တွေ့ဆုံဆွေးနွေးကာ ရှင်းလင်းမှုပြုလုပ်ပေးရန်တောင်းဆိုသည့် အချက်များထဲတွင် ပါတီတစ်ရပ်၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် ပြည်သူအများနှင့်သက်ဆိုင်သော မြို့မိမြို့ဖ အမည်ကို အသုံးချခြင်းဟူသည့်အချက်လည်းပါဝင်ကြောင်း ပေးပို့စာတွင်ဖေါ်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် အချိန် ၅ လခန့်သာလိုတော့သည့်အတွက် နိုင်ငံရေးပါတီများ အချိန်မီကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအားလုံးနှင့်ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းဆောင် ရွက်ပေးနိုင်တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်းလည်း နိုင်ငံရေးပါတီများကဆိုသည်။

နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မျှော်လင့်ထားပြီး ထိုသို့ဖြစ်စေ ရေးအတွက် ၎င်းတို့ဆွေးနွေးလိုသည့်အချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တွေ့ဆုံ ဆွေးနွေးရှင်းလင်းမှုပြုရန် လိုအပ်ကြောင်းလည်း ပေးပို့စာတွင်ရေးသားတင်ပြထားသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် ထိတွေ့မှုနည်းပါးကာ နိုင်ငံရေးပါတီများ၏ သဘောထားရရယူမှုမရှိဘဲ ဆောင်ရွက်နေသည့်ကိစ္စရပ်များ ရှိနေ ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များက ဝေဖန်ပြောဆိုမှုများရှိနေသည်။

#PeopleMedia


Share this post