• Follow Us on

Home နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ (၃) ရက်တိုင် ဆွေးနွေးမှုများအား အတည် ပြုလက်မှတ်ရေးထိုး

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ (၃) ရက်တိုင် ဆွေးနွေးမှုများအား အတည် ပြုလက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်း ချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့သည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ မွန်စာပေသင်ကြားရေးကိစ္စများနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောတူညီချက်များရယူနိုင်ရန် ဆွေး နွေးညှိနှိုင်းကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

 

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ပထမနေ့တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလို သည့် အဆိုပြုချက်များအား ဆွေးနွေးခဲ့ကြပြီး၊ ဖေဖော်ဝါရီ ၁၄ရက် ပြုလုပ်ခဲ့သည့် ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ်သေးဘဲ ဆက်လက် ဆွေး နွေးရန် ကျန်ရှိသည့်ကိစ္စများ၊ နှစ်ဖက်အဆိုပြုချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post