• Follow Us on

Home နိုင်ငံရေးဂရုများအားအကြံပြုခြင်းထာဝရရပ်ဆိုင်းမည်ဟု ဖေ့စ်ဘွတ်ပြော

နိုင်ငံရေးဂရုများအားအကြံပြုခြင်းထာဝရရပ်ဆိုင်းမည်ဟု ဖေ့စ်ဘွတ်ပြော

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈

အသုံးပြုများကို အရပ်ဘက်နှင့်နိုင်ငံရေးဂရုများအကြံပြုတော့မည်မဟုတ်ဟု ဖေ့စ်ဘွတ်ကုမ္ပဏီအမှုဆောင်အရာ ရှိချုပ် မာ့က် ဇက်ကာဘာ့ဂျ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် အမေရိကန်အသုံးပြုသူများကို နိုင်ငံရေးဂရုများအကြံပြုခြင်းယာယီရပ်ဆိုင်းထားကြောင်း အောက်တိုဘာလတွင် လူမှုကွန်ရက်ကုမ္ပဏီကြီးကပြောသည်။

ထာဝရရပ်ဆိုင်းတော့မည်ဖြစ်ပြီး ကမ္ဘာအနှံ့ဖြန့်ကျက်သွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ဖေ့စ်ဘွတ်ကပြောသည်။

အောက်တိုဘာကကြေညာချက်အပြီး ဖေ့စ်ဘွတ်က နိုင်ငံရေးဂရုများအကြံပြုနေခြင်းမအောင်မြင်ခဲ့သည့်အပေါ် ရှင်းပြအစီရင်ခံစာတောင်းသည့်စာတစောင်ကို အင်္ဂါနေ့တွင် အမေရိကန်ဒီမိုကရတ်အထက်လွှတ်တော်အမတ် အက် မာကီက ဇက်ကာဘာ့ဂျ်ထံပေးပို့ခဲ့သည်။

ဖေ့စ်ဘွတ်ဂရုများသည် အမုန်းတရားများမွေးဖွားပေးသည့်အရာများဟု အမတ် မာကီကပြောပြီး ဂရုများသည် ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အဦကိုဝင်ရောက်စီးနင်းရန် စီစဉ်ခဲ့သည့်နေရာများဖြစ် ကြောင်းလည်း အသိပေးသည်။

ဗုဒ္ဓဟူးနေ့တွင် ဖေ့စ်ဘုတ်၏ဝင်ငွေများအကြောင်း အကဲခတ်များနှင့် အွန်လိုင်းမှတဆင့်ဆွေးနွေးရာတွင် ထိုဖြစ်ရပ်များကို ကောင်းမွန်စွာချိန်ညှိနိုင်ရန် ကုမ္ပဏီက ဆက်လက်လုပ်ဆောင်နေကြောင်း မစ္စတာ ဇက်ကာဘာ့ဂျ်ကပြောသည်။

ကွန်ပြူတာစောင့်ကြည့်စနစ်များဖြင့်ဂရုများကိုအကြံပေးခြင်းအပေါ် ကန့်သတ်ရန် စောင့်ကြည့်ရေးအဖွဲ့များနှင့် အကြံပေးအဖွဲ့များက ဖေ့စ်ဘွတ်ကို တိုက်တွန်းထားသည်။

ထိုဂရုများကို သတင်းမှားများဖြန့်ဝေရန်နှင့် အစွန်းရောက်လှုပ်ရှားမှုများစုစည်းရန် နေရာအဖြစ် အသုံးပြု နေကြောင်း ထောက်ပြထားသည်။

အသုံးပြုသူများ၏သတင်းစာမျက်နှာများတွင် နိုင်ငံရေးအကြောင်းအရာများမြင်တွေ့ရသည့်ပမာဏကို လျှော့ချရန်လုပ်ငန်းစဉ်များအပေါ် စဉ်းစားနေကြောင်းလည်း မစ္စတာ ဇက်ကာဘာ့ဂျ်ကပြောသည်။

Ref : Facebook says it will permanently stop recommending political groups to users

#PeopleMedia

(unicode)
………………………………………..










Ref : Facebook says it will permanently stop recommending political groups to users

#PeopleMedia


Share this post