• Follow Us on

Home ႏိုင္ငံေရးပါတီတစ္ခုမွ မထြက္ေသးဘဲ အျခားႏိုင္ငံေရးပါတီတစ္ခုတြင္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ ယွဥ္ၿပဳိင္ခြင့္မရွိဘဲ တစ္သီးပုဂၢအျဖစ္သာ ယွဥ္ၿပဳိင္ရမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ေျပာၾကား

ႏိုင္ငံေရးပါတီတစ္ခုမွ မထြက္ေသးဘဲ အျခားႏိုင္ငံေရးပါတီတစ္ခုတြင္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ ယွဥ္ၿပဳိင္ခြင့္မရွိဘဲ တစ္သီးပုဂၢအျဖစ္သာ ယွဥ္ၿပဳိင္ရမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ေျပာၾကား

Share this post

ေနျပည္ေတာ္၊ ဇူလုိင္ ၁၃

ႏိုင္ငံေရးပါတီတစ္ခုမွ မထြက္ေသးဘဲ အျခားႏိုင္ငံေရးပါတီတစ္ခုတြင္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ ယွဥ္ၿပဳိင္ခြင့္မရွိဘဲ တစ္သီးပုဂၢအျဖစ္သာ ယွဥ္ၿပဳိင္ရမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ အဖြဲ႕၀င္ ဦးသက္ထြန္းက ျပည္သူ႔လႊတ္ေတာ္တြင္ေျပာၾကားခဲ့သည္။

ဇူလိုင္ ၁၃ ရက္ ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္ခန္းမတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ ဦးသက္ထြန္းက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွိန္ေမးခြန္းအားေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၂၁ ပါျပ႒ာန္းခ်က္မ်ားအရ ပုဂၢဳိလ္တစ္ဦးဟာ တစ္ခ်ိန္ တည္းမွာ ပါတီတစ္ခုတြင္သာ ပါ၀င္ေဆာင္ရြက္ခြင့္ရွိသည့္အတြက္ ပါတီတစ္ခုမွ ႏုတ္ထြက္ခြင့္မရရွိသည့္ပုဂၢဳိလ္ တစ္ဦးသည္ အျခားႏိုင္ငံေရးပါတီတစ္ခုကိုကိုယ္စားျပဳ၍ ၀င္ေရာက္ယွဥ္ျပဳိင္မည္ဆိုပါက ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဆိုင္ရာပုဒ္မ ၂၁ ပါျပဌာန္းခ်က္နဲ႔ ၿငိစြန္းပါတယ္။ ဒါေပမဲ့ ယင္းသို႔ပါတီမွ ႏုတ္ထြက္ခြင့္မရတဲ့ အေျခအေနမွာ ၎ရဲ႕ေရြးေကာက္တင္ေႁမွာက္ခံပိုင္ခြင့္မဆုံးရႈံးေစေရးအတြက္ တစ္သီးပုဂၢအျဖစ္ ၀င္ေရာက္ ယွဥ္ၿပဳိင္ပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၂၁ ပါျပဌာန္းခ်က္ႏွင့္ ဆန္႔က်င္သည္ဟုဆိုႏိုင္မည္ မဟုတ္ပါေၾကာင္းရွင္းလင္းေျဖၾကားအပ္ပါတယ္’’ဟု ၎ကေျပာသည္။

လက္ရွိတြင္ႏိုင္ငံေရးပါတီေပါင္း ၁၂၀ ေက်ာ္ရွိၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းမ်ား အမည္စာရင္းေပးျခင္းကို ဇူလိုင္လအတြင္းေဆာင္ရြက္ရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာ ထားခ်က္အရသိရသည္။

အဆိုပါျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ေျဖၾကားခ်က္အား ေက်ာက္ျဖဴျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွိန္မွ ဆက္စပ္ေမးခြန္းအေနျဖင့္ ၎ပါတီတစ္ခုႏုတ္မထြက္ရေသးသူသည္ အျခားပါတီတစ္ခုမွ ယွဥ္ျပဳိင္ လာပါကတားျမစ္ၫႊန္ၾကားရန္ ရွိ၊မရွိေမးျမန္းရာ ေကာ္မရွင္အစည္းအေ၀းထိုင္ၿပီးမွသာ ၎ေမးခြန္းကို ျပန္ လည္ေျဖၾကားႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာ္မရွင္ကအဖြဲ႔၀င္ ဦးသက္ထြန္းကဆိုသည္။

#PeopleMedia

(unicode)
နိုင်ငံရေးပါတီတစ်ခုမှ မထွက်သေးဘဲ အခြားနိုင်ငံရေးပါတီတစ်ခုတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိဘဲ တစ်သီးပုဂ္ဂအဖြစ်သာ ယှဉ်ပြိုင်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောကြား ………………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၃

နိုင်ငံရေးပါတီတစ်ခုမှ မထွက်သေးဘဲ အခြားနိုင်ငံရေးပါတီတစ်ခုတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိဘဲ တစ်သီးပုဂ္ဂအဖြစ်သာ ယှဉ်ပြိုင်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးသက်ထွန်းက ပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ ရက် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်မေးခွန်းအားဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်များအရ ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ချိန် တည်းမှာ ပါတီတစ်ခုတွင်သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရရှိသည့်ပုဂ္ဂိုလ် တစ်ဦးသည် အခြားနိုင်ငံရေးပါတီတစ်ခုကိုကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာပုဒ်မ ၂၁ ပါပြဌာန်းချက်နဲ့ ငြိစွန်းပါတယ်။ ဒါပေမဲ့ ယင်းသို့ပါတီမှ နုတ်ထွက်ခွင့်မရတဲ့ အခြေအနေမှာ ၎င်းရဲ့ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် တစ်သီးပုဂ္ဂအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၁ ပါပြဌာန်းချက်နှင့် ဆန့်ကျင်သည်ဟုဆိုနိုင်မည် မဟုတ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင်နိုင်ငံရေးပါတီပေါင်း ၁၂၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းပေးခြင်းကို ဇူလိုင်လအတွင်းဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ ထားချက်အရသိရသည်။

အဆိုပါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြေကြားချက်အား ကျောက်ဖြူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်မှ ဆက်စပ်မေးခွန်းအနေဖြင့် ၎င်းပါတီတစ်ခုနုတ်မထွက်ရသေးသူသည် အခြားပါတီတစ်ခုမှ ယှဉ်ပြိုင် လာပါကတားမြစ်ညွှန်ကြားရန် ရှိ၊မရှိမေးမြန်းရာ ကော်မရှင်အစည်းအဝေးထိုင်ပြီးမှသာ ၎င်းမေးခွန်းကို ပြန် လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကော်မရှင်ကအဖွဲ့ဝင် ဦးသက်ထွန်းကဆိုသည်။

#PeopleMedia


Share this post