• Follow Us on

Home နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးရန် ပြည်သူ့ပါတီ ထုတ်ပြန်

နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးရန် ပြည်သူ့ပါတီ ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅ (People Media)

 

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုများလာသည့်အတွက် ပြည်သူ့ပါတီအနေဖြင့် အချက် ၈ ချက်ပါဝင်သော ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးနှင့်ပတ်သက်၍ ထုတ်ပြန်ချက် ကြေငြာချက်တစ် စောင်အား ယနေ့ထုတ်ပြန်သည်။

 

အထက်ပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်တတိယလှိုင်း၏ မြန်ဆန်ပြင်းထန်စွာကူးစက်မှု များကြောင့် သေကြေထိခိုက်မှုများဆိုးဝါးစွာခံစားနေရကြောင်း၊ ကိုဗစ်ကပ်ရောဂါသည် လူမျိုးဘာသာ၊ ကျားမ၊ အဆင့်အတန်း၊ ပါတီ၊ အဖွဲ့အစည်းမရွေးနိုင်ငံသားတိုင်း၏ အသက်နှင့် ဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိ ကြောင်း၊ လက်ရှိအချိန်သည် နိုင်ငံသားလူသားအားလုံး၏ အသက်အန္တရာယ် ကယ်ဆယ်နိုင်ရေး၊ ကာကွယ်ရေး အတွက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

 

ယင်းအပြင် ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှု များ ရပ်စဲကြရန် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအား တိုက်တွန်းကြောင်း၊ လက်ရှိအချိန်တွင် အကျဉ်းစခန်း၊ အချုပ်စခန်း၊ စစ်ရှောင်စခန်းစသည့်နေရာများတွင် လူစုလူဝေးများသောနေရာများတွင် ကိုဗစ်အန္တရာယ် ပိုမို များပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

လက်ရှိအချိန်တွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရသူများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန်နှင့် အထူးသဖြင့် ဖမ်းဆီးခံဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၎င်းတို့ကို ၎င်းတို့၏ ဆန္ဒအလျောက် ကိုဗစ်ရောဂါကာကွယ်တားဆီးကုသရေးအပိုင်းများတွင် ဝန်ဆောင်မှုအား ပြန်လည်ခွင့်ပြုပေးနိုင်ရန် တိုက်တွန်းကြောင်း၊ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့်လည်း လူသားချင်းစာနာမှုရှုထောင့်မှနေ၍ စိတ်ကောင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

 

#PeopleMedia #PP

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia #PP


Share this post