• Follow Us on

Home နိုင်ငံရေးသုံးသပ်ချက်ပေးတဲ့ အိန္ဒိယစစ်ဦးချုပ်ကို စစ်တပ်အရာရှိဟောင်း များဝေဖန်


Share this post






Ref; http://www.dawn.com/

#PeopleMedia

(Unicode)
နိုင်ငံရေးသုံးသပ်ချက်ပေးတဲ့ အိန္ဒိယစစ်ဦးချုပ်ကို စစ်တပ်အရာရှိဟောင်း များဝေဖန်
………………………………………………………

အိန္ဒိယစစ်ဦးချုပ် ဗိုလ်ချုပ်ဘစ်ပင်ရာဝပ်ဟာ နိုင်ငံသားဥပဒေသစ်ကို ဆန္ဒပြဖို့ တိုက်တွန်းလှုံ့ဆော်သူတွေကို ဝေဖန်ခဲ့တာကြောင့် စစ်တပ်အကြီးအကဲဟောင်းတွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။

ခေါင်းဆောင်မှုဆိုတာ ကျောင်းသားတွေအပါအဝင် လူစုလူဝေးကို မီးကွင်းပစ်ပြီး အကြမ်းဖက်မှုတွေပြုလုပ်ဖို့ ညွှန်ကြားတာမဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်ဘစ်ပင်က သုံးသပ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အခုလို သုံးသပ်ချက်အတွက် စစ်တပ်အရာရှိအငြိမ်းစားတွေက အငြင်းပွားဖွယ်နိုင်ငံရေးကိစ္စမှာ မလိုအပ်ဘဲ ဝင်ပါတယ်ဆိုပြီး ဘစ်ပင်ရာဝပ်ကို အပြစ်တင်စကားပြောကြားခဲ့ကြပါတယ်။

ဘစ်ပင်ရာဝပ်ကို ပြန်လည်ဝေဖန်ခဲ့ကြတဲ့ အငြိမ်းစားစစ်တပ်အရာရှိဟောင်းတွေထဲမှာ အိန္ဒိယရေတပ်စစ်ဦးစီးချုပ် အက်မီရယ်လ် ရမ်ဒက်လည်းပါဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရာဝပ်ရဲ့ သုံးသပ်ချက်က လုံးဝမှားယွင်းပြီး စစ်မှုထမ်းတစ်ယောက်အနေနဲ့ စစ်တပ်ရဲ့ ဆယ်စုနှစ်ကြာ ကျင့်ထုံးတွေကို လိုက်နာပြီး ကြားနေဖို့လိုအပ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref; http://www.dawn.com/

#PeopleMedia


Share this post