• Follow Us on

Home ႏိုင္ငံေရးအရ ျပဳျပင္ေျပာင္းလဲေပးႏိုင္ေသာ ပါတီကို မဲထည့္ရန္ NLD အမတ္ေလာင္းေျပာ

ႏိုင္ငံေရးအရ ျပဳျပင္ေျပာင္းလဲေပးႏိုင္ေသာ ပါတီကို မဲထည့္ရန္ NLD အမတ္ေလာင္းေျပာ

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၁

ျမစ္ႀကီးနားၿမိဳ႕နယ္ ေမာ္ေဖာင္းႏွင့္ နန္းေကြ႕ ေက်းရြာမွာ ယေန႔ စက္တင္ဘာ ၁၁ ရက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ားက စည္း႐ုံးေဟာေျပာစဉ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

” ႏိုင္ငံေရးကို ေကာင္းေအာင္လုပ္ေပးႏိုင္တဲ့ မူဝါဒေကာင္းတဲ့ ပါတီကို ေရြးခ်ယ္မဲေပးဖို႔ လို တယ္။ ဟိုလူမ်ိဳးဆို ဟိုကိုထည့္ ဒီလူမ်ိဳးဆို ဒီကို ထည့္ မဟုတ္ဘဲနဲ႔ ႏိုင္ငံေရးျဖစ္တဲ့အတြက္ ႏိုင္ငံေရးအျမင္နဲ႔ ၾကည့္ၿပီး မဲထည့္ဖို႔လိုအပ္တယ္။” ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ကခ်င္ျပည္နယ္ လီဆူတိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးအားတီေယာဟန္က ေျပာသည္။

ထို႔အျပင္ လက္ရွိ ႏိုင္ငံေရးပါတီမ်ား မ်ားျပားသည့္အတြက္ ယင္းပါတီမ်ား၏ ေနာက္ခံသမိုင္းေၾကာင္းကို ေလ့လာသိရွိထားရန္လည္း အေရးႀကီးေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း ဦးအင္ထုံခမ္း
ေနာ္ဆန္က ေျပာသည္။

” အခုက်ေတာ္တို႔ကလည္း ပါတီႀကီးေတြကို ေလ့လာရမယ္။ သိထားရမယ္။ သူတို႔သမိုင္း ကို။ ဒါမွလည္း ဪ ဒီပါတီရဲ႕ စတင္ေပၚ ေပါက္လာတာ ဘယ္လိုပုံစံမ်ိဳးနဲ႔ စတင္ေပၚေပါက္ လာတာ။ သူတို႔ ဦးေဆာင္တဲ့ ပုဂၢိဳလ္က ဘယ္လိုမ်ိဳး ဦးေဆာင္ေနတယ္ဆိုတာ အေရးႀကီး တယ္။” ဟု ၎က ေျပာသည္။

ယေန႔ မဲဆြယ္စည္း႐ုံးေဟာေျပာပြဲမွာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးအင္ထုံခမ္းေနာ္ဆန္၊ ျပည္သူ့လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚေကရြယ္ေအာင္၊ မဲဆႏၵနယ္ အမွတ္ (၂)၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနဝင္း၊ ကခ်င္ျပည္နယ္ လီဆူတိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးအားတီေယာဟန္တို႔ က စည္း႐ုံးေဟာေျပာခဲ့သည္။

ေယာေယာ(EPN)

#PeopleMedia #EPN #ျမစ္ႀကီးနား #NLD #2020election

(unicode)
နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲပေးနိုင်သော ပါတီကို မဲထည့်ရန် NLD အမတ်လောင်းပြော
…………………………………………………………….

မြစ်ကြီးနား၊ စက်တင်ဘာ ၁၁

မြစ်ကြီးနားမြို့နယ် မော်ဖောင်းနှင့် နန်းကွေ့ ကျေးရွာမှာ ယနေ့ စက်တင်ဘာ ၁၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများက စည်းရုံးဟောပြောစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

” နိုင်ငံရေးကို ကောင်းအောင်လုပ်ပေးနိုင်တဲ့ မူဝါဒကောင်းတဲ့ ပါတီကို ရွေးချယ်မဲပေးဖို့ လို တယ်။ ဟိုလူမျိုးဆို ဟိုကိုထည့် ဒီလူမျိုးဆို ဒီကို ထည့် မဟုတ်ဘဲနဲ့ နိုင်ငံရေးဖြစ်တဲ့အတွက် နိုင်ငံရေးအမြင်နဲ့ ကြည့်ပြီး မဲထည့်ဖို့လိုအပ်တယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအားတီယောဟန်က ပြောသည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးပါတီများ များပြားသည့်အတွက် ယင်းပါတီများ၏ နောက်ခံသမိုင်းကြောင်းကို လေ့လာသိရှိထားရန်လည်း အရေးကြီးကြောင်း မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်း ဦးအင်ထုံခမ်း
နော်ဆန်က ပြောသည်။

” အခုကျတော်တို့ကလည်း ပါတီကြီးတွေကို လေ့လာရမယ်။ သိထားရမယ်။ သူတို့သမိုင်း ကို။ ဒါမှလည်း ဪ ဒီပါတီရဲ့ စတင်ပေါ် ပေါက်လာတာ ဘယ်လိုပုံစံမျိုးနဲ့ စတင်ပေါ်ပေါက် လာတာ။ သူတို့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်က ဘယ်လိုမျိုး ဦးဆောင်နေတယ်ဆိုတာ အရေးကြီး တယ်။” ဟု ၎င်းက ပြောသည်။

ယနေ့ မဲဆွယ်စည်းရုံးဟောပြောပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအင်ထုံခမ်းနော်ဆန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ကေရွယ်အောင်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်း၊ ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအားတီယောဟန်တို့ က စည်းရုံးဟောပြောခဲ့သည်။

ယောယော(EPN)

#PeopleMedia #EPN #မြစ်ကြီးနား #NLD #2020election


Share this post