• Follow Us on

Home နိုင်ငံတကာရာဇဝတ်တရားရုံးမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အစား လူစားထိုးချေပ

နိုင်ငံတကာရာဇဝတ်တရားရုံးမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အစား လူစားထိုးချေပ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ တရားစွဲဆို ထားတဲ့ အမှုကိုပယ်ဖျက်ဖို့ ကြိုးပမ်းရာမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အစား လူစားထိုးဆောင် ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

 

မြန်မာစစ်အစိုးရကို နိုင်ငံ့ကိုယ်စား နိုင်ငံတကာရာဇဝတ်တရားရုံးမှာ ခုခံချေပခွင့်ပေးလိုက်တာကို လူ့အခွင့်အ ရေးအုပ်စုနဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း ရန်ဟီးလီးတို့က ပြစ်တင်ဝေဖန်လိုက် ပြီး အဲဒီလိုခွင့်ပြုလိုက်တာဟာ တရားမျှတမှု ကိုရှာဖွေရာမှာ နှောင့်နှေးကြန့်ကြာစေတယ်လို့ ရန်ဟီးလီးက ပြော ဆိုလိုက်ပါတယ်။

 

မြန်မာ့တပ်မတော်ရဲ့စစ်ဆင်ရေးကြောင့် ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာလူမျိုး ၇၀၀၀၀၀ ခန့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လု့ိ စွပ်စွဲပြီး ဂမ်ဘီ ယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံး ICJ မှာ တရားစွဲဆိုခဲ့ပါတယ်။ ကုသမဂ္ဂစုံစမ်းစစ်ဆေး ရေးမှူုးတွေက မြန်မာ့တပ်မတော်ဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ အဲဒီစစ်ဆင်ရေးတွေကို ဆောင် ရွက်ခဲ့တာဖြစ်တယ်လို့ သက်သေအထောက်အထားမရှိဘဲ စွပ်စွဲခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်က လူသတ်မှုတွေ၊ မုဒိန်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ICJ မှာ ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအချိန်မှာ စစ်အစိုး ရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပြီး အမှုပေါင်းများစွာနဲ့ စွဲချက်တင်ခံထားရပါတယ်။

 

မြန်မာစစ်အစိုးရက နိုင်ငံတကာရာဇဝတ်တရားရုံးမှာ အဲဒီအမှုတွေကို ရင်ဆိုင်ချေပဖို့အတွက် ဒေါ်အောင်ဆန်း စုကြည်အစား စစ်အစိုးရရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါ်သီတာ ဦးတို့ ကို ရွေးချယ်ထားပါတယ်။ ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦးတို့ နှစ်ယောက်စလုံးဟာ စစ်အာဏာသိမ်းမှု၊ စစ် တပ်ကအကြမ်းဖက်နှိမ်နှင်းမှုတို့နဲ့ပတ်သက်ပြီး အမေရိကန်က အရေးယူပိတ်ဆို့တာကို ခံထားရတဲ့သူနှစ်ဦးဖြစ်ပါ တယ်။

 

အတိုက်အခံအမတ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူုတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုး သားညီညွတ်ရေးအစိုးရခေါ် NUG အစိုးရကတော့ ၎င်းတို့အနေနဲ့ ICJ မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက် ရောက်ဖို့ ရည်ရွယ်ထားကြောင်းပြောပါတယ်။ NUG အစိုးရက ကနဦးပယ်ဖျက်ချက်တွေကို ပြန်လည်ရုပ်သိမ်း  ထားပါတယ်။ စစ်အစိုးရဘက်ကတော့ ဂမ်ဘီယာနိုင်ငံဟာ ဒီအမှုကို တရားစွဲဆိုခွင့်မရှိကြောင်း တနင်္လာနေ့က တင်ပြသွားတာတွေ့ရပါတယ်။

 

ကုသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းရန်ဟီးလီးကတော့ အဲဒီကြားနာစစ်ဆေးမှုကို ဂုဏ်သိက္ခမရှိတဲ့ကြားနာစစ် ဆေးမှုလို့ ပြောကြားလိုက်ပါတယ်။ “အဲဒီလို ကြားနာစစ်ဆေးမယ့်အစား ICJ တရားရုံးဟာ NUG အစိုးရကို အသိအမှတ်ပြုသင့်ပါတယ်။ ကန့်ကွက်ချက်တွေကို ပယ်ချသင့်တယ်။ ရိုဟင်ဂျာလူမျိုးတွေကို ရက်စက်ခဲ့တဲ့ တ ကယ့်အကြောင်းရင်းတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ကိုင်တွယ်ဆောင်ရွက်သင့်တယ်။” လို့ ပြောပါတယ်။

 

ဂမ်ဘီယာနိုင်ငံဟာ OIC ခေါ် အစ္စလာမ်မစ်နိုင်ငံတွေကိုယ်စား ကြားခံနိုင်ငံတစ်ခုအဖြစ်ဆောင်ရွက်တာဖြစ်တယ် ဆိုတဲ့အချက်အပါအဝင် မြန်မာနိုင်ငံဘက်က ရှေ့နေတွေက အမှုနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါ တယ်။ ဒ့ါအပြင် ICJ ဟာ နိုင်ငံအချင်းချင်းအငြင်းပွားမှုတွေမှာသာ ဆုံးဖြတ်ခွင့်ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ပြဿနာတွေကို စေ့စပ်ညှိနှိုင်းခြင်း၊ ပြန်လည်ရင်ကြားစေ့ ခြင်းဆိုတဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ထားကြောင်း ဦးကိုကိုလှိုင်က တရားရုံးတော်မှာ ပြောဆိုခဲ့ပါတယ်။

 

မြန်မာစစ်တပ်ဟာ လူထုကိုအကြမ်းဖက်တိုက်ခိုက်နေကြောင်း၊ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း လွန်  ခဲ့တဲ့နှစ်အတွင်းမှာတင် ရွာတွေကို မီးရှို့ခဲ့ကြောင်း၊ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း၊ ဘာမှ ခုခံနိုင်စွမ်းမရှိတဲ့အတိုက်အခံတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုတွေက ထောက်ပြပြောဆိုခဲ့ပါတယ်။

 

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေလူမျိုးဆုံးအသတ်မခံရဖို့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အတိတ်ကာလ ကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုအထောက်အထားတွေကို ထိန်းသိမ်းထားရမှာဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာရာဇဝတ် တရားရုံးရဲ့အမိန့်ကို မြန်မာစစ်တပ်က လုံးဝလိုက်နာမှုမရှိကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK က ဦးထွန်းခင်က ပြောပါတယ်။

 

“လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ နေ့စဉ် အာဏာပိုင်တွေရဲ့ စော်ကားမှု၊ ခြိမ်းခြောက်မှုကို ခံ နေရတယ်။ ရိုဟင်ဂျာတွေရဲ့ ခရီးသွားလာခွင့်၊ ဆေးဝါးကုသခွင့်၊ ပညာသင်ကြားခွင့်နဲ့ အသက်မွေးဝမ်းကျောင်း ခွင့်တွေကို ပိတ်ပင်တားဆီးခံထားကြရတယ်။” လု့ိ ဦးထွန်းခင်က ပြောပါတယ်။

 

Ref: Myanmar junta takes place of Aung San Suu Kyi at Rohingya hearing

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar junta takes place of Aung San Suu Kyi at Rohingya hearing

 

#PeopleMedia


Share this post