• Follow Us on

Home ႏုတ္ထြက္ရန္ရာဇသံေပးမႈကို အာေမးနီးယား၀န္ႀကီးခ်ဳပ္လ်စ္လ်ဴ႐ွဳ

ႏုတ္ထြက္ရန္ရာဇသံေပးမႈကို အာေမးနီးယား၀န္ႀကီးခ်ဳပ္လ်စ္လ်ဴ႐ွဳ

Share this post

ဘာကူ၊ ႏို၀င္ဘာ ၁၂

အာေမးနီးယား၀န္ႀကီးခ်ဳပ္ နီကိုးလ္ ပါ႐ွင္ယန္က အဇာဘိုင္ဂ်န္ႏွင့္ပဋိပကၡမ်ားေၾကာင့္ တိုက္ခိုက္ေနသည့္ နာေဂၚႏို-ကာရာဘာ့ေဒသတြင္ တိုက္ခိုက္မႈမ်ားအဆံုးသတ္ရန္သေဘာတူညီမႈေၾကာင့္ ႏုတ္ထြက္တိုက္တြန္းသည့္ ဆႏၵျပသူမ်ား၏ရာဇသံကို မသိကၽြိဳးကၽြံျပဳခဲ့သည္။

အတိုက္အခံပါတီမ်ား၏ဖိအားေၾကာင့္ အာေမးနီးယားလႊတ္ေတာ္က မစၥတာ ပါ႐ွင္ယန္၏ႏိုင္ငံေရးအနာဂတ္ကိုဆံုးျဖတ္မည့္ အေရးေပၚအစည္းအေ၀းက်င္းပရန္ စီစဥ္ေနစဥ္ ႐ု႐ွားၾကား၀င္ထားေသာသေဘာတူညီမႈအရ အဇာဘိုင္ဂ်န္သည္ သိမ္းယူထားေသာနယ္ေျမမ်ားကို ဆက္လက္ထိန္းသိမ္းထားခြင့္႐ွိသည္။

အျငင္းပြားနယ္ေျမတြင္ ႐ု႐ွားၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈစစ္သားရာခ်ီ တပ္စြဲေနသည္။

နာေဂၚႏို-ကာရာဘာ့ေဒသသည္ အဇာဘိုင္ဂ်န္ပိုင္နက္အျဖစ္ ႏိုင္ငံတကာကအသိအမွတ္ျပဳေသာ္လည္း ၁၉၉၄ ခုႏွစ္တြင္ ႏွစ္ဖက္အပစ္ရပ္ၿပီးေနာက္ပိုင္း အာေမးနီးယားလူမ်ိဳးစုမ်ားကထိန္းခ်ဳပ္ထားသည္။

ၿပီးခဲ့သည့္သီတင္းပတ္ ၆ ပတ္အတြင္း အဇာဘိုင္ဂ်န္က ထိုေနရာမ်ားကိုသာမက ေဒသမွအဓိကၿမိဳ႕တၿမိဳ႕ုျဖစ္သည့္ ႐ွဴ႐ွာၿမိဳ႕ကိုလည္း ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။

Ref : Nagorno-Karabakh: Armenian PM ignores ultimatum to resign

#PeopleMedia

(unicode)
နုတ်ထွက်ရန်ရာဇသံပေးမှုကို အာမေးနီးယားဝန်ကြီးချုပ်လျစ်လျူရှု
…………………………………

ဘာကူ၊ နိုဝင်ဘာ ၁၂

အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်က အဇာဘိုင်ဂျန်နှင့်ပဋိပက္ခများကြောင့် တိုက်ခိုက်နေသည့် နာဂေါ်နို-ကာရာဘာ့ဒေသတွင် တိုက်ခိုက်မှုများအဆုံးသတ်ရန်သဘောတူညီမှုကြောင့် နုတ်ထွက်တိုက်တွန်းသည့် ဆန္ဒပြသူများ၏ရာဇသံကို မသိကျွိုးကျွံပြုခဲ့သည်။

အတိုက်အခံပါတီများ၏ဖိအားကြောင့် အာမေးနီးယားလွှတ်တော်က မစ္စတာ ပါရှင်ယန်၏နိုင်ငံရေးအနာဂတ်ကိုဆုံးဖြတ်မည့် အရေးပေါ်အစည်းအဝေးကျင်းပရန် စီစဉ်နေစဉ် ရုရှားကြားဝင်ထားသောသဘောတူညီမှုအရ အဇာဘိုင်ဂျန်သည် သိမ်းယူထားသောနယ်မြေများကို ဆက်လက်ထိန်းသိမ်းထားခွင့်ရှိသည်။

အငြင်းပွားနယ်မြေတွင် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်သားရာချီ တပ်စွဲနေသည်။

နာဂေါ်နို-ကာရာဘာ့ဒေသသည် အဇာဘိုင်ဂျန်ပိုင်နက်အဖြစ် နိုင်ငံတကာကအသိအမှတ်ပြုသော်လည်း ၁၉၉၄ ခုနှစ်တွင် နှစ်ဖက်အပစ်ရပ်ပြီးနောက်ပိုင်း အာမေးနီးယားလူမျိုးစုများကထိန်းချုပ်ထားသည်။

ပြီးခဲ့သည့်သီတင်းပတ် ၆ ပတ်အတွင်း အဇာဘိုင်ဂျန်က ထိုနေရာများကိုသာမက ဒေသမှအဓိကမြို့တမြို့ုဖြစ်သည့် ရှူရှာမြို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

Ref : Nagorno-Karabakh: Armenian PM ignores ultimatum to resign

#PeopleMedia


Share this post