• Follow Us on

Home နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့်ကိစ္စ ဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောဆို


Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၃၁







(Unicode)
နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့်ကိစ္စ ဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောဆို
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၃၁

နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့်ကိစ္စ ဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားဖို့ စီးပွားကူးသန်းကို ညွှန်ကြားထားတယ်။ ပြီးမှ တိုင်ပင်ပြီး အသင့်လျှော်ဆုံး ဖြစ်အောင်ဆောင်ရွက်မယ်”ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

နိုင်ငံတာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းလုပ်သက်(၂၅)နှစ်၊ ဝန်ထမ်းကောင်းလက်မှတ်ရရှိသူများနှင့် အခြားသောဝန်ထမ်းများကို နိုင်ငံတော်မှ ကားတင်သွင်းခွင့်ပြုမည့်ကိစ္စရပ်ကို စီစဉ်ခဲ့သည်။

နိုင်ငံတော်မှ ထိုကဲ့သို့ စီစဉ်မှုအပေါ် ကားလုပ်ငန်းရှင်များက ကန့်ကွက်ခဲ့သည်။

ထိုသို့ ကန့်ကွက်ပြီးနောက် နိုင်ငံတော်၏ မူဝါဒပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း ကားလုပ်ငန်းရှင်အချို့ကဆိုသည်။

#PeopleMedia #မော်တော်ယာဉ်


Share this post