• Follow Us on

Home ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္ သူ၏ လူမႈကြန္ယက္၌ မဲဆြယ္မႈသည္ သမၼတတစ္ေယာက္အေနျဖင့္ မဲဆြယ္ျခင္းမဟုတ္ဘဲ တာေမြၿမိဳ႕လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းတစ္ဦးအေနျဖင့္ မဲဆြယ္ျခင္းသာျဖစ္ေၾကာင္း မုံရြာဦးေအာင္ရွင္ ရွင္းလင္း

ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္ သူ၏ လူမႈကြန္ယက္၌ မဲဆြယ္မႈသည္ သမၼတတစ္ေယာက္အေနျဖင့္ မဲဆြယ္ျခင္းမဟုတ္ဘဲ တာေမြၿမိဳ႕လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းတစ္ဦးအေနျဖင့္ မဲဆြယ္ျခင္းသာျဖစ္ေၾကာင္း မုံရြာဦးေအာင္ရွင္ ရွင္းလင္း

Share this post

ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္သည္ သူ၏ လူမႈကြန္ယက္မွတစ္ဆင့္ ဒီမုိကေရစီအေရးအတြက္ NLD ပါတီမွလြဲ၍ အျခားမရွိ၊ ဒီမုိကေရစီမွန္ကန္ေရး NLD ကုိမဲေပး စသည့္တုိ႔ကုိ ေရးသားခဲ့သည္။ အဆုိပါ ေရးသားမႈအေပၚ ႏုိင္ငံေရးပါတီအသီးသီးက ေဝဖန္လ်က္ရွိသည္။ အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က ဆရာမုံရြာဦးေအာင္ရွင္(NLD ပါတီ ျပန္ၾကားေရး ေကာ္မတီ)ႏွင့္ ဆက္သြယ္ေမးျမန္းခဲ့သည္။
 
ေမး ။ ။ သမၼတႀကီးဦး၀င္းျမင့္က သူ႔ရဲ႕လူမႈကြန္ရက္ကတစ္ဆင့္ NLD ပါတီကုိ မဲေပးဖုိ႔ ေရးသားမႈေတြအေပၚ ႏုိ္င္ငံေရး ပါတီေတြက ေဝဖန္မႈေတြရွိလာတယ္။ ဆရာမုံရြာဦးေအာင္ရွင္ရဲ႕ သေဘာထားကေရာ ဘယ္လုိရွိလဲ။
 
ေျဖ ။ ။ အခုကေတာ့ ပိုၿပီးေတာ့ အၿပိဳင္အဆိုင္မ်ားလာၿပီေလ။ ေ႐ြးေကာက္ပြဲအခ်ိန္က ကန႔္သတ္လာၿပီ။ ရက္ေတြကပ္လာ ေလေလ အၿပိဳင္အဆိုင္ကေတာ့ မ်ားလာမွာပဲ။ အၿပိဳင္အဆိုင္မ်ားသလိုပဲ ေျပာတာဆိုတာေတြကအစေပါ့။ ဒီလိုအၿပိဳင္အဆိုင္ ေျပာၾကမွာပဲေလ။ ဒီေနရာမွာ အဓိကကေတာ့ မဲဆႏၵရွင္ျပည္သူေတြရဲ႕သေဘာထားက အေရးႀကီးပါတယ္။ ကိုယ္က ဘယ္ ေလာက္ပဲေျပာေနေန မဲဆႏၵရွင္လူထုက ဒီအေပၚမွာ ေလ့လာၾကရမွာပဲ။ မၾကာခဏေျပာဖူးပါတယ္၊ ၅ ႏွစ္တာကာလမွာ ငါးမိနစ္ေလာက္ ကတိေတြေပးလို႔ေလာက္ကေတာ့ ဘာမွျဖစ္လာမွာမဟုတ္ဘူး။ ဒါအားလုံးခ်င့္ခ်ိန္ၿပီးေတာ့ မဲေပးၾကမွာပါပဲ။
 
ေမး ။ ။ အခုလို နိုင္ငံေတာ္သမၼတကုိယ္တုိင္ မဲဆြယ္ျခင္းက ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ညီ/မညီ ဘယ္လိုရွိလဲ။
 
ေျဖ ။ ။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အထူးသျဖင့္ ေ႐ြးေကာက္ပြဲဥပေဒေပါ့။ ေ႐ြးေကာက္ပြဲဥပေဒအရကေတာ့ သူက အဓိက အခ်က္သုံးခ်က္ပဲ။ နံပါတ္တစ္က နိုင္ငံေရးကို ဘာသာေရးနဲ႔ ဆက္ႏြယ္ၿပီးေတာ့ မစည္း႐ုံးရ၊ ထို႔အတူပဲ နံပါတ္ႏွစ္က လူမ်ိဳးေရးေတြနဲ႔ ဆက္ႏြယ္ၿပီးေတာ့ မစည္း႐ုံးရ၊ နံပါတ္သုံးအခ်က္ကေတာ့ လူပုဂၢိဳလ္တိုက္ခိုက္မႈေတြမလုပ္ရဘူး။ ဒီသုံးခ်က္ပဲအဓိကထားၿပီးေတာ့ ေရွာင္ဖို႔ပါပဲ။ ဒီလိုမ်ိဳးတိုက္ခိုက္လာရင္ေတာ့ ခ်က္ခ်င္း အေရးမယူနိုင္ရင္ေတာင္မွ ေ႐ြးေကာက္ပြဲၿပီးတဲ့အခါမွာ ဒါေတြကကန႔္ကြက္လႊာေတြတင္လို႔ရတယ္။ ကန႔္ကြက္လႊာတင္လို႔ရွိရင္ ခိုင္လုံရင္ ကိုယ္ဘယ္ေလာက္ပဲနိုင္ထားထား၊ ပ်က္ျပယ္သြားတတ္တယ္။ အဲဒါေတာ့ သတိထားရလိမ့္မယ္။
 
ေမး ။ ။ နိုင္ငံေတာ္သမၼတကိုယ္တိုင္ မဲဆြယ္စည္း႐ုံးေနတာဟာ နိုင္ငံေရးအရ ထိခိုက္ေစႏုိင္လား။
 
ေျဖ ။ ။ အဲဒါက လူပုဂၢိဳလ္တိုက္ခိုက္တာမဟုတ္ရင္ေတာ့ မထိခိုက္နိုင္ပါဘူး။
 
ေမး ။ ။ ယခင္ ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္တုန္းက သမၼတကိုယ္တိုင္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း တာဝန္ယူစဥ္က ေဝဖန္ေထာက္ျပခဲ့တယ္။ ဒီအေပၚမွာေရာ ဘယ္လိုျမင္ပါသလဲ။
 
ေျဖ ။ ။ မဟုတ္ဘူး။ အဲဒီဟာက ဖြဲ႕စည္းပုံအေျခခံဥပေဒအရေတာ့ မွန္တယ္။ သို႔ေသာ္လည္းပဲ ေကာ္မရွင္ဥပေဒေပါ့ေလ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒက်ေတာ့ မဲဆြယ္ခြင့္ေပးထားတယ္။ ဦးသိန္းစိန္လက္ထက္တုန္းကလည္း အဲဒီေကာ္မရွင္ဥပေဒနဲ႔ မဲဆြယ္ခြင့္ရထားတာေတြရွိပါတယ္။ ဖြဲ႕စည္းပုံဥပေဒနဲ႔ ေ႐ြးေကာက္ပြဲဥပေဒနဲ႔က နည္းနည္းေတာ့ ဝိေရာဓိျဖစ္သြားတာေပါ့ေလ။ ေ႐ြးေကာက္ပြဲဥပေဒအရေတာ့ အေရးေပၚလုပ္ရတဲ့ဥပေဒဆိုေတာ့ အဲဒီဟာေပၚမွာပဲ အေျခခံၿပီးေတာ့ မဲဆြယ္ၾကတာပါပဲ။
 
ေမး ။ ။ အခုလုိ ႏုိင္ငံေတာ္သမၼတက လူမႈကြန္ယက္ကတစ္ဆင့္ မဲဆြယ္တာက ႏုိင္ငံေတာ္သမၼတတစ္ေယာက္အေနနဲ႔ မဲဆြယ္တာလား။ NLD ပါတီရဲ႕ ဒုဥကၠ႒တစ္ေယာက္အေနနဲ႔ဆြယ္တာလား။
 
ေျဖ ။ ။ သူကသမၼတအေနနဲ႔ေျပာမွာမဟုတ္ဘူး။ သမၼတအေနနဲ႔ ေျပာတာမွမဟုတ္တာ။ သူက တာေမြၿမိဳ႕နယ္ မဲဆႏၵနယ္ကေနၿပီးေတာ့ ၀င္အေ႐ြးခံမယ့္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ေယာက္အေနနဲ႔ မဲဆြယ္ေနတာပါ။ သမၼတအေနနဲ႔မဟုတ္ပါဘူး။
 
ေမး ။ ။ ဆရာ့အေနနဲ႔ဘာမ်ားျဖည့္စြက္ေျပာၾကားခ်င္ေသးလဲ။
 
ေျဖ ။ ။ ဘယ္သူပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲဥပေဒရဲ႕ ၫႊန္ၾကားခ်က္နဲ႔ညီတဲ့ မဲဆြယ္တာဟာ အေကာင္းဆုံးပဲလို႔ ေျပာခ်င္ပါတယ္။
 
အခုလိုေျဖၾကားေပးသည့္ ဆရာမုံ႐ြာေအာင္ရွင္အား People Media မွ ေက်းဇူးအထူးတင္ရွိပါတယ္။
 
#PeopleMedia #မုံရြာဦးေအာင္ရွင္ #Political #ဦးဝင္းျမင့္
 
(unicode)
နိုင်ငံတော်သမ္မတဦးဝင်းမြင့် သူ၏ လူမှုကွန်ယက်၌ မဲဆွယ်မှုသည် သမ္မတတစ်ယောက်အနေဖြင့် မဲဆွယ်ခြင်းမဟုတ်ဘဲ တာမွေမြို့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် မဲဆွယ်ခြင်းသာဖြစ်ကြောင်း မုံရွာဦးအောင်ရှင် ရှင်းလင်း
………………………………………………
 
နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် သူ၏ လူမှုကွန်ယက်မှတစ်ဆင့် ဒီမိုကရေစီအရေးအတွက် NLD ပါတီမှလွဲ၍ အခြားမရှိ၊ ဒီမိုကရေစီမှန်ကန်ရေး NLD ကိုမဲပေး စသည့်တို့ကို ရေးသားခဲ့သည်။ အဆိုပါ ရေးသားမှုအပေါ် နိုင်ငံရေးပါတီအသီးသီးက ဝေဖန်လျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က ဆရာမုံရွာဦးအောင်ရှင်(NLD ပါတီ ပြန်ကြားရေး ကော်မတီ)နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။
 
မေး ။ ။ သမ္မတကြီးဦးဝင်းမြင့်က သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် NLD ပါတီကို မဲပေးဖို့ ရေးသားမှုတွေအပေါ် နို်င်ငံရေး ပါတီတွေက ဝေဖန်မှုတွေရှိလာတယ်။ ဆရာမုံရွာဦးအောင်ရှင်ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။
 
ဖြေ ။ ။ အခုကတော့ ပိုပြီးတော့ အပြိုင်အဆိုင်များလာပြီလေ။ ရွေးကောက်ပွဲအချိန်က ကန့်သတ်လာပြီ။ ရက်တွေကပ်လာ လေလေ အပြိုင်အဆိုင်ကတော့ များလာမှာပဲ။ အပြိုင်အဆိုင်များသလိုပဲ ပြောတာဆိုတာတွေကအစပေါ့။ ဒီလိုအပြိုင်အဆိုင် ပြောကြမှာပဲလေ။ ဒီနေရာမှာ အဓိကကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့သဘောထားက အရေးကြီးပါတယ်။ ကိုယ်က ဘယ် လောက်ပဲပြောနေနေ မဲဆန္ဒရှင်လူထုက ဒီအပေါ်မှာ လေ့လာကြရမှာပဲ။ မကြာခဏပြောဖူးပါတယ်၊ ၅ နှစ်တာကာလမှာ ငါးမိနစ်လောက် ကတိတွေပေးလို့လောက်ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဒါအားလုံးချင့်ချိန်ပြီးတော့ မဲပေးကြမှာပါပဲ။
 
မေး ။ ။ အခုလို နိုင်ငံတော်သမ္မတကိုယ်တိုင် မဲဆွယ်ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ/မညီ ဘယ်လိုရှိလဲ။
 
ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးသဖြင့် ရွေးကောက်ပွဲဥပဒေပေါ့။ ရွေးကောက်ပွဲဥပဒေအရကတော့ သူက အဓိက အချက်သုံးချက်ပဲ။ နံပါတ်တစ်က နိုင်ငံရေးကို ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့ မစည်းရုံးရ၊ ထို့အတူပဲ နံပါတ်နှစ်က လူမျိုးရေးတွေနဲ့ ဆက်နွယ်ပြီးတော့ မစည်းရုံးရ၊ နံပါတ်သုံးအချက်ကတော့ လူပုဂ္ဂိုလ်တိုက်ခိုက်မှုတွေမလုပ်ရဘူး။ ဒီသုံးချက်ပဲအဓိကထားပြီးတော့ ရှောင်ဖို့ပါပဲ။ ဒီလိုမျိုးတိုက်ခိုက်လာရင်တော့ ချက်ချင်း အရေးမယူနိုင်ရင်တောင်မှ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဒါတွေကကန့်ကွက်လွှာတွေတင်လို့ရတယ်။ ကန့်ကွက်လွှာတင်လို့ရှိရင် ခိုင်လုံရင် ကိုယ်ဘယ်လောက်ပဲနိုင်ထားထား၊ ပျက်ပြယ်သွားတတ်တယ်။ အဲဒါတော့ သတိထားရလိမ့်မယ်။
 
မေး ။ ။ နိုင်ငံတော်သမ္မတကိုယ်တိုင် မဲဆွယ်စည်းရုံးနေတာဟာ နိုင်ငံရေးအရ ထိခိုက်စေနိုင်လား။
 
ဖြေ ။ ။ အဲဒါက လူပုဂ္ဂိုလ်တိုက်ခိုက်တာမဟုတ်ရင်တော့ မထိခိုက်နိုင်ပါဘူး။
 
မေး ။ ။ ယခင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက သမ္မတကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း တာဝန်ယူစဉ်က ဝေဖန်ထောက်ပြခဲ့တယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
 
ဖြေ ။ ။ မဟုတ်ဘူး။ အဲဒီဟာက ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ မှန်တယ်။ သို့သော်လည်းပဲ ကော်မရှင်ဥပဒေပေါ့လေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေကျတော့ မဲဆွယ်ခွင့်ပေးထားတယ်။ ဦးသိန်းစိန်လက်ထက်တုန်းကလည်း အဲဒီကော်မရှင်ဥပဒေနဲ့ မဲဆွယ်ခွင့်ရထားတာတွေရှိပါတယ်။ ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေနဲ့က နည်းနည်းတော့ ဝိရောဓိဖြစ်သွားတာပေါ့လေ။ ရွေးကောက်ပွဲဥပဒေအရတော့ အရေးပေါ်လုပ်ရတဲ့ဥပဒေဆိုတော့ အဲဒီဟာပေါ်မှာပဲ အခြေခံပြီးတော့ မဲဆွယ်ကြတာပါပဲ။
 
မေး ။ ။ အခုလို နိုင်ငံတော်သမ္မတက လူမှုကွန်ယက်ကတစ်ဆင့် မဲဆွယ်တာက နိုင်ငံတော်သမ္မတတစ်ယောက်အနေနဲ့ မဲဆွယ်တာလား။ NLD ပါတီရဲ့ ဒုဥက္ကဋ္ဌတစ်ယောက်အနေနဲ့ဆွယ်တာလား။
 
ဖြေ ။ ။ သူကသမ္မတအနေနဲ့ပြောမှာမဟုတ်ဘူး။ သမ္မတအနေနဲ့ ပြောတာမှမဟုတ်တာ။ သူက တာမွေမြို့နယ် မဲဆန္ဒနယ်ကနေပြီးတော့ ဝင်အရွေးခံမယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ မဲဆွယ်နေတာပါ။ သမ္မတအနေနဲ့မဟုတ်ပါဘူး။
 
မေး ။ ။ ဆရာ့အနေနဲ့ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။
 
ဖြေ ။ ။ ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲဥပဒေရဲ့ ညွှန်ကြားချက်နဲ့ညီတဲ့ မဲဆွယ်တာဟာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။
 
အခုလိုဖြေကြားပေးသည့် ဆရာမုံရွာအောင်ရှင်အား People Media မှ ကျေးဇူးအထူးတင်ရှိပါတယ်။
 
#PeopleMedia #မုံရွာဦးအောင်ရှင် #Political #ဦးဝင်းမြင့်

Share this post