• Follow Us on

Home ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏အတုိင္ပင္ခံအပါအဝင္ ျပည္ေထာင္စု ဝန္ႀကီး၊ ဒုဝန္ႀကီးမ်ားကုိ ေျမကြက္ခ်ေပး မည္

ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏အတုိင္ပင္ခံအပါအဝင္ ျပည္ေထာင္စု ဝန္ႀကီး၊ ဒုဝန္ႀကီးမ်ားကုိ ေျမကြက္ခ်ေပး မည္

Share this post

ရန္ကုန္၊ ဇြန္ – ၁၉(PeopleMedia)

ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံအပါအဝင္ ျပည္ေထာင္စုဝန္ႀကီး၊ ဒုဝန္ႀကီးမ်ားကို ေျမကြက္ခ်ေပး မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာသည္။

ယေန႔ က်င္းပသည့္ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲ၌ သတင္းေထာက္မ်ား၏ ေမးျမန္းမႈကို ဦးေဇာ္ေဌးက ေျပာ ဆိုလိုက္တာလည္း ျဖစ္ပါတယ္။

ထိုကဲ့သို႔ ႏိုင္ငံေတာ္သမၼတ၊ အတိုင္ပင္ခံအပါအဝင္ ဝန္ႀကီး၊ ဒုဝန္ႀကီးအပါအဝင္ အစိုးရအဖြဲ႕ဝင္ အႀကီးအကဲ မ်ားကို ခ်ေပးမည့္ေျမကြက္၏ ေစ်းႏႈန္းမ်ားကို ဦးေဇာ္ေဌးက ထုတ္ေဖာ္ေျပာဆိုျခင္းေတာ့ မရွိပါဘူး။

ထိုကဲ့သို႔ ေျမကြက္ခ်ထားေပးရာ၌ ႏိုင္ငံေတာ္သမၼတ၊ အတိုင္ပင္ခံတို႔သည္ ေပ(၄၀၀) ပတ္ လည္ ေျမကြက္မ်ားျဖစ္ၿပီး ဝန္ႀကီး ေပ(၃၀၀)ပတ္လည္၊ ဒုဝန္ႀကီးမ်ားသည္ ေပ(၂၅၀) ပတ္ လည္ႏွင့္ ညႊန္ခ်ဳပ္အဆင့္ဆုိပါက ေပ(၁၀၀)ပတ္လည္ေျမ ကြက္မ်ား ရရွိၾကမွာလည္းျဖစ္ပါ တယ္။

ဝန္ႀကီးမ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ Hotel Max အနီးရွိ ေျမကြက္မ်ားကို ခ်ထားေပးမည္ျဖစ္ၿပီး ဒု-ဝန္ႀကီးမ်ားကို တိုင္ရင္းေဆး႐ုံအနီးရွိ ေနရာခ်ထားေပးမွာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ ေျမယာျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေနျပည္ေတာ္ေကာင္စီမွ ေဆာင္ရြက္ေနၿပီး ေျမယာျပဳျပင္ ျခင္းအတြက္ က်ပ္ေငြေလးဘီလီယံ သုံးစြဲရန္ စီစဉ္ထားေၾကာင္း ေနျပည္ေတာ္ေကာင္စီစည္ပင္ဝန္ထမ္းမ်ားထံမွ သိရွိရပါတယ္။

Photo – ဝန္ႀကီးမ်ားေနရာခ်မည့္ ေျမကြက္မ်ား ေျမယာျပဳျပင္ျခင္း ေဆာင္ရြက္ေနမႈ

#PeopleMedia #ေနျပည္ေတာ္ေကာင္စီ #ေျမကြက္

(unicode)
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးများကို မြေကွက်ချပေး မည်
………………………………………………………

ရန်ကုန်၊ ဇွန် – ၁၉(PeopleMedia)

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများကို မြေကွက်ချပေး မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ယနေ့ ကျင်းပသည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ပြော ဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် အကြီးအကဲ များကို ချပေးမည့်မြေကွက်၏ ဈေးနှုန်းများကို ဦးဇော်ဌေးက ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။

ထိုကဲ့သို့ မြေကွက်ချထားပေးရာ၌ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံတို့သည် ပေ(၄၀၀) ပတ် လည် မြေကွက်များဖြစ်ပြီး ဝန်ကြီး ပေ(၃၀၀)ပတ်လည်၊ ဒုဝန်ကြီးများသည် ပေ(၂၅၀) ပတ် လည်နှင့် ညွှန်ချုပ်အဆင့်ဆိုပါက ပေ(၁၀၀)ပတ်လည်မြေ ကွက်များ ရရှိကြမှာလည်းဖြစ်ပါ တယ်။

ဝန်ကြီးများကို နေပြည်တော်ကောင်စီနယ်မြေ Hotel Max အနီးရှိ မြေကွက်များကို ချထားပေးမည်ဖြစ်ပြီး ဒု-ဝန်ကြီးများကို တိုင်ရင်းဆေးရုံအနီးရှိ နေရာချထားပေးမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်၌ မြေယာပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီမှ ဆောင်ရွက်နေပြီး မြေယာပြုပြင် ခြင်းအတွက် ကျပ်ငွေလေးဘီလီယံ သုံးစွဲရန် စီစဉ်ထားကြောင်း နေပြည်တော်ကောင်စီစည်ပင်ဝန်ထမ်းများထံမှ သိရှိရပါတယ်။

Photo – ဝန်ကြီးများနေရာချမည့် မြေကွက်များ မြေယာပြုပြင်ခြင်း ဆောင်ရွက်နေမှု

#PeopleMedia #နေပြည်တော်ကောင်စီ #မြေကွက်


Share this post