• Follow Us on

Home ႏုိင္ငံေတာ္သမၼတႏွင့္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔ ပါတီကိုယ္စားျပဳ၍ မဲဆြယ္မည့္အေပၚ အာဏာအလြဲ သုံးစားလုပ္ေၾကာင္း ဒီမိုကရက္တစ္ပါတီျမန္မာဥကၠ႒ဦးသုေဝ ေဝဖန္

ႏုိင္ငံေတာ္သမၼတႏွင့္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔ ပါတီကိုယ္စားျပဳ၍ မဲဆြယ္မည့္အေပၚ အာဏာအလြဲ သုံးစားလုပ္ေၾကာင္း ဒီမိုကရက္တစ္ပါတီျမန္မာဥကၠ႒ဦးသုေဝ ေဝဖန္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၃

 

နိုင္ငံေတာ္သမၼတႏွင့္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔ ပါတီကိုယ္စားျပဳ၍ မဲဆြယ္မည့္အေပၚ အာဏာအလြဲ သုံးစားလုပ္ေၾကာင္း ဒီမိုကရက္တစ္ပါတီျမန္မာဥကၠ႒ ဦးသုေဝက ေဝဖန္လုိက္သည္။

 

NLD ပါတီမွ ထုတ္ျပန္သည့္ အထူးေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး ဇူလိုင္(၃)ရက္ေန႔၌ PeopleMedia သတင္း ဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ ဒီမိုကရက္တစ္ပါတီျမန္မာမွ ဥကၠ႒ ဦးသုေဝက အထက္ပါအတုိင္း ေျပာဆုိ လုိက္ျခင္းျဖစ္သည္။

 

“က်န္တဲ့ပါတီေတြက အခုဆိုရင္စည္း႐ုံးေရးလုပ္ငန္း ဘာမွမလုပ္နိုင္ေသးဘူး။ အခုက ႏုိင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံက သူတို႔မွာလုပ္ႏုိင္တဲ့အေျခအေနလည္းရွိၾကတယ္။ အာဏာကလည္းရွိၾကတယ္။ ရန္ပုံေငြလည္း ရွိၾကတယ္ဆိုေတာ့ သူတို႔ေတြလုပ္မယ္ဆိုေတာ့ သူတို႔ကအမ်ားႀကီးသာတာေပါ့။ ပါတီငယ္ေတြ အမ်ားႀကီး နစ္နာတာေပါ့ဗ်ာ။ ဒီမိုကေရစီက ကြၽန္ေတာ္တို႔နိုင္ငံမွာ မပီျပင္ေသးဘူးေလ။ အဲဒီေတာ့ အထူးသျဖင့္ အာဏာရွိ တဲ့သူေတြက အလြဲသုံးစားလုပ္တယ္လို႔လည္းေျပာလို႔ရတာေပါ့။ ဥပေဒကိုလွည့္စားၿပီးလုပ္လို႔ရတာေပါ့” ဦးသုေဝက ေျပာသည္။

 

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဇူလိုင္ ၂ ရက္ေန႔တြင္ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး ၎ထုတ္ျပန္ ခ်က္အရ ပါတီဥကၠ႒ႏွင့္ ဒုဥကၠ႒(၁)တုိ႔သည္ ပါတီစည္း႐ုံးေရးလုပ္ငန္းႏွင့္ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ လက္ရွိအခ်ိန္၌ NLD ပါတီဥကၠ႒အျဖစ္ တာဝန္ယူထားသည္ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံအျဖစ္လည္းေကာင္း၊ NLD ပါတီဒုဥကၠ႒(၁)အျဖစ္ တာဝန္ယူထားသည့္ ဦးဝင္းျမင့္သည္ ႏုိင္ငံေတာ္သမၼတအျဖစ္လည္းေကာင္း ႏုိင္ငံတာဝန္မ်ားကုိ ထမ္းေဆာင္ လ်က္ရွိသည္။

 

“အမွန္ေတာ့ ဒီလို ႏုိင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံမဲဆြယ္စည္း႐ုံးမယ္ဆိုတာက အခုခ်ိန္မွာ ဖားကန္႔မွာလည္း နိုင္ငံသားေတြဗ်ာ။ လူေတြတစ္ရာေက်ာ္ေတာင္ေသတယ္။ ပါတီအေရးက နိုင္ငံံ့အေရးေလာက္အေရးမႀကီး ပါဘူး။ သူဘာသူဥပေဒအရလိုရာ ဆြဲသုံးတာေတာ့ ေထာက္ျပမေျပာလိုပါဘူး။ သို႔ေသာ္ ကြၽန္ေတာ္ေျပာခ်င္ တာက လက္ရွိအာဏရတဲ့အဖြဲ႕အစည္းဟာ ႏုိင္ငံ့အေရးကိုပဲဦးစားေပးသင့္ပါတယ္”ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ကေျပာသည္။

 

လက္ရွိတြင္ နိုင္ငံေတာ္သမၼတႏွင့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းစဥ္မ်ား ေဆာင္ ႐ြက္မည့္အေပၚ ႏုိင္ငံေရးပါတီမ်ားႏွင့္ ႏုိင္ငံေရးေလ့လာသုံးသက္သူမ်ားက ဥပေဒႏွင့္ ညီမညီ အျငင္းပြားလ်က္ရွိ သည္။

 

“အဲဒါကေလ ကြၽန္ေတာ္တို႔ဆိုတာထက္ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ပဲဆိုင္တယ္။ အဲဒီကိစၥကေလ။ ေ႐ြးေကာက္ ပြဲေကာ္မရွင္ကလည္း သူ႔ဆုံးျဖတ္ခ်က္ေတြရွိမွာေပါ့။ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သေဘာထားနဲ႔ပဲဆိုင္ပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဒါလုပ္ခြင့္ရွိတယ္။ ဒါလုပ္ႏုိင္တယ္ဆိုလို႔ရွိရင္ ဒါကြၽန္ေတာ္တို႔လုပ္မွာပဲ”ဟု NLD ျပန္ ၾကားေရးေကာ္မတီအတြင္းေရးမွဴး မုံ႐ြာဦးေအာင္ရွင္ကေျပာသည္။

 

#PeopleMedia #NLD #PPP #ဒီမုိကရက္တစ္ပါတီ(ျမန္မာ) #2020Election

 

(unicode)

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီကိုယ်စားပြု၍ မဲဆွယ်မည့်အပေါ် အာဏာအလွဲ သုံးစားလုပ်ကြောင်း ဒီမိုကရက်တစ်ပါတီမြန်မာဥက္ကဋ္ဌဦးသုဝေ ဝေဖန်
………………………………………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၃

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီကိုယ်စားပြု၍ မဲဆွယ်မည့်အပေါ် အာဏာအလွဲ သုံးစားလုပ်ကြောင်း ဒီမိုကရက်တစ်ပါတီမြန်မာဥက္ကဋ္ဌ ဦးသုဝေက ဝေဖန်လိုက်သည်။

NLD ပါတီမှ ထုတ်ပြန်သည့် အထူးကြေညာချက်နှင့်ပတ်သက်ပြီး ဇူလိုင်(၃)ရက်နေ့၌ PeopleMedia သတင်း ဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ဒီမိုကရက်တစ်ပါတီမြန်မာမှ ဥက္ကဋ္ဌ ဦးသုဝေက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

“ကျန်တဲ့ပါတီတွေက အခုဆိုရင်စည်းရုံးရေးလုပ်ငန်း ဘာမှမလုပ်နိုင်သေးဘူး။ အခုက နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံက သူတို့မှာလုပ်နိုင်တဲ့အခြေအနေလည်းရှိကြတယ်။ အာဏာကလည်းရှိကြတယ်။ ရန်ပုံငွေလည်း ရှိကြတယ်ဆိုတော့ သူတို့တွေလုပ်မယ်ဆိုတော့ သူတို့ကအများကြီးသာတာပေါ့။ ပါတီငယ်တွေ အများကြီး နစ်နာတာပေါ့ဗျာ။ ဒီမိုကရေစီက ကျွန်တော်တို့နိုင်ငံမှာ မပီပြင်သေးဘူးလေ။ အဲဒီတော့ အထူးသဖြင့် အာဏာရှိ တဲ့သူတွေက အလွဲသုံးစားလုပ်တယ်လို့လည်းပြောလို့ရတာပေါ့။ ဥပဒေကိုလှည့်စားပြီးလုပ်လို့ရတာပေါ့” ဦးသုဝေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဇူလိုင် ၂ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန် ချက်အရ ပါတီဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ(၁)တို့သည် ပါတီစည်းရုံးရေးလုပ်ငန်းနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိအချိန်၌ NLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံအဖြစ်လည်းကောင်း၊ NLD ပါတီဒုဥက္ကဋ္ဌ(၁)အဖြစ် တာဝန်ယူထားသည့် ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း နိုင်ငံတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။

“အမှန်တော့ ဒီလို နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံမဲဆွယ်စည်းရုံးမယ်ဆိုတာက အခုချိန်မှာ ဖားကန့်မှာလည်း နိုင်ငံသားတွေဗျာ။ လူတွေတစ်ရာကျော်တောင်သေတယ်။ ပါတီအရေးက နိုင်ငံ့အရေးလောက်အရေးမကြီး ပါဘူး။ သူဘာသူဥပဒေအရလိုရာ ဆွဲသုံးတာတော့ ထောက်ပြမပြောလိုပါဘူး။ သို့သော် ကျွန်တော်ပြောချင် တာက လက်ရှိအာဏရတဲ့အဖွဲ့အစည်းဟာ နိုင်ငံ့အရေးကိုပဲဦးစားပေးသင့်ပါတယ်”ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျကပြောသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ ဆောင် ရွက်မည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသက်သူများက ဥပဒေနှင့် ညီမညီ အငြင်းပွားလျက်ရှိ သည်။

“အဲဒါကလေ ကျွန်တော်တို့ဆိုတာထက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပဲဆိုင်တယ်။ အဲဒီကိစ္စကလေ။ ရွေးကောက် ပွဲကော်မရှင်ကလည်း သူ့ဆုံးဖြတ်ချက်တွေရှိမှာပေါ့။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားနဲ့ပဲဆိုင်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဒါလုပ်ခွင့်ရှိတယ်။ ဒါလုပ်နိုင်တယ်ဆိုလို့ရှိရင် ဒါကျွန်တော်တို့လုပ်မှာပဲ”ဟု NLD ပြန် ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။

#PeopleMedia #NLD #PPP #ဒီမိုကရက်တစ်ပါတီ(မြန်မာ) #2020Election


Share this post