• Follow Us on

Home နိုင်ငံတော်အတိုင်ပင်ခံနှင့်သမ္မတ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ၌ နိုင်ငံတ်ာမှ ပေးအပ်ထားသည့် အဆောင်အယောင်များကို အသုံးပြု၍မရဟု ကန့်သတ်ထားခြင်းမရှိကြောင်း UEC ဆို

နိုင်ငံတော်အတိုင်ပင်ခံနှင့်သမ္မတ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ၌ နိုင်ငံတ်ာမှ ပေးအပ်ထားသည့် အဆောင်အယောင်များကို အသုံးပြု၍မရဟု ကန့်သတ်ထားခြင်းမရှိကြောင်း UEC ဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ-၂၇

 

နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံတော်သမ္မတသည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ နိုင်ငံတော်မှပေးအပ်ထား သည့် အဆောင်အယောင်များကို အသုံးပြု၍မရဟု ဥပဒေ၌ ကန့်သတ်တားမြစ်ခြင်းမရှိကြောင်း UEC က ဆိုသည်။

 

နိုဝင်ဘာ ၂၇ ရက်၌ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှု၌ အထက်ပါအတိုင်း UEC မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံတို့သည် ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံတော်မှ ချီးမြှင့်ထားသည့် မော်တော်ကား၊ လုံခြုံရေးကို အသုံးမပြုရဟု တည်ဆဲဥပဒေအရ တားမြှင့်ခြင်းမရှိကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

 

အလားတူ ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ (၃၇) သန်းကျော်ခန့်ရှိပြီး အဆိုပါစာရင်း၌ တပ်မတော်သား များနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ခြင်းမရှိကြောင်း UCE ကဆိုသည်။

 

#PeopleMedia #UEC

 

(Unicode)


Share this post