• Follow Us on

Home ႏုိင္ငံေတာ္အတုိင္ပင္ခံ ဂ်ပန္ခရီးစဥ္၌ ဂ်ပန္ေရာက္ ရခုိင္တုိင္းရင္းသား မ်ား ဆႏၵျပမည္

ႏုိင္ငံေတာ္အတုိင္ပင္ခံ ဂ်ပန္ခရီးစဥ္၌ ဂ်ပန္ေရာက္ ရခုိင္တုိင္းရင္းသား မ်ား ဆႏၵျပမည္

Share this post

ရန္ကုန္၊ ေအာက္တုိဘာ ၁၇

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ ဂ်ပန္ခရီးစဥ္၌ ဂ်ပန္ေရာက္ရခုိင္လူမ်ဳိးမ်ားႏွင့္ ရခုိင္ အသင္းအဖြဲ႔အစည္းမ်ားမွ ဆႏၵ ထုတ္ေဖာ္သြားမည္ျဖစ္သည္။

ႏုိင္ငံေတာ္အတုိင္ပင္ခံ ခရီးစဥ္ႏွင့္ပတ္သက္၏ အတုိင္ပင္ခံ႐ုံး၏ ထုတ္ ျပန္ခ်က္၌ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ဂ်ပန္အစိုးရ၏ ဖိတ္ၾကားခ်က္အရ ဂ်ပန္ဘုရင္အသစ္ နာရူဟီတို၏ ထီးနန္းတက္ပဲြ အခမ္းအနားသို႔ တက္ေရာက္ရန္ မၾကာမီ ကာလအတြင္း ဂ်ပန္နိုင္ငံသို႔ တရားဝင္ခရီးစဥ္အျဖစ္ သြားေရာက္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ႏုိင္ငံေတာ္အတုိင္ပင္ခံသည္ ဂ်ပန္ႏုိင္ငံ၌ ေအာက္တုိဘာ(၂၁ ရက္မွ ၂၃ ရက္)အထိ သုံးရက္ၾကာ သြား ေရာက္မည္ျဖစ္သည္။

ဂ်ပန္ေရာက္ ရခုိင္ တုိင္းရင္းသားမ်ားသည္ ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ား၌ တပ္မေ တာ္ႏွင့္ AA အဖြဲ႔ ျဖစ္ပြားေနေသာ ကိစၥရပ္မ်ားအပါအဝင္ စစ္ဒဏ္ကုိ ရခုိင္တုိင္းရင္းသားမ်ား ခံစားေနရသည့္ကိစၥရပ္မ်ား ပါဝင္သြားမည္ျဖစ္ သည္။ ဂ်ပန္ေရာက္ ရခုိင္တုိင္းရင္းသားမ်ားသည္ ေအာက္တုိဘာ ၂၀ ရက္ ေန႔လည္ (၃ နာရီမွ ၄ နာရီအထိ) ဂ်ပန္ႏုိင္ငံရွိ ျမန္မာသံရုံး၌ အတုိင္ ပင္ခံကုိ ဆႏၵထုတ္ေဖာ္သြားမည္ျဖစ္သည္။

Photo – အတုိင္ပင္ခံ႐ုံး

(unicode)
နိုင်ငံတော်အတိုင်ပင်ခံ ဂျပန်ခရီးစဉ်၌ ဂျပန်ရောက် ရခိုင်တိုင်းရင်းသား များ ဆန္ဒပြမည်
……………………………………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ ၁၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်၌ ဂျပန်ရောက်ရခိုင်လူမျိုးများနှင့် ရခိုင် အသင်းအဖွဲ့အစည်းများမှ ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်နှင့်ပတ်သက်၏ အတိုင်ပင်ခံရုံး၏ ထုတ် ပြန်ချက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်အသစ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် မကြာမီ ကာလအတွင်း ဂျပန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံသည် ဂျပန်နိုင်ငံ၌ အောက်တိုဘာ(၂၁ ရက်မှ ၂၃ ရက်)အထိ သုံးရက်ကြာ သွား ရောက်မည်ဖြစ်သည်။

ဂျပန်ရောက် ရခိုင် တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မ ေတာ်နှင့် AA အဖွဲ့ ဖြစ်ပွားနေသော ကိစ္စရပ်များအပါအဝင် စစ်ဒဏ်ကို ရခိုင်တိုင်းရင်းသားများ ခံစားနေရသည့်ကိစ္စရပ်များ ပါဝင်သွားမည်ဖြစ် သည်။ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများသည် အောက်တိုဘာ ၂၀ ရက် နေ့လည် (၃ နာရီမှ ၄ နာရီအထိ) ဂျပန်နိုင်ငံရှိ မြန်မာသံရုံး၌ အတိုင် ပင်ခံကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။

Photo – အတိုင်ပင်ခံရုံး


Share this post