• Follow Us on

Home ႏုိင္ငံေရးပါတီမ်ား အသိအမွတ္ျပဳျခင္းမခံရသည္ ရခုိင္ျပည္နယ္၏ ရဲကင္းစခန္းမ်ား

ႏုိင္ငံေရးပါတီမ်ား အသိအမွတ္ျပဳျခင္းမခံရသည္ ရခုိင္ျပည္နယ္၏ ရဲကင္းစခန္းမ်ား

Share this post

ၿပီးခဲ့သည့္ ရက္ပုိင္းအတြင္းက ရခုိင္ျပည္နယ္ သဇင္ၿမိဳင္ရဲကင္းစခန္း ကုိ AA အဖြဲ႕က ဝင္ေရာက္တုိက္ခုိက္ ၿပီးေနာက္ ရဲကင္းစခန္း က်ဆုံးခဲ့သလုိ တာဝန္က်ရဲဝန္ထမ္းမ်ားလည္း က်ဆုံးခဲ့ရၿပီး ၎တုိ႔၏ မိသားစုဝင္ ကေလးငယ္မ်ားကုိ AA က ဖမ္းဆီးခဲ့ပါတယ္။ သဇင္ၿမိဳင္ရဲကင္းစခန္း တုိက္ခုိက္ခံရမႈ၌ ရဲအုပ္မုိးေဇာ္အပါအဝင္ တပ္ဖြဲ႕ဝင္မ်ား က်ဆုံးခဲ့ရသလုိ ရဲတပ္ဖြဲ႕ဝင္အခ်ဳိ႕ ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။

AA အဖြဲ႕ကေတာ့ ၎တုိ႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္အခ်ဳိ႕၏ အမ်ဳိးသမီးႏွင့္ ကေလးငယ္မ်ားကုိ ျပန္လႊတ္ေပးခဲ့ပါတယ္။ AA အဖြဲ႕က ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာရွိတဲ့ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ေတြ ရဲကင္းေတြ ကုိ တုိက္ခုိက္ေနတာ အႀကိမ္ေရ အေတာ္မ်ားေနပါၿပီ။ ဒီေနရာမွာ ေမးခြန္းထုတ္ရမွာက ဘာေၾကာင့္ ဒီလုိရဲ႕ ကင္းေတြကုိ လုံၿခံဳေရး ဝန္ထမ္းအင္အား လုံၿခံဳေရးအင္အား ဘာေၾကာင့္ အဆင့္မျမွင့္တာလည္းဆုိတာ အစိုးရ တာဝန္ရွိသူေတြကုိ ေမခြန္းထုတ္ရမွာ။ ဒီလုိ ရဲကင္းစခန္းေတြ တုိက္ခုိက္ခံရတာ တာဝန္ထမ္းေဆာင္စဥ္ လုံၿခံဳ ေရး ယာဥ္တန္းေတြ၊ ရဲတပ္ဖြဲ႕ေတြကုိ ARSA၊ AA အဖြဲ႕ေတြက မၾကာခဏ မုိင္းဆြဲျခင္း၊ ၿခဳံခုိတုိက္ခုိက္ျခင္းေတြ မၾကာခဏလုပ္ေနတာ တာဝန္ရွိသူေတြနဲ႔ ႏုိင္ငံေရးပါတီေခါင္းေဆာင္ေတြ သိၾကမွာပါ။

ဒီေနရာမွာ ရခုိင္ျပည္ နယ္ေျမာက္ပုိင္းမွာ AA ရဲ႕ ေျမေပၚေျမေအာင္ ဆဲလ္ေတြက ဘယ္ေလာက္တည္ေဆာက္ ထားတယ္ဆုိတာ ႏုိင္ငံေရးပါတီေတြနဲ႔ သက္ဆုိင္ရာတာဝန္ရွိသူေတြ မွန္မွန္ကန္ကန္ သုံးသပ္သင့္သလုိ လုိအပ္ ခ်က္ေတြကုိ ခ်က္ျခင္းျဖည့္ေပးဖုိ႔ လုိပါတယ္။ လုိအပ္ခ်က္ေတြကုိ သိရက္နဲ႔ မျဖည့္ခဲ့ရင္ တာဝန္က် ရဲဝန္ထမ္း ေတြရဲ႕ဘဝက အခ်ိန္မေရြး အေျပာင္းအလဲ ရွိေနပါတယ္။ ဒီေနရာမွာ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အေျခအေနမွန္ကုိ ေဆာင္ရြက္ေပးဖုိ႔နဲ႔ မွန္ကန္စြာ သုံးသပ္ေပးဖုိ႔က သက္ဆုိင္ရာ လုံၿခံဳေရးတပ္ဖြဲ႕အျပင္ ႏုိင္ငံေရးပါတီေတြရဲ႕ အခန္းက႑က အေရးႀကီးဆုံးေနရာမွာ ရွိပါတယ္။

ဘာေၾကာင့္ဆုိရရင္ ႏုိင္ငံေရးပါတီေတြက လႊတ္ေတာ္တြင္း လႊတ္ေတာ္ျပင္ပကေန ႏုိင္ငံေတာ္ကုိ တုိက္႐ုိက္ ေတာင္းဆုိခြင့္ရွိလုိ႔ပါ။ ႏုိင္ငံေရးပါတီဆုိတာ ႏုိင္ငံတာဝန္ထမ္းေဆာင္ဖုိ႔ ျဖစ္လာမည့္ အစုိးရအဖြဲ႕အစည္းပါ။ ႏုိင္ငံေရးပါတီေတြကလည္း ရခုိင္ျပည္နယ္မွာ တာဝန္က်ေနတဲ့ ရဲဝန္ထမ္းေတြ တုိက္ခုိက္ခံရတဲ့ ျဖစ္စဥ္ေတြ အေပၚသုံးသပ္ၿပီး ထုတ္ျပန္ျခင္း အစုိးရကုိ ေတာင္ဆုိျခင္းမ်ား ယခင္က ျပဳလုပ္ခဲ့ၾကေသာ္လည္း ေနာက္ပုိင္း သဇင္ၿမိဳင္ရဲကင္း တုိက္ခုိက္ခံရမႈျဖစ္စဥ္မွာ ထုတ္ျပန္ျခင္း မရွိပါဘူး။ ဒီေနရာမွ ႏုိင္ငံေရးပါတီေတြက AA တုိက္ခုိက္လုိ႔ က်ဆုံးခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ သူတုိ႔ရဲ႕ မိသားစုေတြကုိ အသိအမွတ္မျပဳခဲ့တာ အထင္အရွားပါ။ သဇင္ၿမိဳင္ရဲကင္းစခန္း တုိက္ခုိက္ခံရမွႈျဖစ္စဥ္မွာ ဘယ္ႏုိင္ငံေရးပါတီမွ ဝမ္းနည္းေၾကာင္း၊ က်ဆုံးရဲတပ္ဖြဲ႕ဝင္ မ်ားနဲ႔ ထပ္တူရွိေၾကာင္း သူတုိ႔ရဲ႕ ဘဝေတြကုိ စာနာေၾကာင္း ထုတ္ျပန္တဲ့ ႏုိင္ငံေရးပါတီ မရွိခဲ့ပါဘူး။

ျမန္မာႏုိင္ငံမွာ တရားဝင္မွတ္ပုံတင္ထားသည့္ ႏုိင္ငံေရးပါတီ(၁၀၀)ေက်ာ္ခန္႔ရွိေနေသာ္လည္း ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ ဘဝနဲ႔ ျဖစ္တည္မႈကုိ အသိအမွတ္ျပဳေပးႏုိင္တဲ့ပါတီ ဘာေၾကာင့္နည္းေနလည္းဆုိတာ ႏုိင္ငံေရးပါတီေတြကုိ ေမးခြန္းထုတ္ရလုိ ျဖစ္ေနတယ္လုိ႔ ရဲတပ္ဖြဲ႔ဝင္ တစ္ဦးက ဆုိပါတယ္။ ရခုိင္ျပည္နယ္၌ တာဝန္က် ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက “ရခုိင္ျပည္နယ္က ရဲကင္းစခန္းေတြ အခ်ိန္မေရြးလာၾကည့္ပါ။ အေဆာက္အဦးေတြက ကြန္ကရစ္နဲ႔ ေဆာက္ထားတဲ့ စခန္းနည္းသလုိ ရဲအင္အား၊ ဝန္ထမ္းအင္အား၊ လက္နက္အင္အားေတြက အခ်ိန္မေရြး က် ေရာက္လာႏုိင္တဲ့ AA ရဲ႕ တုိက္ခုိက္မႈေတြကုိ အျပန္အလွန္ ခုခံႏုိင္ဖုိ႔ ခဲယဥ္းပါတယ္”လုိ႔ ဆုိပါတယ္။

၂၀၁၉ ခုႏွစ္ ေနာက္ပုိင္းကာလမွာ AA အဖြဲ႕က ၂၀၀၉ ခုႏွစ္ ၊ ဇန္နဝါရီ ၄ ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိႏွင့္ ေက်ာက္ေတာင္ ရဲကင္းစခန္း ၄ ခုအားလည္းေကာင္း၊ မတ္ ၉ ရက္တြင္ ပုဏၰား ကြၽန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုတ္ ရဲကင္းစခန္းအားလည္းေကာင္း ဧၿပီ ၁၀ ရက္တြင္ ေျမာက္ဦးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္ အားလည္းေကာင္း၊ ဇူလိုင္ ၁၆ ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္းနယ္ေျမရဲကင္းစခန္းအား လည္းေကာင္း အသီးသီးတိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ ၂၅ ဦးက်ဆုံးၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့ကာ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ႏွင့္ မိသားစုဝင္အခ်ိဳ႕(ကေလးမ်ားအပါအဝင္)ဖမ္းဆီးခံခဲ့ရတယ္လုိ႔ လုံၿခံဳေရးရဲတပ္ဖြဲ႕ေတြက သတင္းထုတ္ျပန္ ထားပါတယ္။

အခ်ဳပ္အားျဖင့္ ရခုိင္ျပည္နယ္ေျမာက္ပုိင္းက ရဲကင္းစခန္းေတြကုိ ဝန္ထမ္းအင္အား၊ လုံၿခံဳေရးအင္အားကုိ အဆင့့္ျမွင့္ျခင္းမရွိဘူး။ လုိအပ္ခ်က္အရ ရွိၿမဲအတုိင္း၊ ေနၿမဲအတုိင္းကုိ ဆက္လက္ထားမယ္ဆုိရင္ သက္ဆုိင္တဲ့ တာဝန္ရွိသူေတြက အဲ့ဒီမွာ တာဝန္က်ရဲတပ္ဖြဲ႕ေတြရဲ႕ လုံၿခံဳေရးကုိ ဘယ္လုိ အာမခံမွာလည္းဆုိတာ ေမးခြန္း ထုတ္စရာပါ။ ႏုိင္ငံေရးပါတီတုိင္း ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ခံစားခြင့္၊ ရဲတပ္ဖြဲ႕ဝင္ေတြအေပၚ ရွိေနတဲ့ တည္ဆဲဥပေဒ ေတြ လုိအပ္တာေတြကုိ လႊတ္ေတာ္တြင္း လႊတ္ေတာ္ျပင္ပကေန စာနာကူညီေဆာက္ရြက္ေပးၾကဖုိ႔ လုိအပ္ေနပါ ၿပီ။

Photo – Credit

#PeopleMedia #ရခုိင္ျပည္နယ္

(unicode)
နိုင်ငံရေးပါတီများ အသိအမှတ်ပြုခြင်းမခံရသည် ရခိုင်ပြည်နယ်၏ ရဲကင်းစခန်းများ
……………………………………………………

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် သဇင်မြိုင်ရဲကင်းစခန်း ကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက် ပြီးနောက် ရဲကင်းစခန်း ကျဆုံးခဲ့သလို တာဝန်ကျရဲဝန်ထမ်းများလည်း ကျဆုံးခဲ့ရပြီး ၎င်းတို့၏ မိသားစုဝင် ကလေးငယ်များကို AA က ဖမ်းဆီးခဲ့ပါတယ်။ သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရမှု၌ ရဲအုပ်မိုးဇော်အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသလို ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

AA အဖွဲ့ကတော့ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အချို့၏ အမျိုးသမီးနှင့် ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့ပါတယ်။ AA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ ရဲကင်းတွေ ကို တိုက်ခိုက်နေတာ အကြိမ်ရေ အတော်များနေပါပြီ။ ဒီနေရာမှာ မေးခွန်းထုတ်ရမှာက ဘာကြောင့် ဒီလိုရဲ့ ကင်းတွေကို လုံခြုံရေး ဝန်ထမ်းအင်အား လုံခြုံရေးအင်အား ဘာကြောင့် အဆင့်မမြှင့်တာလည်းဆိုတာ အစိုးရ တာဝန်ရှိသူတွေကို မေခွန်းထုတ်ရမှာ။ ဒီလို ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာ တာဝန်ထမ်းဆောင်စဉ် လုံခြုံ ရေး ယာဉ်တန်းတွေ၊ ရဲတပ်ဖွဲ့တွေကို ARSA၊ AA အဖွဲ့တွေက မကြာခဏ မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတွေ မကြာခဏလုပ်နေတာ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ သိကြမှာပါ။

ဒီနေရာမှာ ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ AA ရဲ့ မြေပေါ်မြေအောင် ဆဲလ်တွေက ဘယ်လောက်တည်ဆောက် ထားတယ်ဆိုတာ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ မှန်မှန်ကန်ကန် သုံးသပ်သင့်သလို လိုအပ် ချက်တွေကို ချက်ခြင်းဖြည့်ပေးဖို့ လိုပါတယ်။ လိုအပ်ချက်တွေကို သိရက်နဲ့ မဖြည့်ခဲ့ရင် တာဝန်ကျ ရဲဝန်ထမ်း တွေရဲ့ဘဝက အချိန်မရွေး အပြောင်းအလဲ ရှိနေပါတယ်။ ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေမှန်ကို ဆောင်ရွက်ပေးဖို့နဲ့ မှန်ကန်စွာ သုံးသပ်ပေးဖို့က သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့အပြင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အရေးကြီးဆုံးနေရာမှာ ရှိပါတယ်။

ဘာကြောင့်ဆိုရရင် နိုင်ငံရေးပါတီတွေက လွှတ်တော်တွင်း လွှတ်တော်ပြင်ပကနေ နိုင်ငံတော်ကို တိုက်ရိုက် တောင်းဆိုခွင့်ရှိလို့ပါ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာမည့် အစိုးရအဖွဲ့အစည်းပါ။ နိုင်ငံရေးပါတီတွေကလည်း ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ အပေါ်သုံးသပ်ပြီး ထုတ်ပြန်ခြင်း အစိုးရကို တောင်ဆိုခြင်းများ ယခင်က ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်း သဇင်မြိုင်ရဲကင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒီနေရာမှ နိုင်ငံရေးပါတီတွေက AA တိုက်ခိုက်လို့ ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အသိအမှတ်မပြုခဲ့တာ အထင်အရှားပါ။ သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရမှှုဖြစ်စဉ်မှာ ဘယ်နိုင်ငံရေးပါတီမှ ဝမ်းနည်းကြောင်း၊ ကျဆုံးရဲတပ်ဖွဲ့ဝင် များနဲ့ ထပ်တူရှိကြောင်း သူတို့ရဲ့ ဘဝတွေကို စာနာကြောင်း ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ(၁၀၀)ကျော်ခန့်ရှိနေသော်လည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဘဝနဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပေးနိုင်တဲ့ပါတီ ဘာကြောင့်နည်းနေလည်းဆိုတာ နိုင်ငံရေးပါတီတွေကို မေးခွန်းထုတ်ရလို ဖြစ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ ရခိုင်ပြည်နယ်၌ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက “ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေ အချိန်မရွေးလာကြည့်ပါ။ အဆောက်အဦးတွေက ကွန်ကရစ်နဲ့ ဆောက်ထားတဲ့ စခန်းနည်းသလို ရဲအင်အား၊ ဝန်ထမ်းအင်အား၊ လက်နက်အင်အားတွေက အချိန်မရွေး ကျ ရောက်လာနိုင်တဲ့ AA ရဲ့ တိုက်ခိုက်မှုတွေကို အပြန်အလှန် ခုခံနိုင်ဖို့ ခဲယဉ်းပါတယ်”လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် နောက်ပိုင်းကာလမှာ AA အဖွဲ့က ၂၀၀၉ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင် ရဲကင်းစခန်း ၄ ခုအားလည်းကောင်း၊ မတ် ၉ ရက်တွင် ပုဏ္ဏား ကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းအားလည်းကောင်း ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အားလည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းအား လည်းကောင်း အသီးသီးတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ နှင့် မိသားစုဝင်အချို့(ကလေးများအပါအဝင်)ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးရဲတပ်ဖွဲ့တွေက သတင်းထုတ်ပြန် ထားပါတယ်။

အချုပ်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ဝန်ထမ်းအင်အား၊ လုံခြုံရေးအင်အားကို အဆင့်မြှင့်ခြင်းမရှိဘူး။ လိုအပ်ချက်အရ ရှိမြဲအတိုင်း၊ နေမြဲအတိုင်းကို ဆက်လက်ထားမယ်ဆိုရင် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက အဲ့ဒီမှာ တာဝန်ကျရဲတပ်ဖွဲ့တွေရဲ့ လုံခြုံရေးကို ဘယ်လို အာမခံမှာလည်းဆိုတာ မေးခွန်း ထုတ်စရာပါ။ နိုင်ငံရေးပါတီတိုင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခံစားခွင့်၊ ရဲတပ်ဖွဲ့ဝင်တွေအပေါ် ရှိနေတဲ့ တည်ဆဲဥပဒေ တွေ လိုအပ်တာတွေကို လွှတ်တော်တွင်း လွှတ်တော်ပြင်ပကနေ စာနာကူညီဆောက်ရွက်ပေးကြဖို့ လိုအပ်နေပါ ပြီ။

Photo – Credit

#PeopleMedia #ရခိုင်ပြည်နယ်


Share this post