• Follow Us on

Home နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ ငွေတု ရောင်းဝယ်ရေးလုပ်ငန်း ပုံသဏ္ဍန်မျိုးစုံဖြင့် ဖြစ် ပေါ်နေ

နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ ငွေတု ရောင်းဝယ်ရေးလုပ်ငန်း ပုံသဏ္ဍန်မျိုးစုံဖြင့် ဖြစ် ပေါ်နေ

Share this post

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

 

လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ လောဘသားများသည် လူမှု ကွန်ယက်၌ ငွေစက္ကူအတုများ အရောင်းအဝယ် ပြုလုပ်လျက်ရှိသလို အများပြည်သူ ပါဝင်လာစေရန်လည်း နည်းလမ်းမျိုးစုံးဖြင့် စည်းရုံးလျက်ရှိနေသည်။

 

ငွေအတုရောင်းဝယ်ရေးနာမည်ဖြင့် 09651660861၊ ငွေအတုလုပ်ငန်းအမည်ဖြင့် 09693944889၊ ငွေအတု ရောင်းဝယ်ဖြန့်ဖြူးရေးအမည်ဖြင့် 09778249350၊ ငွေအတုရောင်းဝယ်ရေး 09699646051၊ ငွေအတုရောင်း ဝယ်ရေးကုမ္ပဏီလီမိတက်အနေဖြင့် 09423327890 TTW ငွေအတုရောင်းဝယ်ရေးအမည်ဖြင့် 09441622234၊ အောင်ကောင်းမာန် ငွေအတုရောင်းဝယ်ဖြန့်ဖြူးရေးအမည်ဖြင့် 09 681664046၊ 09 674293721 စသည့် ဖုန်း နံပါတ်များနှင့် အကောင့်များကို အသုံးပြုကာ ဆောင်ရွက်နေခြင်းဖြစ်သည်။

 

အဆိုပါ လူမှုကွန်ယက်စာမျက်နာများ၌ ကျပ်ငွေ အစစ် ၁ သိန်းကျပ်လျှင် ကျပ်ငွေ အတု ၁၀ သိန်းကျပ်နှုန်းဖြင့် လဲလှယ်ကာ ပြုလုပ်နိုင်ကြောင်း ကြေငြာထားသည်။ ယခင်က အဆိုပါကဲ့သို့ ငွေတုရောင်းဝယ်ရေးသည် လူမှု ကွန်ယက်၌ မတွေ့မြင်ရသော်လည်း လက်ရှိ၌ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးကြပ်တည်းမှုပေါ်တွင် အခွင့်ကောင်းယူ၍ ငွေတု ရောင်းချသည့်လုပ်ငန်းသည် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာလျက်ရှိသည်။

 

“ကျွန်တော်အဲ့ဒီလို တစ်ခါမှာဖူးပါတယ်။ ငွေမလွှဲခင်က သေသေချာချာ ပြောပြီးတော့ လွှဲပေးပါမယ်။ ဘာညာ ပြောပြီးတော့ တကယ်တန်း ငွေလွှဲပြီးတဲ့အခါမှာ အကောင့်ကို Block လုပ်တာမျိုးတွေရှိတယ်။ ဖုန်းကို Blacklist လုပ်လိုက်တာမျိုးတွေရှိတယ်။ ဒါမျိုးတွေက ဘယ်မှတိုင်လို့မရတဲ့အခါကျတော့ ဒါကို အခွင့်ကောင်းယူပြီးတော့ လုပ်နေတာ” ဟု ကိုမိုးထက်က ပြောဆိုသည်။

 

လက်ရှိအချိန်၌ လူမှုကွန်ယက်ပေါ်၌ လှုပ်ရှားနေသော ငွေတု ရောင်းဝယ်ရေးကို အစိုးရအနေဖြင့် ထိထိ ရောက်ရောက် ကိုင်တွယ်ရန် လိုအပ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းမပြုလျှင် ပြည်သူများအတွက် ကြီးမားသော ရိုက်ခက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးပါတီအချို့က ပြောသည်။

 

“အမှန်ကတော့ မြန်မာငွေကြေးကို ဖောင်းပွမှုဖြစ်အောင် ငွေကြေးကို ပုံဖျက်နေတာ။ အာဏာထိမ်းဖြစ်စဉ်ကို သိတဲ့အခါမှာ ဘာမှမရနိုင်အောင် ပြီးခဲ့တဲ့ အစိုးရက ဘဏ်တွေကို ကမောင့်ကမ ဖြစ်အောင်ထားခဲ့တယ်။ ငွေကြေးအရှုပ်အရှင်းတွေကို အများကြီးထားခဲ့တယ်။ ဒါကို လက်ရှိအစိုးရက ကိုင်တွယ်နိုင်တယ်။ ဒါကို သိတဲ့ အတွက် ငွေကြေးနဲ့ပတ်သက်ပြီးတော့ ကိုင်တွယ်ဖို့ခက်အောင် အပြင်မှာ ငွေအခက်အခဲဖြစ်နေတဲ့သူတွေ ဒုက္ခ များပြီးတော့ စိုးရိမ်စိတ်များလာအောင် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာစောင့် ကြည့်သူ ကိုအောင်ဖြိုးကျော်က ပြောပါတယ်။

 

အချို့သော နယ်များတွင် ပွဲစားများသည် ကျွဲ၊ နွား အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေအတုနှင့်အစစ် ရောနှော၍ ပေးချေမှုများ ပြုလုပ်နေခြင်းမှုများရှိနေကြောင်း နိုင်ငံရေးပါတီအချို့က ပြောဆိုလျက်ရှိနေသည်။

 

#PeopleMedia #ငွေအတု #လူမှုကွန်ယက်

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 



Share this post