• Follow Us on

Home နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းက ချောင်းဆုံမြို့နယ်ရှိ NLD ပါတီ မြို့နယ်ရုံး မိုင်းခွဲဖျက်ဆီးခံရ

နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းက ချောင်းဆုံမြို့နယ်ရှိ NLD ပါတီ မြို့နယ်ရုံး မိုင်းခွဲဖျက်ဆီးခံရ

Share this post

မော်လမြိုင်၊ နိုဝင်ဘာ ၁၃ (People Media)

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြို့နယ် NLD ပါတီရုံးသည် နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။

 

ထိုကဲ့သို့ NLD ပါတီရုံး မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် NLD ပါတီရုံး အဆောက်အဦးသည် ပျက်ဆီးမှု ပြင်းထန်ခဲ့ တယ်လို့ ဒေသခံများက ပြောပါတယ်။

 

“ညဦးပိုင်းမှာ ပေါက်ကွဲသံကြားတာ။ မနက်ပိုင်းမှာ NLD ရုံးဆိုတာ သိရတာ။ အဆောက်အဦးက တော်တော် ပျက်စီးသွားတယ်။ NLD ရုံးနဲ့ကပ်လျက်ရှိတဲ့ နေအိမ်အချို့လည်း ထိခိုက်မှုရှိသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဖောက်ခွဲဖျက်ဆီးခံရသည့် NLD မြို့နယ်ရုံးသည် ချောင်းဆုံမြို့နယ်၊ မြို့မရဲစခန်းအနီး၌ ရှိသော ရုံးဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။ အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ NLD ပါတီရုံးအချို့ ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #ချောင်းဆုံမြို့ #NLD

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post