• Follow Us on
Latest News

Home နျူကလီယားဗုံးကြဲလေယာဉ်အပါအဝင် တရုတ်လေယာဉ် ၇၇ စင်း ထိုင်ဝမ်လေပိုင်နက်သို့ ကျူးကျော်ခဲ့ပြီး နောက် ရန်စကျူုးကျော်မှုများရပ်တန့်ရန် တရုတ်ကို အမေရိကန်သတိပေး

နျူကလီယားဗုံးကြဲလေယာဉ်အပါအဝင် တရုတ်လေယာဉ် ၇၇ စင်း ထိုင်ဝမ်လေပိုင်နက်သို့ ကျူးကျော်ခဲ့ပြီး နောက် ရန်စကျူုးကျော်မှုများရပ်တန့်ရန် တရုတ်ကို အမေရိကန်သတိပေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄ (People Media)

 

နျူကလီးယားဗုံများကြဲချနိုင်သည့် ဗုံးကြဲလေယာဉ်များအပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တိုက်လေယာဉ် အစင်း ၁၀၀ နီးပါး ရက်သတ္တပတ်တစ်ပတ်အတွင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအ တွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ရန်စကျူးကျော်မှုများကို ရပ်တန့်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်သည်။

 

တရုတ်လေယာဉ် ၃၉ စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းသို့ အောက်တိုဘာ ၂ ရက်နေ့က ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

 

ကျူးကျော်ဝင်ရောက်လာသောလေယာဉ်များတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်နှင့် အေဝပ်လေယာဉ် အပါအဝင် J-16 တိုက်လေယာဉ်များနှင့် Su-30 တိုက်လေယာဉ်များပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနကပြောသည်။ အောက်တိုဘာ ၁ ရက်နေ့က ကျူးကျော်မှုတွင် H-6 ဗုံးကြဲလေယာဉ်များပါဝင်သော်လည်း အဆိုပါဗုံးကြဲလေယာဉ်များတွင် ဗုံးများတပ်ဆင်ချိတ်ဆွဲထားခြင်းရှိမရှိ မသိရပေ။

 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်နိုင်ငံအနီးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရန်စမှုအသွင်ဆောင်နေ တဲ့ စစ်ရေးလှုပ်ရှားမှုအတွက် အလွန်ကို စိုးရိမ်ပူပန်မိပါတယ်။ အဲဒီလှုပ်ရှားမှုဟာ မတည်မငြိမ်ဖြစ်အောင် လုပ် တာ၊ အန္တရာယ်ရှိတဲ့အတွက်မှားမှုတွေကိုလုပ်နေတာဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုတွေကိုလည်း လျော့ပါးလာအောင် ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

 

ထိုင်ဝမ်နိုင်ငံသည် တရုတ်ပြည်မကြီးကမ်းရိုးတန်းနှင့် မိုင် ၁၀၀ ဝန်းကျင်ဝေးကွာပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက် အုပ်ချုပ်နေသော နိုင်ငံတစ်ခုဖြစ်သည်။ တရုတ်ပြည်တွင်းစစ်ကာလတွင် တရုတ်ပြည် မကြီးမှ ကူမင်တန်ပါတီ (တရုတ်ဖြူ) ကို ထိုစဉ်ကအာဏာရကွန်မြူနစ်တရုတ်အစိုးရက မောင်းထုတ်လိုက်ပြီး နောက် ၁၉၄၉ ခုနှစ်တွင် ခေတ်သစ်ကျွန်းနိုင်ငံထိုင်ဝမ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်ပေးထားသော ထိုင်ဝမ်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမ ဟုတ်ပေ။ ထိုင်ဝမ်နိုင်ငံကို လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံကသာ အသိ အမှတ်ပြုထားသည်။ အမေရိကန်ပြည်ထောင်စုသည် အဆိုပါ ၁၅ နိုင်ငံတွင် ပါဝင်သောနိုင်ငံမဟုတ်ပေ။ သို့ သော် အမေရိကန်နှင့် ထိုင်ဝမ်သည် နှစ်နိုင်ငံ ကောင်စစ်ဝန် အပြန်အလှန်ထားရှိသောနိုင်ငံဖြစ်သည်။ အမေ ရိကန်အစိုးရသည် ထိုင်ဝမ်နိုင်ငံအား တရုတ်နိုင်ငံ၏ ကျူးကျော်မှုမှ အကာအကွယ်ပေးမည်ဖြစ်ကြောင်း ကတိ ပြုထားသည့် နိုင်ငံဖြစ်သည်။

 

တရုတ်နိုင်ငံကမူ ထိုင်ဝမ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံကို စစ်ရေးအရကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်ထားသည့်အလားအလာရှိနေကြောင်းတွေ့ရသည်။

 

“တရုတ်နိုင်ငံအနေနဲ့ စစ်ရေးအရ၊ သံတမန်နည်းလမ်းအရ၊ စီးပွားရေးအရ ဖိအားပေးမှုတွေနဲ့ ခြိမ်းခြောက် အ ကျပ်ကိုင်မှုတွေကို ရပ်တန့်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ရေ လက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ပတ်သက်ပြီး စွဲမြဲခိုင်မာစွာ စိတ်ဝင်စားလျက်ရှိပါတယ်။ ထိုင်ဝမ်နိုင်ငံ ကိုယ့် ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့အတွက် ထိန်းသိမ်းဆောင်ရွက်ရာမှာ အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို ဆက်လက် ပံ့ ပိုးကူညီသွားမှာပဲဖြစ်ပါတယ်” ဟု နက်ဒ်ပရိုက်စ်က အောက်တိုဘာ ၃ ရက်နေ့ကပြောသည်။

 

Ref: US warns China to stop provoking Taiwan after Beijing sent 77 aircraft including nuclear bombers into island’s airspace: State Department says it has ‘rock solid’ commitment to protecting its ally

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: US warns China to stop provoking Taiwan after Beijing sent 77 aircraft including nuclear bombers into island’s airspace: State Department says it has ‘rock solid’ commitment to protecting its ally

 

#PeopleMedia


Share this post