• Follow Us on

Home ႏ်ဴကလီးယားစခန္းေတြကို အီရန္၀င္ခြင့္မျပဳဘူးလို႔ ကုလသမဂၢႏ်ဴကလီး ယားေစာင့္ၾကည့္ေရးအဖြဲ႕ေျပာ

ႏ်ဴကလီးယားစခန္းေတြကို အီရန္၀င္ခြင့္မျပဳဘူးလို႔ ကုလသမဂၢႏ်ဴကလီး ယားေစာင့္ၾကည့္ေရးအဖြဲ႕ေျပာ

Share this post

ဗီယင္နာ၊ ဇြန္ ၆

ေအဂ်င္စီသြားခ်င္တဲ့စခန္းေတြကို အီရန္က ဆက္တိုက္၀င္ခြင့္မျပဳတာေၾကာင့္ ျပင္းျပင္းထန္ထန္စိုးရိမ္မိတယ္လို႔ ကုလသမဂၢႏ်ဴကလီးယားေစာင့္ၾကည့္ေရးေအဂ်င္စီကေျပာပါတယ္။

သံသယ႐ွိတဲ့ေနရာ ၂ ေနရာကို စစ္ေဆးခ်င္ေပမဲ့ အီရန္က ၄ လ ေက်ာ္ၾကာေအာင္ ပိတ္ဆို႔ထားတယ္လို႔ ႏိုင္ငံ တကာအႏုျမဴစြမ္းအင္ေအဂ်င္စီ IAEA ကေျပာပါတယ္။

၂၀၁၅ ခုႏွစ္က ႏ်ဴကလီးယားရည္မွန္းခ်က္ကို ရပ္လိုက္ဖို႔ အီရန္ကတိမျပဳခင္ ကာလအေတာ္ၾကာေအာင္ အဲဒီ ေနရာေတြမွာ လႈပ္႐ွားမႈ႐ွိေနတာလို႔ ယူဆရပါတယ္။ အီရန္ႏိုင္ငံရဲ႕ၾကြယ္၀တဲ့ယူေရနီယံသိုေလွာင္မႈဟာ သတ္ မွတ္ထားတာထက္ ေက်ာ္လြန္ေနၿပီလို႔ IAEA ကေျပာပါတယ္။

မထုတ္ျပန္ရေသးတဲ့အစီရင္ခံစာမွာပါေနတဲ့ေတြ႕႐ွိခ်က္ေတြကို အခုလလယ္မွာ ေအဂ်င္စီက ေဆြးေႏြးမယ္လို႔ ခန္႔မွန္းထားပါတယ္။

၂၀၁၅ ခုႏွစ္က အီရန္ႏ်ဴကလီးယားသေဘာတူစာခ်ဳပ္ JCPOA ကေန ၂၀၁၈ ခုႏွစ္မွာ အီရန္နဲ႔အေမရိကန္တို႔ ႏုတ္ထြက္ခဲ့ၿပီးေနာက္ တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာ အခုျဖစ္ရပ္ျဖစ္လာတာပါ။

ႏ်ဴကလီးယားလက္နက္ေတြထုတ္လုပ္ဖို႔စီစဥ္ေနတယ္ဆိုတာမဟုတ္ဘူးလို႔ အီရန္က ျငင္းဆိုထားၿပီး သူတို႔ရဲ႕ အစီအစဥ္ေတြက ၿငိမ္းခ်မ္းတယ္လို႔လည္း ေျပာထားပါတယ္။

Ref : Iran blocking sites access, UN nuclear watchdog says

#PeopleMedia

(unicode)
နျူကလီးယားစခန်းတွေကို အီရန်ဝင်ခွင့်မပြုဘူးလို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ပြော
……………………………………………………

ဗီယင်နာ၊ ဇွန် ၆

အေဂျင်စီသွားချင်တဲ့စခန်းတွေကို အီရန်က ဆက်တိုက်ဝင်ခွင့်မပြုတာကြောင့် ပြင်းပြင်းထန်ထန်စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအေဂျင်စီကပြောပါတယ်။

သံသယရှိတဲ့နေရာ ၂ နေရာကို စစ်ဆေးချင်ပေမဲ့ အီရန်က ၄ လ ကျော်ကြာအောင် ပိတ်ဆို့ထားတယ်လို့ နိုင်ငံ တကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကပြောပါတယ်။

၂၀၁၅ ခုနှစ်က နျူကလီးယားရည်မှန်းချက်ကို ရပ်လိုက်ဖို့ အီရန်ကတိမပြုခင် ကာလအတော်ကြာအောင် အဲဒီ နေရာတွေမှာ လှုပ်ရှားမှုရှိနေတာလို့ ယူဆရပါတယ်။ အီရန်နိုင်ငံရဲ့ကြွယ်ဝတဲ့ယူရေနီယံသိုလှောင်မှုဟာ သတ် မှတ်ထားတာထက် ကျော်လွန်နေပြီလို့ IAEA ကပြောပါတယ်။

မထုတ်ပြန်ရသေးတဲ့အစီရင်ခံစာမှာပါနေတဲ့တွေ့ရှိချက်တွေကို အခုလလယ်မှာ အေဂျင်စီက ဆွေးနွေးမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၅ ခုနှစ်က အီရန်နျူကလီးယားသဘောတူစာချုပ် JCPOA ကနေ ၂၀၁၈ ခုနှစ်မှာ အီရန်နဲ့အမေရိကန်တို့ နုတ်ထွက်ခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။

နျူကလီးယားလက်နက်တွေထုတ်လုပ်ဖို့စီစဉ်နေတယ်ဆိုတာမဟုတ်ဘူးလို့ အီရန်က ငြင်းဆိုထားပြီး သူတို့ရဲ့ အစီအစဉ်တွေက ငြိမ်းချမ်းတယ်လို့လည်း ပြောထားပါတယ်။

Ref : Iran blocking sites access, UN nuclear watchdog says

#PeopleMedia


Share this post